1
အို သော် ဖိ လု မင်း မြတ်၊ ငါ တို့ တွင် ဖြစ် ပျက် ခဲ့ သော အ ကြောင်း အ ရာ များ ကို မူ လ ရင်း မျက် မြင် သက် သေ အ ဖြစ်၊ သ တင်း တော် မြတ် ဆိုင် ရာ အ မှု တော် ဆောင် တို့ ပြန် ကြား သည့် အ လျောက် လူ အ များ တို့ သည် စီ ကုံး ရေး သား ရန် ကြိုး စား ကြ သည် ကို ထောက်၍၊
2
3
အ စ က ပင် သေ ချာ စွာ စီ စစ် ဖူး သူ အ ကျွန်ုပ် လည်း၊ ကိုယ် တော် သွန် သင် ခံ ရာ များ ဟုတ် မှန် ခြင်း အ ကြောင်း သိ စေ အံ့ သော ငှါ။ ကိုယ် တော့် ထံ အ စီ အ စဉ် ရေး သား မည် ဟု သ ဘော ရ ပါ၏။
4
5
ယု ဒ ဘု ရင် ဟေ ရုဒ် မင်း လက် ထက် အ ဘိ ယ အ နွယ်၏ အ လှည့် ပါ ဝင် သူ၊ ဇာ ခ ရိ အ မည် ရှိ သော ပ ရော ဟိတ် တစ် ပါး ရှိ၏။ မ ယား မှာ၊ အာ ရုန့် အ နွယ် အ မည် ဧ လိ ရှ ဗက် တည်း။
6
ထို သူ နှစ် ဦး လုံး သည် ထာ ဝ ရ ဘု ရား၏ မိန့် မှာ ချက်၊ စီ ရင် ချက် တော် ရှိ သ မျှ အ တိုင်း၊ အ ပြစ် မဲ့ လိုက် လျှောက် လျက် ဘု ရား သ ခင့် ရှေ့ တော် တွင် ဖြောင့် မတ် သူ ဖြစ် ကြ၏။
7
ဧ လိ ရှ ဗက် သည် မြုံ၍၊ ထို သူ တို့ တွင် သား မ ရှိ၊ နှစ် ဦး လုံး ပင် အ သက် ကြီး ရင့် လှ ပြီ။
8
ဇာ ခ ရိ သည် အ လှည့် ကျ အ တိုင်း၊ ဘု ရား သ ခင့် ရှေ့ တော် တွင်၊ ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် စဉ်။
9
ပ ရော ဟိတ် တို့ ထုံး စံ အ လိုက် စာ ရေး တံ ကျ သ ဖြင့် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော့် အ တွင်း ဝင်၍ နံ့ သာ ပေါင်း ကို တင် ရှို့ ရ၏။
10
တင် ရှို့ သည့် အ ချိန် နာ ရီ တွင် လူ ပ ရိ သတ် ရှိ သ မျှ သည် ပြင် က ဆု တောင်း လျက် ရှိ နေ ကြ၏။
11
ထို အ ခါ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် ယာ ဘက် တွင် ထာ ဝ ရ ဘု ရား၏ စေ တ မန် တစ် ပါး ရပ် တန့် ထင် ရှား သည် ကို ဇာ ခ ရိ မြင်၍၊
12
နှ လုံး မ သာ ကြောက် ရွံ့ သော်၊
13
စေ တ မန် တော် က၊ အို ဇာ ခ ရိ၊ မ ကြောက် နှင့်။ သင့် အ သ နား တော် ခံ ချက် ကို နား ညောင်း တော် မူ ပြီ။ မ ယား ဧ လိ ရှ ဗက် သည် သား ယောက်ျား ဖွား မြင် လိမ့် မည်။ ထို သား ကို ယော ဟန် ဟု အ မည် မှည့် လော့။
14
သင်၌ အား ရ ဝမ်း မြောက် ခြင်း ရှိ သည့် ပြင် သူ ငယ် ဖွား မြင် ခြင်း ကြောင့် လူ အ များ တို့ ဝမ်း မြောက် ရ ကြ လိမ့် မည်။
15
သူ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကြီး မြတ်၍ စ ပျစ် ရည် နှင့် သေ ရည် သေ ရက် ကို မ သောက် ရ ဘဲ အ မိ ဝမ်း တွင်း က ပင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လိမ့် မည်။
16
ဣ သ ရေ လ အ မျိုး သား အ များ ကို ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပြန် စေ သည့် ပြင်၊
17
အ ဘ တို့ ကို သား တို့ နှင့် သ ဘော တူ စေ လျက် နား မ ထောင် သူ တို့ ကို သူ တော် ကောင်း တို့ အ သိ ပ ညာ သို့ ဝင် စေ လျက် ထာ ဝ ရ ဘု ရား အ ဖို့ လူ တစ် မျိုး ကို အ သင့် ပြင် ဆင် အံ့ သော ငှါ ဧ လိ ယ၏ ဝိ ညာဉ် နှင့် တန် ခိုး ကို ဆောင်၍ ရှေ့ တော် က သွား ရ လိမ့် မည် ဟု ဆို ရာ၊
18
ဇာ ခ ရိ က၊ အ ကျွန်ုပ် သည် လူ အို ဖြစ် ပါ သည်။ မ ယား လည်း အ သက် ကြီး ရင့် လှ ပြီ ဖြစ် လျက် ထို သို့ ဖြစ် မည် ကို မည် သို့ သိ ရ ပါ အံ့ နည်း ဟု မေး လျှောက် လျှင်၊
19
စေ တ မန် တော် က၊ ငါ သည် ဘု ရား သ ခင့် မျက် မှောက် တော် တွင် ခ စား ရ သော ဂါ ဗြေ လ ဖြစ် သည်။ ဤ ဝမ်း မြောက် ဖွယ် သ တင်း ကို၊ သင့် အား ကြား ပြော ကြော် ငြာ စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် သည်။
20
နား ထောင် လော့။ အ ချိန် တန် သည့် ကာ လ ပြည့် စုံ ရ မည့် ငါ့ စ ကား ကို မ ယုံ သော ကြောင့် ထို သို့ ဖြစ် ပျက် သည့် နေ့ မ တိုင် မ ချင်း သင် သည် စ ကား မ ပြော နိုင် ဘဲ အ လျက် နေ ရ မည် ဟု မြွက် ဆို၏။
21
ဇာ ခ ရိ ကို စောင့် လျက်၊ ဗိ မာန် တော် တွင် ကြန့် ကြာ သည် ကို အံ့ သြ ကြ သော လူ ပ ရိ သတ် သည် ဇာ ခ ရိ ထွက် လာ သော အ ခါ၊
22
စ ကား မ ပြော နိုင် သည် ကို ထောက်၍ ဗိ မာန် တော် တွင် ရူ ပါ ရုံ မြင် ခဲ့ ရ ကြောင်း သိ မြင် ကြ၏။
23
ဇာ ခ ရိ လည်း အ လျက်၊ လက် ရိပ် ပြ လျက် အ မှု တော် ဆောင် ရက် စေ့ ကုန် မှ အိမ် သို့ ပြန် လေ၏။
24
ထို နောက် မ ယား ဧ လိ ရှ ဗက် သည် သန္ဓေ ယူ၍ ငါ၌ လူ တို့ ကဲ့ ရဲ့ ရန် အ ကြောင်း ကို ငါ့ အား ကြည့် ရှု၍ နုတ် ပယ် တော် မူ သော နေ့ ရက် ကာ လ တွင် ထာ ဝ ရ ဘု ရား သည် ဤ သို့ ပြု စု တော် မူ ပြီ ဟု ဆို လျက် ငါး လ ပုန်း အောင်း၍ နေ၏။
25
26
ဆ ဌ မ လ တွင် ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ နေ ဒါ ဝိဒ် မင်း အ နွယ် ယော သပ် ဆို သူ နှင့် ထိမ်း မှန်း ထား သော အ ပျို က ညာ မာ ရိ ထံ ဘု ရား သ ခင် လွှတ် တော် မူ သည့် အ တိုင်း စေ တ မန် တော် ဂါ ဗြေ လ ရောက် လာ သော်၊
27
28
ကျေး ဇူး တော် မြတ် ကို ခံ ရ သော သင်၌ မင်္ဂ လာ ရှိ စေ သော။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ သည် ဟု မြွက် ဆို လျှင်၊
29
မာ ရိ သည် ထို စ ကား ကြောင့် နှ လုံး မ သာ ဖြစ်၍ ထို နှုတ် ဆက် ခြင်း အ ဓိ ပ္ပါယ် ကို ဆင် ခြင် လျက် နေ စဉ်၊
30
စေ တ မန် တော် က အို မာ ရိ၊ မ ကြောက် နှင့်။ သင် သည် ဘု ရား သ ခင့် ရှေ့ တော်၌ မျက် နှာ သာ ရ ပြီ။
31
နား ထောင် လော့။ သင် သည် သ န္ဓေ ယူ၍ သား ယောက်ျား ကို ဖွား မြင် သ ဖြင့် ယေ ရှု ဟု မှည့် ရ မည်။
32
ထို သူ သည် ကြီး မြတ်၍ မြင့် မြတ် သော အ ရှင်၏ သား တော် ဟု အ ခေါ် ခံ လျက် သူ့ အ ဘ ဒါ ဝိဒ် မင်း၏ နန်း မွေ ကို ထာ ဝ ရ ဘု ရား သ ခင် ပေး တော် မူ သ ဖြင့်၊
33
ယာ ကုပ် အ နွယ် ပေါ် တွင် ကာ လ အ စဉ် အုပ် စိုး ၍ အ ဆုံး မဲ့ နိုင် ငံ တော် ကို ပိုင် ရ လိမ့် မည် ဟု မြွက် ဆို ၏။
34
မာ ရိ က လည်း ထို အ တိုင်း မည် သို့ ဖြစ် နိုင် ပါ အံ့ နည်း။ ကျွန် မ သည် ယောက်ျား နှင့် မ ဆက် ဆံ ပါ ဟု လျှောက် ဆို သော်၊
35
စေ တ မန် တော် က၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည်၊ သင့် အ ပေါ် သို့ ဆင်း သက်၍။ မြင့် မြတ် သော အ ရှင်၏ တန် ခိုး တော် လည်း၊ လွှမ်း မိုး လိမ့် မည်။ ထို ကြောင့် ဖွား မည့် သူ ငယ် သည် သန့် ရှင်း သော အ ရှင်၊ ဘု ရား သ ခင့် သား တော် ဟု အ ခေါ် ခံ ရ လ တ္တံ့။
36
နား ထောင် ဦး လော့။ သင့် ဆွေ မျိုး ဧ လိ ရှ ဗက် လည်း အ သက် ကြီး ရင့် လျက် ပင် သား ယောက်ျား သ န္ဓေ ယူ၍ မြုံ သော မိန်း မ ဟု ခေါ် ကြ သော သူ၌ ယ ခု ခြောက် လ ရ ပြီ။
37
ဘု ရား သ ခင် မ တတ် နိုင် သော အ မှု တစ် စုံ တစ် ရာ မျှ မ ရှိ ဟု ပြန် ဆို လျှင်၊
38
မာ ရိ က၊ ကျွန် မ သည် ထာ ဝ ရ ဘု ရား၏ ကျွန် မ ဖြစ် ပါ သည်။ အ ရှင့် စ ကား အ တိုင်း ဖြစ် ပါ စေ တော့ ဟု ဝန် ခံ ပြီး နောက် စေ တ မန် တော် ထွက် သွား ၏။
39
ထို ကာ လ မာ ရိ သည် ထ၍ ယု ဒ ခင် တန်း ရှိ မြို့ တစ် မြို့ သို့ အ လျင် အ မြန် သွား လျက်
40
ဇာ ခ ရိ အိမ် သို့ ဝင် ပြီး လျှင် ဧ လိ ရှ ဗက် ကို နှုတ် ဆက်၏။
41
မာ ရိ နှုတ် ဆက် စ ကား ကို ဧ လိ ရှ ဗက် ကြား သော် ဝမ်း လွယ် က လေး ခုန် ရာ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လာ သော ဧ လိ ရှ ဗက် က၊
42
မိန်း မ တ ကာ တို့ ထက် သင်၌ မင်္ဂ လာ ရှိ၏။ သင် ဖွား အံ့ သော သား၌ လည်း မင်္ဂ လာ ရှိ၏။
43
ကျွန် မ အ ရှင်၏ မယ် တော် သည် ကျွန် မ ထံ ရောက် လာ သည် မှာ အ သို့ ပါ နည်း။ သင့် နှုတ် ဆက် သံ သည်၊
44
ကျွန် မ၏ နား သို့ ရောက် မိ လျှင် ဝမ်း လွယ် က လေး ရွှင် လန်း စွာ ခုန် ပါ သည် တ ကား။
45
ထာ ဝ ရ ဘု ရား ထံ မှ ဆင့် ဆို ချက် ပြည့် စုံ မည် ကို ယုံ ကြည် ပြီး ဖြစ် သော သင်၌ မင်္ဂ လာ ရှိ သည် ဟု အ သံ ကျယ် စွာ ဟစ် လျက် မြွက် ဆို၏။
46
ထို အ ခါ မာ ရိ က ကိုယ် တော့် ကျွန် မ၏ နိမ့် ကျ သော အ ခြေ အ နေ ကို ကြည့် ရှု တော် မူ သော ကြောင့် ငါ သည်၊ ထာ ဝ ရ ဘု ရား ကို မ နော ဖြင့် ချီး မြှောက် လျက် ကယ် တင် ရှင် ဘု ရား သ ခင်၌ စိတ် ရွှင် လန်း ပါ၏။ တန် ခိုး ရှင် သည်၊ ငါ၌ အ မှု ကြီး များ ကို စီ ရင် တော် မူ သော ကြောင့် ငါ့ ကို မင်္ဂ လာ ရှိ သော သူ ဟု ယ ခု က စ၍ လူ မျိုး အ ဆက် ဆက် ခေါ်ဝေါ် ကြ လိမ့် မည်။
47
48
49
50
နာ မ တော် သန့် ရှင်း သည့် အ လျောက် ကိုယ် တော် ကို ခန့် ညား သူ လူ မျိုး အ ဆက် ဆက်၌ က ရု ဏာ တော် တည် ၏။
51
တန် ခိုး ကြီး သော အ မှု ကို လက် ရုံး တော် ဖြင့် စီ ရင် တော် မူ လျက် စိတ် မာ န ထောင် လွှား သူ တို့ ကို ခွဲ လွှင့် ခြင်း၊
52
ဘု ရင် မင်း တို့ ကို နန်း ချ၍ နိမ့် ကျ သူ တို့ ကို ချီး မြှောက် ခြင်း၊
53
မွတ် သိပ် သူ တို့ ကို မြိန် ရှက် ဖွယ် နှင့် ဝ စေ၍ ကြွယ် ဝ သူ တို့ ကို လက် ချည်း လွှတ် ခြင်း ပြု တော် မူ ပြီ။
54
အာ ဗြ ဟံ နှင့် သား စဉ် မြေး ဆက် တို့၌ ကာ လ အ စဉ် က ရု ဏာ ပြ မည် ဟု ဘိုး ဘေး တို့ အား ဗျာ ဒိတ် ပေး တော် မူ ခဲ့ သည့် အ တိုင်း က ရု ဏာ တော် ကို သ တိ ရ လျက်၊ အ စေ တော် ခံ ဣ သ ရေ လ ကို မ စ တော် မူ ပြီ ဟူ၍ မြွက် ဆို၏။
55
56
ထို နောက် မာ ရိ သည် ဧ လိ ရှ ဗက် နှင့် သုံး လ ခန့် အ တူ နေ ပြီး မှ အိမ် သို့ ပြန် သွား၏။
57
ဧ လိ ရှ ဗက် သည် ဖွား ချိန် စေ့၍ သား ယောက်ျား ကို ဖွား မြင် သော်၊
58
က ရု ဏာ အ ထူး ကို ထာ ဝ ရ ဘု ရား ပြ တော် မူ ကြောင်း အိမ် နီး ချင်း နှင့် ဆွေ မျိုး သား ချင်း တို့ ကြား သိ သည့် ကာ လ အ တူ ဝမ်း မြောက် ကြ၏။
59
ရှစ် ရက် မြောက် သော နေ့ တွင် သူ ငယ် ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် ရောက် လာ ကြ သော် အ ဘ အ မည် အ လိုက်၊ ဇာ ခ ရိ ဟု မှည့် မည် ပြု ကြ ရာ အ မိ က၊ ထို သို့ မ ဟုတ်။
60
ယော ဟန် ဟူ၍ မှည့် ရ မည် ဟု ပြန် ဆို သော အ ခါ၊
61
သင့် ဆွေ မျိုး သား ချင်း တို့ တွင် ထို အ မည် တစ် ယောက် မျှ မ ရှိ ဟု ဆို ပြီး လျှင်၊
62
မည် သို့ မှည့် စေ လို ကြောင်း အ ဘ ကို လက် ရိပ် ပြ ကြ သော်၊
63
ပု ရ ပိုက် တောင်း၍ အ မည် မှာ ယော ဟန် တည်း ဟု ရေး သ ဖြင့် ရှိ သ မျှ တို့ အံ့ သြ ကြ၏။
64
ထို ခ ဏ ခြင်း တွင် သူ သည် နှုတ် ပွင့် လျက် လျှာ ပေါ့ လျက် ဘု ရား သ ခင်၏ ဂုဏ် တော် ကို ချီး မွမ်း မြွက် ဆို၏။
65
အိမ် နီး ချင်း အ ပေါင်း တို့ သည် ကြောက် ရွံ့ လျက် ယု ဒ ခင် တန်း တစ် လျှောက် ကြော် ငြာ သော ထို အ ကြောင်း အ ရာ ခပ် သိမ်း ကို၊
66
ကြား သော သူ တိုင်း နှ လုံး သွင်း၍ ထာ ဝ ရ ဘု ရား၏ လက် တော် သူ နှင့် အ တူ ရှိ သည် ကို မှတ် ယူ သ ဖြင့် ဤ သူ ကား မည် သို့ သော သူ ဖြစ် မည် နည်း ဟု ဆွေး နွေး ကြ၏။
67
ထို အ ခါ အ ဘ ဇာ ခ ရိ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဟော သည် မှာ၊
68
လူ မျိုး တော် ကို အ ကြည့် အ ရှု ကြွ လာ လျက် ရွေး နုတ် ခြင်း အ မှု ကို စီ ရင် တော် မူ သော ဣ သ ရေ လ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၌ မင်္ဂ လာ ရှိ ပါ စေ သော။
69
ကြောက် မက် ဖွယ် ဘေး နှင့် ရန် သူ တို့ လက် မှ ငါ တို့ လွတ် မြောက်၍ အ သက် ထက် ဆုံး မျက် မှောက် တော် တွင် သန့် ရှင်း ဖြောင့် မတ် စွာ ဝတ် ပြု ခွင့် ရ ရှိ စေ အံ့ သော ငှါ ကိုယ် တော် သည် ရန် သူ တို့ နှင့် မုန်း ထား သူ အ ပေါင်း တို့ လက် မှ ငါ တို့ ကို ကယ် လွှတ် တော် မူ လျက် ဘိုး ဘေး တို့၌ က ရု ဏာ ပြ တော် မူ လျက် အ ဘ အာ ဗြ ဟံ အား သစ္စာ ထား သည့် သန့် ရှင်း သော ပ ဋိ ညာဉ် တော် ကို သ တိ ရ တော် မူ လျက် သန့် ရှင်း သူ ရှေး ပ ရော ဖက် တို့ နှုတ် ဖြင့် က တိ ပေး တော် မူ သည့် အ တိုင်း အ စေ တော် ခံ ဒါ ဝိဒ် မင်း အ နွယ် တွင် ငါ တို့ အ ဖို့ ကယ် တင် ခြင်း ဦး ချို ကို ပေါက် ထွက် စေ တော် မူ ပြီ။
70
71
72
73
74
75
76
အို သူ ငယ် သင် သည် မြင့် မြတ် သော အ ရှင်၏ ပ ရော ဖက် ဘွဲ့ ကို ခံ၍ မှောင် ကျ ရာ သေ မင်း အ ရိပ် တွင် ထိုင် နေ သူ တို့ အ ပေါ် သို့ အ ရောင် တက် ခြင်း ငြိမ် သက် ရာ လမ်း ထဲ သို့ ငါ တို့ ခြေ လှမ်း လှည့် ခြင်း ပြု ရန် ဘ ဝဂ် မှ နေ အ ရုဏ် သက် ရောက် စေ တော် မူ မည့် ငါ တို့ ဘု ရား သ ခင် အ သည်း စွဲ က ရု ဏာ ကြောင့် အ ပြစ် ဖြေ လွှတ်၍ ကယ် တင် ခြင်း ကျေး ဇူး ကို လူ မျိုး တော် သိ ကျွမ်း ခွင့် ရ စေ အံ့ သော ငှါ လမ်း တော် များ ကို ပြု ပြင် မည့် ထာ ဝ ရ ဘု ရား ရှေ့ တော် ပြေး ဖြစ် လ တ္တံ့ ဟူ၍ တည်း။
77
78
79
80
သူ ငယ် သည် ကြီး ပွား၍ စိတ် အား ကြီး လျက် ဣ သ ရေ လ လူ မျိုး အား ထင် ရှား သည့် နေ့ တိုင် အောင် တော၌ ရှိ နေ၏။