ရှင်မာကု-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် ယေ ရု ရှ လင် မြို့ က လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း တတ် ဆ ရာ အ ချို့ တို့ သည် အ ထံ တော် သို့ ချဉ်း ကပ်၍၊
  • 2 လက် မ ဆေး ဟု ဆို လို သော မ သန့် သော လက် ဖြင့် တ ပည့် တော် အ ချို့ အ စာ စား သည် ကို မြင် ကြ၏။
  • 3 ဖာ ရိ ရှဲ တို့ မှ စ၍ ယု ဒ လူ အ ပေါင်း တို့ သည် လူ ကြီး တို့ ရှေး ထုံး နည်း ကို စွဲ မြဲ လျက် စင် ကြယ် စွာ လက် မ ဆေး ဘဲ စား လေ့ မ ရှိ။
  • 4 ဈေး မှ ပြန် လာ သည့် အ ခါ လည်း ရေ မ ချိုး ဘဲ စား လေ့ မ ရှိ။ ၎င်း ပြင် အိုး၊ ခွက်၊ ဖ လား များ ကို ဆေး ကြော နည်း မှ စ၍ ခံ ယူ စွဲ မြဲ သော နည်း အ များ ရှိ သေး ၏။
  • 5 သို့ ဖြစ်၍ ထို ဖာ ရိ ရှဲ တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ က လူ ကြီး တို့ ရှေး ထုံး နည်း အ တိုင်း မ လိုက် ဘဲ ဆ ရာ့ တ ပည့် တို့ သည် မ သန့် သော လက် နှင့် အ ဘယ် ကြောင့် အ စာ စား ကြ သ နည်း ဟု မေး ကြ သော်
  • 6 ကိုယ် တော် က သီ လ ကြောင် ဖြစ် သူ တို့၊ ဤ လူ မျိုး သည် စိတ် နှ လုံး ကို ငါ နှင့် ခွာ၍ နှုတ် ခမ်း အား ဖြင့် သာ ရို သေ လျက် လူ တို့ မှာ ထား ချက် များ ကို တ ရား အ ဖြစ် သွန် သင် သည် နှင့် အ ကျိုး မဲ့ ငါ့ ကို ကိုး ကွယ် ကြ သည် ဟူ၍ သင် တို့ ကို ရည် လျက် ပ ရော ဖက် ဟေ ရှာ ယ ဟော ပြော ရေး ထား သည် မှာ သင့် လျှော် စွ တ ကား။
  • 7 -
  • 8 ဘု ရား သ ခင့် ပ ညတ် တော် ကို ပယ်၍ လူ တို့ ရှေး ထုံး နည်း ကို သင် တို့ စွဲ မြဲကြ သည် ဟု မိန့် တော် မူ၏။
  • 9 ၎င်း ပြင် ကိုယ် တော် က သင် တို့ ရှေး ထုံး နည်း ကို လိုက် နာ ခွင့် ရ စေ ရန် ဘု ရား သ ခင့် ပ ညတ် တော် ကို ပယ် ကြ သည် မှာ သင့် လျှော် ပေ စွ။
  • 10 မော ရှေ က မိ ဘ ကို ရို သေ သ မှု ပြု လော့။ မိ ဘ ကို ဆဲ ဆို သူ သည် သေ ဒဏ် ခံ စေ ဟု ပ ညတ် သော် လည်း၊
  • 11 သင် တို့ မူ ကား မည် သူ မ ဆို မိ ဘ အား ထောက် ပံ့ သင့် သော ငွေ ကို ဒါ န ဝ ထ္ထု အ ဖြစ် လှူ ပြီး ဖြစ် သည် ဟု ဆို လျှင်၊
  • 12 မိ ဘ အ ဖို့ မည် သည် ကို မျှ ပြု ခွင့် မ ပေး ရာ ရောက်၍၊
  • 13 ကိုယ် စွဲ မြဲ သော ရှေး ထုံး နည်း အား ဖြင့် ဘု ရား သ ခင့် အ မိန့် တော် ကို အ ချည်း နှီး ဖြစ် စေ ကြ၏။ ၎င်း ပြင် ထို သို့ သော နည်း များ စွာ အ တိုင်း သင် တို့ ပြု ကျင့် ကြ သည် တ ကား ဟု မိန့် တော် မူ၏။
  • 14 လူ ပ ရိတ် သတ် ကို လည်း ခေါ် တော် မူ ပြန် လျက် ငါ မိန့် ဆို ချက် ကို သင် တို့ ရှိ သ မျှ နာ ယူ နား လည် ကြ လော့။
  • 15 ပြင် ပ က ဝင်၍ လူ ကို မ သန့် အောင် ပြု နိုင် သော အ ရာ မည် သည် မျှ မ ရှိ။ အ တွင်း မှ ထွက် သည့် အ ရာ များ သာ မ သန့် အောင် ပြု သည် ဟု မိန့် တော် မူ၏။
  • 16 -
  • 17 လူ ပ ရိ သတ် ရှိ ရာ မှ ထွက် ကြွ၍ အိမ် သို့ ဝင် ရောက် တော် မူ သော် ထို ဥ ပ မာ အ ကြောင်း တ ပည့် တော် တို့ မေး လျှောက် ကြ ရာ၊
  • 18 ကိုယ် တော် က သင် တို့ လည်း ဤ မျှ လောက် ဉာဏ် ကင်း လျက် ရှိ နေ ကြ သ လော။ ပြင် ပ က ဝင် သော အ ရာ သည် စိတ် နှ လုံး ထဲ သို့ မ ရောက်။ ဝမ်း သို့ ရောက်၍ အိမ် သာ တွင် စွန့် ရ သော ကြောင့် လူ ကို မ သန့် အောင် ပြု နိုင် သည် မ ဟုတ် ကြောင်း မ သိ မ မြင် ကြ လော ဟု မိန့် တော် မူ သ ဖြင့် စား ဖွယ် ခဲ ဖွယ် အ မျိုး မျိုး ကို အ သန့် ထား တော် မူ၏။
  • 19
  • 20 ကိုယ် တော် က လည်း လူ မှ ထွက် သော အ ရာ ကား မ သန့် အောင် ပြု၏။
  • 21 အ တွင်း စိတ် နှ လုံး က မ ကောင်း ကြံ စည် ခြင်း၊ မ တ ရား မေ ထုန် ပြု ခြင်း၊
  • 22 သူ့ ဥ စ္စာ ကို ခိုး ခြင်း၊ သူ့ အ သက် ကို သတ် ခြင်း၊ သူ့ သား အိမ် ရာ ကို ပြစ် မှား ခြင်း၊ တပ် မက် ခြင်း၊ ဆိုး သွမ်း ခြင်း၊ လှည့် ဖျား ခြင်း၊ ကာ မ ဂုဏ် ကြူး ခြင်း၊ မျက် မုန်း ကျိုး ခြင်း၊ ကုန်း ချော ခြင်း၊ မာ န ကြီး ခြင်း၊ မိုက် မဲ ခြင်း များ ထွက်၏။
  • 23 ထို အ ရာ ခပ် သိမ်း သည် အ တွင်း က ထွက် လာ၍ လူ ကို မ သန့် အောင် ပြု သ တည်း ဟု မိန့် တော် မူ၏။
  • 24 ထို အ ရပ် မှ ထွက်၍ တု ရု နှင့် ဇိ ဒုန် နယ် များ သို့ ကြွ ပြီး လျှင် အိမ် တစ် အိမ် တွင် ဝင် နေ ရာ မည် သူ မျှ သိ စေ တော် မ မူ လို သော် လည်း မ လျှို့ မ ဝှက် နိုင်။
  • 25 ထို ခ ဏ ချင်း တွင် နတ် ဆိုး ပူး သူ သ မီး ငယ် ရှိ သော ရှု ရိ ဖိ နိတ် အ မျိုး သာ သ နာ ပ မိန်း မ တစ် ယောက် သည် ကိုယ် တော့် အ ကြောင်း ကို ကြား၍ ခြေ တော် ရင်း တွင် လာ ရောက် ပျပ် ဝပ် လျက် သ မီး ငယ် မှ နတ် ကို နှင် ထုတ် တော် မူ ပါ မည့် အ ကြောင်း တောင်း လျှောက် ရာ၊
  • 26
  • 27 ကိုယ် တော် က သား သ မီး တို့ ကို ဦး စွာ ဝ စေ။ သား သ မီး တို့ အ စာ ကို ယူ၍ ခွေး များ အား မ ချ မ ပေး အပ် ဟု မိန့် တော် မူ သော်၊
  • 28 မှန် ပါ သည် အ ရှင် ဘု ရား၊ စား ပွဲ အောက် ရှိ ခွေး များ ပင် သား သ မီး တို့ စား နုတ် စား ပေါက် ကို စား ရ ကြ ပါ သည် ဟု ထပ် မံ လျှောက် ထား ၏။
  • 29 ထို အ ခါ ကိုယ် တော် က ဤ စ ကား ကြောင့် သွား တော့၊ သင့် သ မီး မှ နတ် ထွက် ခွာ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 30 ထို မိန်း မ သည် အိမ် သို့ ပြန် သော် နတ် ထွက် ခွာ လျက် အိပ် ယာ ပေါ် တွင် သူ ငယ် မ အိပ် နေ သည် ကို တွေ့ မြင် လေ ၏။
  • 31 တု ရု နယ် မှ တစ် ဖန် ထွက်၍ ဇိ ဒုန် နယ် ကို ဖြတ် ပြီး လျှင် ဒေ က ပေါ လိ နယ် တစ် လျှောက် ကြွ လျက် ဂါ လိ လဲ အိုင် သို့ ရောက် တော် မူ သော အ ခါ၊
  • 32 နား ပင်း၍ နှုတ် ဆွံ့ သူ တစ် ယောက် ကို ခေါ် ခဲ့ ကြ ပြီး လျှင် လက် တော် တင် ရန် တောင်း လျှောက် ကြ ရာ၊
  • 33 ကိုယ် တော် သည် ထို လူ ပ ရိတ် သတ် မှ အ သီး အ ခြား ခေါ် သွား၍ နား များ၌ လက် ညှိုး တော် သွင်း ခြင်း၊ တံ တွေး တော် ဖြင့် လျှာ ကို တို့ ခြင်း ပြု ပြီး နောက်၊
  • 34 ကောင်း ကင် သို့ မြော် ကြည့် လျက် ရှူ ရှိုက်၍ ပွင့် စေ ဆို လို သော ဧ ဖ သ ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 35 ထို သူ သည် နား ပွင့် လျက် လျှာ ကြော ပြေ လျက် စ ကား ကောင်း စွာ ပြော လေ ၏။
  • 36 ထို အ ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော စေ ရန် မြစ် တား တော် မူ သော် လည်း၊ မြစ် တား တော် မူ သည် နှင့် အ မျှ များ စွာ တိုး တက် ကြော် ငြာ ကြ၏။
  • 37 ထို သူ တို့ လည်း အ တိုင်း ထက် အ လွန် အံ့ သြ၍ အ ရာ ခပ် သိမ်း ကို ကောင်း မွန် စွာ ပြု လေ ပြီ။ သူ ပင်း သူ အ တို့ ပင် ကြား နာ ပြော ဆို နိုင် အောင် ပြု လေ ပြီ တ ကား ဟု ဆို ကြ၏။
回到本卷目录 回到本版本目录 回到首页