1
တစ် နေ့ သ၌ ဗိ မာန် တော် တွင် လူ ပ ရိ သတ် အား ဒေ သ နာ ပေး လျက် သ တင်း တော် မြတ် ကို ဟော ပြော တော် မူ စဉ် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ၊ ကျမ်း တတ် ဆ ရာ များ တို့ သည်၊
2
ချဉ်း ကပ်၍ ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း၊ ဤ အ ခွင့် အာ ဏာ ပေး အပ် သူ မည် သူ ဖြစ် ကြောင်း ဖော် ပြ ပါ ဟု ဆို ကြ ရာ၊
3
ကိုယ် တော် က ငါ သည် သင် တို့ ကို ပု စ္ဆာ တစ် ချက် မေး ဦး မည် ဖြေ ဆို ကြ။
4
ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ သည် ကောင်း ကင် မှ လော၊ လူ တို့ မှ လော ဟု ပြန်၍ မေး တော် မူ သော်၊
5
ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ့် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။
6
လူ တို့ မှ ဖြစ် လာ သည် ဖြေ လျှင် မူ ကား ပြည် သူ ပြည် သား အ ပေါင်း တို့ သည် ယော ဟန် ကို ပ ရော ဖက် အ ဖြစ် မှတ် ယူ သော ကြောင့် ငါ တို့ ကို ပစ် ခတ် ကြ လိမ့် မည် ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ ပြီး လျှင်၊
7
မည် သို့ ဖြစ် လာ သည် ကို ငါ တို့ မ သိ ဟု ဖြေ ဆို ကြ ၏။
8
ထို အ ခါ ယေ ရှု က ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ လည်း ပြော မည် မ ဟုတ် ဟု မိန့် တော် မူ၏။
9
ထို နောက် လူ ပ ရိ သတ် အား ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး လျက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား ပြီး နောက် အ ခြား ပြည် သို့ ကာ လ ရှည် စွာ သွား နေ ၏။
10
အ ချိန် တန် သော် ဥ ယျာဉ် သီး ခွန် ဆောင် စေ ရန် ကျွန် တစ် ယောက် ကို စေ လွှတ် လိုက် ရာ ဥ ယျာဉ် သ မား တို့ သည် ရိုက် နှက် ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ၏။
11
အ ခြား ကျွန် တစ် ယောက် ကို စေ လွှတ် ပြန် ရာ ရိုက် နှက် ရှုတ် ချ ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ၏။
12
တ တိ ယ ကျွန် တစ် ယောက် ကို စေ လွှတ် ရာ ထိုး ခုတ် ပြီး လျှင် ထုတ် ပစ် ကြ၏။
13
သို့ ဖြစ်၍ ဥ ယျာဉ် ရှင် က ငါ သည် မည် သို့ ပြု ရ အံ့ နည်း။ ငါ့ ချစ် သား ကို စေ လွှတ် မည်။ သူ့ ကို ရို သေ ကျိုး နွံ ကြ တော့ မည် ဟု အောက် မေ့၏။
14
သို့ ရာ တွင် ထို သား ကို ဥယျာဉ် သ မား တို့ မြင် ကြ သော် ဤ သူ ကား အ မွေ ခံ ဖြစ် သည်။ အ မွေ ကို ပိုင် ရ ခြင်း ငှာ သတ် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ဆွေး နွေး တိုင် ပင် လျက် ဥ ယျာဉ် ပြင် သို့ ထုတ်၍ သတ် ကြ၏။
15
ထို ကြောင့် ဥ ယျာဉ် ရှင် သည် ထို ဥ ယျာဉ် သ မား တို့ ကို မည် သို့ ပြု မည် နည်း။
16
သူ တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တစ် ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည် ဟု မိန့် တော် မူ၏။ ကြား သော သူ တို့ က ထို သို့ မ ဖြစ် ပါ စေ နှင့် ဟု ဆို ကြ ရာ၊
17
ရှု ကြည့် လျက် ကိုယ် တော် က မ ဖြစ် လျှင် တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် တိုက် ထောင့် စွန်း ကျောက် ဖြစ် လာ သည် ဟူ သော ကျမ်း ချက် ကား မည် သို့ နည်း။၊
18
ထို ကျောက် ပေါ် သို့ လဲ ကျ သူ တိုင်း ကျိုး ပဲ့ လိမ့် မည်။ မည် သူ့ အ ပေါ် သို့ မ ဆို ထို ကျောက် ကျ လျှင် မူ ကား ညက် ညက် ကြေ လိမ့် မည် ဟု မိန့် တော် မူ၏။
19
ပ ရော ဟိတ် ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ သည် ထို ဥ ပ မာ ကို သူ တို့ နှင့် စပ်၍ မိန့် တော် မူ ကြောင်း သိ မြင် သည် နှင့် ထို အ ချိန် နာ ရီ တွင် ပင် ဖမ်း ဆီး ရန် ရှာ ကြံ သော် လည်း လူ ပ ရိ သတ် ကို ကြောက် ရွံ့၍ နေ ကြ၏။
20
သို့ ရာ တွင် အ ချက် ရှာ လျက် ဘု ရင် ခံ မင်း အာ ဏာ အောက် သို့ ပို့ အပ် မည့် အ ကြံ နှင့် ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ စေ ရန် ရိုး ဟန် ဆောင် သော သူ လျှို တို့ ကို စေ လွှတ် ကြ သ ဖြင့်၊
21
ထို သူ တို့ က ဆ ရာ သည် တ ရား အ တိုင်း မိန့် ဆို သွန် သင် လေ့ ရှိ၍ မည် သူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း ကျွန်ုပ် တို့ သိ ကြ ပါ သည်။
22
ကျွန်ုပ် တို့ သည် ကဲ သာ မင်း အား အ ခွန် ဆက် အပ် သ လော၊ မ ဆက် အပ် သ လော ဟု ပြော ဆို မေး မြန်း ကြ ရာ၊
23
ကိုယ် တော် သည် ထို သူ တို့၏ စဉ်း လဲ ခြင်း ကို သိ မြင်၍၊
24
ငွေ တစ် ကျပ် ကို ပြ ကြ၊ မည် သူ့ ပုံ မည် သူ့ က မ္ဗည်း ပါ သ နည်း ဟု မေး တော် မူ လျှင်၊ ကဲ သာ မင်း၏ ပုံ နှင့် က မ္ဗည်း ပါ ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ၊
25
သို့ ဖြစ် က ကဲ သာ မင်း ပိုင် ဆိုင် ရာ များ ကို ကဲ သာ မင်း အား လည်း ကောင်း၊ ဘု ရား သ ခင် ပိုင် ဆိုင် တော် မူ ရာ များ ကို ဘု ရား သ ခင် အား လည်း ကောင်း၊ ဆက် ကြ လော့ ဟု မိန့် တော် မူ ၏။
26
ထို့ ကြောင့် လူ ပ ရိ သတ် ရှေ့ စ ကား အား ဖြင့် ကိုယ် တော် ကို ကျော့၍ မ ရ နိုင် သည် နှင့် ဖြေ ဆို တော် မူ ချက် ကို အံ့ သြ လျက် ဆိတ် ဆိတ် နေ ကြ၏။
27
ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု ငြင်း ဆို တတ် သော ဇ ဒ္ဒု ကဲ အ ချို့ လည်း ချဉ်း လာ လျက်၊
28
ဆ ရာ၊ မော ရှေ က မ ယား ရှိ သော အစ် ကို ဖြစ် သူ သည် သား မ ရှိ ဘဲ သေ လျှင် မု ဆိုး မ ကို ညီ သိမ်း ပိုက်၍ အစ် ကို အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ ရ မည့် အ ကြောင်း ရေး ထား ခဲ့ ရာ၊
29
ညီ အစ် ကို ခု နစ် ယောက် ရှိ ဘူး ပါ သည်။ ပ ဌ မ လူ သည် မ ယား ယူ၍ သား မ ရှိ ဘဲ သေ သော်၊
30
ဒု တိ ယ၊ တ တိ ယ လူ တို့ သည် မု ဆိုး မ ကို သိမ်း ပိုက် ကြ ပါ သည်။ ထို နည်း တူ ခု နစ် ယောက် တိုင် သား မ ရှိ ဘဲ သေ ကြ ပါ သည်။
31
32
နောက် ဆုံး ၌ မိန်း မ လည်း သေ ပါ သည်။
33
ထို့ ကြောင့် ခု နစ် ယောက် တိုင် သိမ်း ပိုက် ဖူး သော ထို မိန်း မ သည် ရှင် ပြန် ထ မြောက် ရာ ကာ လ တွင် မည် သူ့ မ ယား ဖြစ် ပါ မည် နည်း ဟု ပြော ဆို မေး မြန်း ကြ လျှင်၊
34
ယေ ရှု က ယ ခု ဘ ဝ သား တို့ သည် အိမ် ထောင် ခြင်း၊ ပေး စား ခြင်း ကို ပြု တတ် ကြ ၏။
35
သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက်၍ နောင် ဘ ဝ သို့ ဝင် စား ခွင့် ရ သူ တို့ မူ ကား စေ တ မန် တော် တို့ နှင့် တူ မျှ လျက် ရှင် ပြန် ထ မြောက် ခြင်း ဆိုင် ရာ သား၊ ဘု ရား သ ခင့် သား များ ဖြစ်၍ သေ ခြင်း ကင်း သော ကြောင့် အိမ် ထောင် ခြင်း၊ ပေး စား ခြင်း ကို မ ပြု တတ်။
36
37
မော ရှေ က ပင် ထာ ဝ ရ ဘု ရား သည် အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား ဖြစ် သည် ဟူ၍ ချုံ ဆိုင် ရာ ကျမ်း ချက် တွင် ရေး ထား သည့် အ တိုင်း သေ သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ ကြောင်း ပြ သ ခဲ့၏။
38
ကိုယ် တော် ကြောင့် ရှိ သ မျှ တို့ ရှင် ခွင့် ရ သည့် အ လျောက် ကိုယ် တော် သည် သူ သေ တို့၏ ဘု ရား မ ဟုတ်၊ သူ ရှင် တို့၏ ဘု ရား ဖြစ် တော် မူ သည် ဟု မိန့် တော် မူ ၏။
39
ထို အ ခါ ထပ် မံ မ မေး မ စမ်း ဝံ့ ကြ ရာ ကျမ်း တတ် ဆ ရာ အ ချို့ က ဆ ရာ သည် လျောက် ပတ် စွာ ဖြေ ဆို လေ ပြီ ဟု ဝန် ခံ ကြ၏။
40
41
ကိုယ် တော် က လည်း ခ ရစ် တော် သည် ဒါ ဝိဒ် မင်း သား တော် ဖြစ် ကြောင်း အ သို့ ဆို လေ့ ရှိ သ နည်း။
42
ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ တင် ရာ ငါ မ ဖြစ် စေ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း ဆာ လံ ကျမ်း တွင် ဒါ ဝိဒ် ကိုယ် တိုင် မြွက် ဆို ၏။
43
44
ခ ရစ် တော် ကို အ ရှင် ဘု ရား ဟူ ၍ ဒါ ဝိဒ် ခေါ် သ ဖြင့် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မိန့် တော် မူ၏။
45
လူ ပ ရိ သတ် ကြား နာ ကြ စဉ် တ ပည့် တော် တို့ အား ကိုယ် တော် က၊
46
ကျမ်း တတ် ဆ ရာ တို့ ကို ကြဉ် ရှောင် ကြ လော့။ ထို သူ တို့ သည် ဝတ် လုံ ဆင် လျက် သွား လာ လို ၍ စျေး များ တွင် နှုတ် ဆက် ခံ ခြင်း၊ ဓမ္မာ ရုံ များ၊ ပွဲ လမ်း သ ဘင် များ တွင် မြင့် မြတ် သော နေ ရာ၌ ထိုင် ခြင်း ကို နှစ် သက် သည့် ပြင်၊
47
ဟန် ဆောင် လျက် ရှည် လျား သော ပ ဌ နာ တော် များ ကို ရွတ် ဖတ် စဉ် ပင် မု ဆိုး မ တို့ အိမ် များ ကို သုံး စား သ ဖြင့် သာ၍ ကြီး လေး သော အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။