1
စု ရုံး သူ အ ပေါင်း တို့ သည် ထ၍ ပိ လတ် မင်း ရှေ့ သို့ ပို့ သွင်း ပြီး လျှင်၊
2
ဤ သူ သည် ကျွန် တော် တို့ လူ မျိုး ကို မှောက် မှား စေ လျက်၊ ကဲ သာ မင်း အား အ ခွန် မ ဆက် ရ ဟု မြစ် တား လျက်၊ ကိုယ် တိုင် ခ ရစ် တော် တည်း ဟူ သော ဘု ရင် မင်း ဖြစ် ကြောင်း ဆို လျက် နေ သည် ကို ကျွန် တော် တို့ တွေ့ ပါ သည် ဟု စွဲ ဆို ကြ၏။
3
ပိ လတ် မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ သင် ဆို သည့် အ တိုင်း တည်း ဟု ပြန်၍ မိန့် တော် မူ သော်၊
4
ပ ရော ဟိတ် ကြီး နှင့် လူ ပ ရိ သတ် အား ဤ သူ၌ ပြစ် မှု တစ် စုံ တစ် ရာ ငါ မ တွေ့ ဟု ပိ လတ် မင်း ဆို သည့် ကာ လ၊
5
ထို သူ တို့ က ဤ သူ သည် ဂါ လိ လဲ နယ် က စ၍ ဤ အ ရပ် ဒေ သ တိုင် အောင် ယု ဒ ပြည် လုံး နှံ့ ပြည် သူ ပြည် သား တို့ ကို သွန် သင်၍ ထ ကြွ စေ ပါ သည် ဟု တိုး တက် အား ကြီး စွာ စွဲ ဆို ကြ ၏။
6
ထို စ ကား ကို ပိ လတ် မင်း ကြား သော် ဂါ လိ လဲ နယ် သား ဟုတ် မ ဟုတ် မေး မြန်း ၍၊
7
ဟေ ရုဒ် မင်း ပိုင် နယ် မှ ဖြစ် ကြောင်း သိ လျှင် ထို နေ့ ရက် ကာ လ ယေ ရု ရှ လင် မြို့ တွင် တည်း နေ သော ဟေ ရုဒ် မင်း ထံ လွှဲ အပ် လိုက် ၏။
8
ဟေ ရုဒ် မင်း သည် အ ကြောင်း တော် ကို ကြား၍ ကာ လ ရှည် စွာ က ပင် တွေ့ မြင် လို သည် နှင့် နိ မိတ် လ က္ခ ဏာ တစ် ခု ခု ပြ တော် မူ မည် မြော် လင့် သော ကြောင့် ယေ ရှု ကို မြင် သော် အ လွန် ဝမ်း မြောက် လျက် များ စွာ မေး မြန်း လေ ၏။
9
သို့ သော် လည်း တစ် ခွန်း တစ် ပါ ဒ မျှ မိန့် ပြန် တော် မ မူ သည့် အ တွက်၊
10
ပ ရော ဟိတ် ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ ရပ် လျက်၊
11
အ ပြင်း အ ထန် စွဲ ဆို ကြ ရာ ဟေ ရုဒ် မင်း နှင့် ကိုယ် ရံ တော် တို့ သည် ကိုယ် တော် ကို မ ထီ လေး စား ပြု၍ သ ရော် လျက် အ ထူး အ ဆန်း ဆင် ယင် ပြီး လျှင် ပိ လတ် မင်း ထံ ပြန် ပို့ လိုက်၏။
12
ထို နေ့ တွင် လည်း အ ထက် က ရန် ဖက် ဖြစ် ဘူး သော ဟေ ရုဒ် မင်း နှင့် ပိ လတ် မင်း တို့ သည် အ ချင်း ချင်း မိတ် ဖြစ် ပြန် ကြ၏။
13
ထို အ ခါ ပ ရော ဟိတ် ကြီး များ၊ မင်း အ ရာ ရှိ များ နှင့် ပြည် သူ ပြည် သား တို့ ကို ဆင့် ခေါ်၍၊
14
ပိ လတ် မင်း က ပြည် သူ ပြည် သား တို့ အား မှောက် မှား စေ သူ အ ဖြစ် ဖြင့် ဤ သူ့ ကို ငါ့ ထံ သင် တို့ သွင်း ခဲ့ ရာ သင် တို့ ရှေ့ ငါ စစ် ဆေး သည့် ကာ လ စွဲ ဆို ကြ သည့် ပြစ် မှု တစ် စုံ တစ် ရာ မ တွေ့။
15
ဟေ ရုဒ် မင်း လည်း မ တွေ့ သည် နှင့် ငါ တို့ ထံ ပြန် ပို့ လေ ပြီ။ ဤ သူ သည် သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ကို မ ပြု ပါ တ ကား။
16
သို့ ဖြစ်၍ ရိုက် ဒဏ် ခတ် ပြီး လျှင် လွှတ် မည် ဟု ဆို သော်၊
17
-
18
ဤ သူ့ ကို ထုတ်၍ ဗာ ရ ဗ္ဗ ကို လွှတ် ပါ ဟု တစ် ပြိုင် နက် ဟစ် ကြ ကုန်၏။
19
ဗာ ရ ဗ္ဗ ကား မြို့ တော်၌ အ တွင်း မီး ထ မှု၊ လူ သတ် မှု များ ကြောင့် ထောင် ကျ သူ ဖြစ် သ တည်း။
20
တစ် ဖန် ပိ လတ် မင်း သည် ယေ ရှု ကို လွှတ် လို၍ ဖျောင်း ဖျ သော် လည်း၊
21
ကား တင် ပါ၊ ကား တင် ပါ၊ ဟု ဟစ် လျက် နေ ကြ၏။
22
တ တိ ယ အ ကြိမ် ပိ လတ် မင်း က အ ဘယ့် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း။ သေ ဒဏ် ခံ ထိုက် သော ပြစ် မှု ကို ငါ မ တွေ့။ ထို့ ကြောင့် ရိုက် ဒဏ် ခတ် ပြီး လျှင် လွှတ် မည် ဟု ဆို သည့် ကာ လ၊
23
ကိုယ် တော် ကို ကား တင် စေ ရန် အ သံ ကျယ် စွာ တိုက် တွန်း တောင်း ဆို၍ အ နိုင် ရ သ ဖြင့်၊
24
တောင်း ဆို ကြ သည့် အ တိုင်း ပိ လတ် မင်း သည် စီ ရင် ချက် ချ လျက်၊
25
သူ တို့ တောင်း သော အ တွင်း မီး ထ မှု၊ လူ သတ် မှု များ ကြောင့် ထောင် ကျ သူ့ ကို လွှတ်၍ ယေ ရှု ကို သူ တို့ အ လို သို့ အပ် လိုက်၏။
26
ကိုယ် တော် ကို ထုတ် သွား ကြ စဉ် ကျေး တော မှ လာ သော ကု ရေ နေ ပြည် သား ရှိ မုန် ကို ဖမ်း ပြီး လျှင် ကား တိုင် တော် ကို လွှဲ တင်၍ ယေ ရှု နောက် က အ ထမ်း ခိုင်း ကြ ၏။
27
မြောက် မြား သော ပြည် သူ ပြည် သား တို့ နှင့် ရင် တီး လျက် မြည် တမ်း သော မိန်း မ များ တို့ သည် နောက် တော် က လိုက် ကြ ရာ၊
28
လှည့် တော် မူ၍ ယေ ရှု က အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ငါ့ အ တွက် မ ငို ကြွေး ကြ လင့်။ ကိုယ့် အ တွက် နှင့် သား သ မီး တို့ အ တွက် သာ ငို ကြွေး ကြ လော့။
29
အ သို့ ဆို သော် မြုံ သော မိန်း မ၊ မ လွယ် ဘူး သော ဝမ်း၊ မ တိုက် ဘူး သော သား မြတ် များ၌ မင်္ဂ လာ ရှိ သည် ဟု ဆို ရ မည့် နေ့ ရက် ကာ လ ရောက် တော့ မည်။
30
ထို ကာ လ တောင် များ အား ငါ တို့ အ ပေါ် သို့ ပြို လဲ ကြ ပါ ဟူ၍လည်း ကောင်း၊ ကုန်း များ အား ငါ တို့ ကို ဖုံး အုပ် ကြ ပါ ဟူ၍လည်း ကောင်း ဆို ရ ကြ လ တ္တံ့။
31
သစ် ပင်၌ ထို သို့ ပြု ကြ လျှင် သစ် တုံး၌ မည် သို့ ဖြစ် မည် နည်း ဟု မိန့် တော် မူ၏။
32
လူ ဆိုး ဖြစ် သော အ ခြား နှစ် ယောက် ကို ကိုယ် တော် နှင့် အ တူ ကွပ် မျက် ရန် ထုတ် သွား လျက်၊
33
ဦး ခေါင်း ခွံ ခေါ် အ ရပ် သို့ ရောက် ကြ သော် ဝဲ ယာ တော်၌ တစ် ယောက် စီ ထို လူ ဆိုး တို့ နှင့် အ တူ ကိုယ် တော် ကို ကား တင် ကြ လျှင်၊
34
ယေ ရှု က အို အ ဘ၊ သူ တို့ ကို ချမ်း သာ ပေး တော် မူ ပါ။ ကိုယ် ပြု သော အ မှု ကို မ သိ ကြ ပါ ဟု မြွက် ဆို တော် မူ၏။ အ ဝတ် တော် များ ကို လည်း မဲ ချ၍ ခွဲ ဝေ ကောက် ယူ ကြ သ တည်း။
35
ပြည် သူ ပြည် သား တို့ ရပ် နေ ရှု ကြည့် ကြ စဉ် အ ရာ ရှိ တို့ က၊ သူ တစ် ထူး ကို သူ ကယ် သည် တ ကား။ ဘု ရား သ ခင် ရွေး ချယ်၍ ဘိ သိက် တော် ခံ မင်း မှန် လျှင် ကိုယ် ကို ကယ် ပါ လေ စေ ဟု ပြက် ရယ် ပြု ကြ၏။
36
ဦး ခေါင်း တော် အ ထက်၌ ဤ သူ ကား ယု ဒ လူ မျိုး တို့ ဘု ရင် တည်း ဟူ၍ က မ္ပည်း ဆွဲ ထား ပြီး ဖြစ် သည့် အ လျောက် စစ် သည် တို့ ချဉ်း ကပ်၍ ပုန်း ရည် ကို ကမ်း ပေး လျက် သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် မှန် လျှင် ကိုယ် ကို ကယ် လော့ ဟု သ ရော် ကြ၏။
37
38
39
ထို အ ခါ ကား တင် ခံ ရ သူ လူ ဆိုး တစ် ယောက် က သင် သည် ခ ရစ် တော် မ ဟုတ် လော။ သင် ကိုယ် တိုင် နှင့် ငါ တို့ ကို ကယ် လော့ ဟု ကဲ့ ရဲ့ ရာ၊
40
တစ် ယောက် မူ ကား ထို သူ့ ကို ဆုံး မ၍ သင် သည် ထို သို့ သော စီ ရင် ဒဏ် ခံ ရ လျက် ပင် ဘု ရား သ ခင် ကို မ ကြောက် လော။ ငါ တို့ သည် ကိုယ့် ပြစ် မှု များ ကြောင့်၊
41
ထိုက် သင့် ရာ ဒဏ် ကို တ ရား အ တိုင်း ခံ ရ ကြ ပြီ။ ဤ အ ရှင် မူ ကား မ သင့် မ လျော် ပြု ဘူး သည် မ ဟုတ် ဟု ဆို ပြီး လျှင်၊
42
အို ယေ ရှု၊ နိုင် ငံ တော် သို့ ကြွ လာ သော် ကျွန် တော် ကို သ တိ ရ တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊
43
ကိုယ် တော် က ယ နေ့ သင် သည် ငါ နှင့် အ တူ ပ ရ ဒိ သု ဘုံ တွင် ရှိ နေ ရ မည် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။
44
ထို အ ခါ မွန်း တည့် အ ချိန် ခန့် ရှိ၍ နေ ရောင် အ လင်း ကွယ် သ ဖြင့် မွန်း လွဲ သုံး နာ ရီ အ ချိန် တိုင် တစ် ပြည် လုံး မှောင် ကျ လေ၏။
45
ဗိ မာန် တော် ရှိ ကန့် လန့် ကာ လည်း ထက် ခြမ်း ကွဲ ၏။
46
ယေ ရှု သည် ကျယ် သော အ သံ နှင့် ဟစ် ပြီး လျှင် အို အ ဘ၊ အ ကျွန်ုပ် ဝိ ညာဉ် ကို လက် တော် သို့ အပ် ပါ ပြီ ဟု မြွက် ဆို လျက် အ သက် စွန့် တော် မူ ၏။
47
တပ် မှူး သည် ထို အ ဖြစ် အ ပျက် ကို မြင် သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ဤ သူ ကား သူ တော် ကောင်း မှန် ပေ သည် ဟု ဆို သည့် ပြင်၊
48
အ ကြည့် အ ရှု စု ရုံး လာ ရောက် သော လူ အ မြောက် အ မြား တို့ လည်း မြင် လျှင် ရင် တီး လျက် ပြန် သွား ကြ ၏။
49
ကိုယ် တော် နှင့် ကျွမ်း ဝင် သူ ခပ် သိမ်း သည် ဂါ လိ လဲ နယ် မှ လိုက် လာ သော တ ပည့် တော် မ တို့ ပါ အ ဝေး က ရပ်၍ ရှု ကြည့် လျက် နေ ကြ ၏။
50
ထို နောက် လွှတ် တော် ရာ ထူး ရှိ သော် လည်း ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မြော် သော သူ တော် ကောင်း သူ ဖြောင့် မတ် ဖြစ် လျက် လွှတ် တော် ပြ ဋ္ဌာန်း ချက် နှင့် ပြု မူ ချက် ကို အ လို မ တူ သူ အ ရိ မဿဲ ခေါ် ယု ဒ မြို့ တစ် မြို့ နေ ယော သပ် သည်၊
51
52
ပိ လတ် မင်း ထံ ဝင် လျက် ယေ ရှု၏ အ လောင်း တော် ကို တောင်း ပြီး လျှင်၊
53
ချ ယူ၍ ပိတ် ထည် နှင့် ပတ် ပြီး မှ မည် သူ့ ကို မျှ မ သင်္ဂြိုဟ် ဘူး သော ထွင်း ထား ပြီး ကျောက် ဂူ တွင် သွင်း လေ၏။
54
ထို အ ချိန် သည် အ ဖိတ် နေ့ ကုန် လု၍ ဥ ပုသ် နေ့ ရောက် အံ့ ဆဲ ဖြစ် သ တည်း။
55
ဂါ လိ လဲ နယ် မှ ကိုယ် တော် နှင့် အ တူ လာ သော တ ပည့် တော် မ တို့ လည်း လိုက် ပို့၍ သင်္ချိုင်း ဂူ တော် ကိုလည်း ကောင်း၊ အ လောင်း တော် သွင်း သည် ကိုလည်း ကောင်း ကြည့် မှတ် ပြီး လျှင် နံ့ သာ ပေါင်း နံ့ သာ ဆီ များ ကို ပြန် သွား ပြင် ဆင် ကြ ၏။