ရှင်မာကု-15

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 နံ နက် မိုး သောက် သော် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ၊ ကျမ်း တတ် ဆ ရာ များ နှင့် လွှတ် တော် အ ရာ ရှိ အ ပေါင်း တို့ သည် တိုင် ပင် ပြီး လျှင် ယေ ရှု ကို ချည် နှောင် ယူ သွား၍ ပိ လတ် မင်း ထံ ပို့ အပ် ကြ၏။
  • 2 ထို အ ခါ ပိ လတ် မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ သင် ဆို သည့် အ တိုင်း တည်း ဟု ပြန်၍ မိန့် တော် မူ ၏။
  • 3 ထို နောက် ပ ရော ဟိတ် ကြီး တို့ သည် အ ပြစ် များ စွာ စွဲ ဆို ကြ သည့် ကာ လ၊
  • 4 ပိ လတ် မင်း က တစ် ခွန်း တစ် ပါ ဒ မျှ မ ထု ချေ လော။ သင့် အ ပေါ် မှာ မည် မျှ အ ပြစ် စွဲ ဆို ကြ သည် ကို မှတ် သား လော့ ဟု မိန့် ဆို ပြန် သော်၊
  • 5 ယေ ရှု သည် တစ် ခွန်း တစ် ပါ ဒ မျှ မိန့် ပြန် တော် မ မူ သော ကြောင့် ပိ လတ် မင်း အံ့ သြ ၏။
  • 6 ဘု ရင် ခံ မင်း သည် လူ ပ ရိတ် သတ် လျှောက် တောင်း ရာ အ ကျဉ်း သား တစ် ယောက် ကို ထို ပွဲ အ ခါ တွင် လွှတ် မြဲ ဖြစ် သည့် အ တိုင်း၊
  • 7 အ တွင်း မီး ထ ရာ လူ သတ် မှု ကျူး လွန် သူ တို့ နှင့် တ ကွ ဗာ ရ ဗ္ဗ ခေါ် အ ကျဉ်း သား တစ် ယောက် ရှိ သ ဖြင့် ထုံး စံ ရှိ သည့် အ လျောက်၊
  • 8 သ နား ပါ မည့် အ ကြောင်း တိုး ဝင် လျှောက် တောင်း ကြ ၏။
  • 9 ပိ လတ် မင်း သည် ပ ရော ဟိတ် ကြီး တို့ ငြူ စူ၍ ပို့ အပ် ကြ သည် ကို သိ မြင် သော ကြောင့် ယု ဒ လူ မျိုး တို့ ဘု ရင် ကို လွှတ် စေ လို သ လော ဟု မေး ပြီး လျှင်၊
  • 10
  • 11 ဗာ ရ ဗ္ဗ ကို လွှတ် ခွင့် တောင်း ကြ စေ ရန် လူ ပ ရိ သတ် အား ပ ရော ဟိတ် ကြီး တို့ တိုက် တွန်း ကြ သ ဖြင့်၊
  • 12 ယု ဒ လူ မျိုး တို့ ဘု ရင် ဟု သင် တို့ ခေါ် သော သူ့ ကို မည် သို့ ပြု ရ မည် နည်း ဟု ပိ လတ် မင်း မေး ပြန် ရာ၊
  • 13 ကား တင် ပါ ဟု ဟစ် ပြန် ကြ ၏။
  • 14 ပိ လတ် မင်း က လည်း အ ဘယ် ကြောင့် နည်း။ အ ဘယ် ဆိုး သွမ်း မှု ကို ပြု သ နည်း ဟု မေး ပြန် ရာ ကား တင် ပါ ဟု အ လွန် ပြင်း စွာ ဟစ် ကြ သ ဖြင့်၊
  • 15 ပိ လတ် မင်း သည် လူ ပ ရိတ် သတ် ကို ကျေ နပ် စေ လို သည် နှင့် ဗာ ရ ဗ္ဗ ကို လွှတ်၍ ယေ ရှု ကို ရိုက် ဒဏ် ခတ် ပြီး လျှင် ကား တင် စေ ရန် အပ် လိုက် ၏။
  • 16 စစ် သည် တို့ လည်း ကိုယ် တော် ကို ပ ရဲ တော ရိ ခေါ် ရုံး တော် တံ တိုင်း အ တွင်း ယူ သွား ၍ တစ် တပ် လုံး စု ရုံး စေ ပြီး လျှင်၊
  • 17 က မ္ပ လာ နီ ကို ဆင် ယင် ခြင်း၊ ဆူး ဦး ရစ် ရက်၍ ဆောင်း စေ ခြင်း၊
  • 18 ယု ဒ လူ မျိုး တို့ ဘု ရင်၌ မင်္ဂ လာ ရှိ ပါ စေ သော ဟု သြ ဘာ ဆက် ခြင်း၊
  • 19 ဦး ခေါင်း တော် ကို ကျူ လုံး နှင့် ရိုက် ခြင်း၊ ကိုယ် တော် ကို တံ တွေး တွေး ခြင်း၊ ဒူး တုပ် ရှိ ခိုး ခြင်း များ ကို ပြု ကြ ၏။
  • 20 ထို သို့ ပြောင် လှောင် ပြီး နောက် က မ္ပ လာ နီ ကို လဲ လျက် အ ဝတ် တော် ကို ဆင် ယင် ပြီး လျှင် ကား တင် ရန် ထုတ် သွား ကြ၏။
  • 21 ကျေး တော မှ လာ သော ခ ရီး သည် ကု ရေ နေ ပြည် သား အ လေ ဇ န္ဒြု နှင့် ရု ဖု တို့ အ ဖ ရှိ မုန် ကို အ နိုင့် အ ထက် ကား တိုင် ထမ်း ခိုင်း လျက်၊
  • 22 ဦး ခေါင်း ခွံ ဟူ၍ ဆို လို သော ဂေါ လ ဂေါ သ အ ရပ် သို့ ကိုယ် တော် ကို ထုတ် သွား ကြ သော်၊
  • 23 မု ရန် ဆေး စပ် ထား သော စ ပျစ် ရည် ကို ပေး ကြ ရာ မ ယူ ဘဲ နေ တော် မူ ၏။
  • 24 ကား တင် ကြ ပြီး လျှင် အ သီး သီး တို့ ယူ ရ စေ ရန် အ ဝတ် တော် များ ကို မဲ ချ၍ ခွဲ ဝေ ကောက် ယူ ကြ၏။
  • 25 ယု ဒ လူ မျိုး တို့ ဘု ရင် ဟူ သော စွဲ ဆို ချက် က မ္ပည်း ကို ဆွဲ ထား လျက် နံ နက် ကိုး နာ ရီ အ ချိန် ကား တင် ကြ ရာ၊
  • 26
  • 27 ကိုယ် တော် နှင့် အ တူ ဝဲ ယာ တော်၌ တစ် ယောက် စီ ဓား ပြ နှစ် ယောက် ကို လည်း ကား တင် ကြ၏။
  • 28 -
  • 29 သီ သွား သူ တို့ သည် ဦး ခေါင်း လှုပ် ခါ လျက် ဟေ့၊ ဗိ မာန် တော် ကို ဖြို ဖျက်၍ သုံး ရက် နှင့် တည် ဆောက် သော အ ချင်း လူ၊
  • 30 ကိုယ် ကို ကယ်၍ ကား တိုင် မှ ဆင်း လာ လော့ ဟု ကဲ့ ရဲ့ ကြ ၏။
  • 31 ထို နည်း တူ ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ က သူ တ ထူး ကို သူ ကယ် သည်။ ကိုယ် ကို မ ကယ် နိုင် ပါ တ ကား၊
  • 32 ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် မင်း ခ ရစ် တော် သည် ငါ တို့ မြင်၍ ယုံ ကြည် စေ ရန် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ဟု အ ချင်း ချင်း ပြော ဆို လျက် သ ရော် ကြ၏။ ကိုယ် တော် နှင့် အ တူ ကား တင် ခံ ရ သူ တို့ က လည်း ကဲ့ ရဲ့ ကြ ၏။
  • 33 မွန်း တည့် အ ချိန် ရောက် သော် တစ် ပြည် လုံး မှောင် ကျ၍ မွန်း လွဲ သုံး နာ ရီ တိုင် ရှိ နေ ၏။
  • 34 မွန်း လွဲ သုံး နာ ရီ အ ချိန် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း ဟု ဆို လို သော ဧ လော အိ၊ ဧ လော အိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ၊
  • 35 ရပ် နေ သူ အ ချို့ တို့ ကြား သော်၊ နား ထောင် ကြ၊ ဧ လိ ယ ကို ခေါ် သည် ဟု ဆို ကြ သည် နှင့်၊
  • 36 လူ တစ် ယောက် သည် ပြေး၍ ရေ မှို တစ် ပွင့် ကို ပုန်း ရည် နှင့် ပြည့် စေ ပြီး လျှင် ကျူ လုံး တွင် တပ် လျက် တိုက် စဉ် ရှိ ပါ လေ စေ။ သူ့ ကို ချ ယူ အံ့ သော ငှာ ဧ လိ ယ လာ မည်၊ မ လာ မည် ကို ကြည့် ကြ ကုန် အံ့ ဟု ဆို ၏။
  • 37 ထို နောက် ယေ ရှု သည် ကျယ် သော အ သံ နှင့် ကြွေး ကြော် ပြီး လျှင် အ သက် စွန့် တော် မူ ၏။
  • 38 ဗိ မာန် တော် ရှိ ကန့် လန့် ကာ သည် အ ထက် က အောက် တိုင် နှစ် ဖြာ စုတ် ကွဲ ၍၊
  • 39 ကိုယ် တော့် ရှေ့ ရပ် နေ သူ တပ် မှုး သည် ထို သို့ အ သက် စွန့် တော် မူ သည် ကို မြင် သော် ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို လေ ၏။
  • 40 ဂါ လိ လဲ နယ် တွင် ရှိ နေ တော် မူ စဉ် နောက် တော် က လိုက် လျက် လုပ် ကျွေး သ မှု ပြု သူ မာ ဂ ဒ လ မာ ရိ၊ ယာ ကုပ် ငယ် နှင့် ယော သေ တို့ အ မိ မာ ရိ၊ ရှာ လုံ တို့ ပြင် ယေ ရု ရှ လင် မြို သို့ လိုက် လာ ကြ သော ဒါ ယ ကာ မ အ များ လည်း အ ဝေး က ကြည့် ရှု လျက် နေ ကြ ၏။
  • 41
  • 42 ည နေ ချမ်း အ ချိန် ရောက် သော် ဥ ပုသ် အ ဖိတ် နေ့ ဖြစ် ၍၊
  • 43 ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊
  • 44 ပိ လတ် မင်း သည် သေ ပြီး သည် ကို အံ့ သြ၍ တပ် မှူး ကို ခေါ် လျက် သေ သည် မှာ ကြာ ပြီ လော ဟု မေး လျှင်၊
  • 45 တပ် မှူး စ ကား ဖြင့် ကြား သိ သည့် ကာ လ အ လောင်း တော် ကို ယော သပ် အား ပေး လိုက်၏။
  • 46 ထို အ ခါ ယော သပ် သည် ပိတ် ထည် ဝယ် ပြီး လျှင် အ လောင်း တော် ကို ချ ယူ၍ ပတ် လျက် ကျောက် တောင်၌ ထွင်း ထား သော သင်္ချိုင်း ဂူ တွင် သွင်း၍ အ ဝ ကို ကျောက် လုံး နှင့် လှိမ့် ပိတ် လေ ၏။
  • 47 သွင်း ရာ အ ရပ် ကို မာ ဂ ဒ လ မာ ရိ နှင့် ယော သေ အ မိ မာ ရိ တို့ လည်း ကြည့် မှတ် ကြ ၏။
回到本卷目录 回到本版本目录 回到首页