1
နောက် တစ် ဖန် ဓ မ္မာ ရုံ သို့ ဝင် တော် မူ ပြန် သော်၊ လက် တစ် ဘက် သေ ခြောက် လျက် နေ သော လူ တစ် ယောက် ရှိ သ ဖြင့်၊
2
ကိုယ် တော် ကို အ ပြစ် စွဲ ဆို လို၍ ဥ ပုသ် နေ့ တွင် ထို သူ နာ ကို ကျန်း မာ စေ တော် မူ မည် မ မူ မည် စောင့် ကြည့် လျက် နေ ကြ သည့် ကာ လ၊ ကိုယ် တော် က လက် သေ ခြောက် သူ့ အား၊
3
အ လယ် သို့ ထ ခဲ့ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊
4
ထို သူ တို့ အား ဥ ပုသ် နေ့ တွင် အ ကောင်း ကို ပြု အပ် သ လော။ အ ဆိုး ကို ပြု အပ် သ လော။ အ သက် ကို ကယ် အပ် သ လော။ သတ် အပ် သ လော ဟု မေး တော် မူ ရာ ဆိတ် ဆိတ် နေ ကြ၏။
5
ထို ကာ လ သူ တို့ စိတ် နှ လုံး ခဲ ယဉ်း ခြင်း ကြောင့် ဝမ်း နည်း၍ အ မျက် တော် ထွက် လျက် သူ တို့ ကို လှည့် ကြည့် ပြီး လျှင် လက် ဆန့် လော ဟု သူ နာ အား မိန့် တော် မူ သော် ဆန့် လိုက် သ ဖြင့် သန် စွမ်း ပြန် လေ၏။
6
ဖာ ရိ ရှဲ တို့ သည် ချက် ခြင်း ထွက် သွား ပြီး နောက် မည် သို့ ဖျက် ဆီး ရ မည် အ ကြောင်း ဟေ ရုဒ် မင်း ဘက် တော် သား တို့ နှင့် တိုင် ပင် ကြံ စည် ကြ၏။
7
ထို နောက် ယေ ရှု သည် တ ပည့် တော် တို့ နှင့် တ ကွ အိုင် သို့ ထွက် ကြွ တော် မူ သော် ဂါ လိ လဲ နယ် မှ ကြီး စွာ သော လူ ပ ရိတ် သတ် လိုက် ကြ သည့် ပြင်၊
8
ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ဣ ဒု မဲ နယ်၊ ယော် ဒန် မြစ် တစ် ဘက် နယ်၊ တု ရု နှင့် ဇိ ဒုန် နယ် များ မှ ကြီး စွာ သော လူ ပ ရိ သတ် သည် ပြု တော် မူ သော အ မှု အ ရာ များ ကို ကြား ၍၊
9
အ ထံ တော် သို့ လာ ရောက် ကြ ရာ လူ အ များ တို့ ကို ကျန်း မာ စေ တော် မူ သ ဖြင့် ကိုယ် တော် ကို တို့ ခြင်း ငှါ အ နာ ရော ဂါ စွဲ သူ ရှိ သ မျှ တို့ တိုး ဝင် ကြ သော ကြောင့် လူ ပ ရိ သတ် တိုး ဝှေ့ မည် ကို စိုး၍ လှေ ငယ် တစ် စင်း အ သင့် ထား စေ ရန် တ ပည့် တော် တို့ အား မိန့် တော် မူ၏။
10
11
နတ် ဆိုး များ လည်း ကိုယ် တော် ကို မြင် သော် ပျပ် ဝပ်၍ ကိုယ် တော် သည် ဘု ရား သ ခင့် သား တော် တည်း ဟု ဟစ် ကြ သ ဖြင့်၊
12
အ ကြောင်း တော် ကို မ ကြား မ ပြော ကြ စေ ရန် ကြပ် တည်း စွာ မှာ ထား တော် မူ ၏။
13
ထို နောက် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် အ လို တော် ရှိ သူ တို့ ကို ခေါ် တော် မူ သည့် အ တိုင်း အ ထံ တော် သို့ လာ ရောက် ကြ သော်၊
14
တစ် ဆယ့် နှစ် ပါး သော သူ တို့ ကို အ ပါး တော် တွင် ရှိ နေ စေ ခြင်း ငှါ လည်း ကောင်း၊
15
နတ် များ ကို နှင် ထုတ် ခွင့် အာ ဏာ နှင့် ဟော ပြော ရန် စေ လွှတ် တော် မူ အံ့ သော ငှါ လည်း ကောင်း ခန့် ထား တော် မူ သည် မှာ၊
16
ပေ တ ရု အ မည် သစ် ဖြင့် သ မုတ် တော် မူ သော ရှိ မုန်၊
17
မိုး ကြိုး သား များ ဟု ဆို လို သော ဗော နေ ရ ဂက် အ မည် သစ် ဖြင့် သ မုတ် တော် မူ သော ဇေ ဗေ ဒဲ့ သား ညီ အစ် ကို ဖြစ် သူ ယာ ကုပ် နှင့် ယော ဟန်။
18
အ န္ဒြေ၊ ဖိ လိ ပ္ပု၊ ဗာ သော လ မဲ၊ မဿဲ၊ သော မ၊ အာ လ ဖဲ့ သား ယာ ကုပ်၊ သ ဒ္ဒဲ။ ဝံ သာ နု ရှိ မုန် နှင့်
19
ကိုယ် တော် ကို ပို့ အပ် သော ယု ဒ ဣ ရှ ကာ ရုတ် တို့ တည်း။
20
အိမ် တစ် အိမ် သို့ ဝင် တော် မူ သော် သုံး ဆောင် ခွင့် မ ရ နိုင် အောင် လူ ပ ရိတ် သတ် စု လာ ကြ ပြန် ရာ ဆွေ တော် မျိုး တော် တို့ ကြား၍
21
ရူး သွပ် ပြီ ဟု ဆို လျက် ကိုယ် တော် ကို ဖမ်း ဆီး ရန် ထွက် လာ ကြ ၏။
22
ယေ ရု ရှ လင် မြို့ မှ ရောက် လာ သော ကျမ်း တတ် ဆ ရာ တို့ က လည်း၊ ဗေ လ ဇေ ဗု လ နတ် ကပ် သည်။ ထို နတ် မင်း ကို မှီ ပြီး လျှင် နတ် များ ကို နှင် ထုတ် သည် ဟု ဆို ကြ သော်၊
23
ထို သူ တို့ ကို ခေါ် တော် မူ၍ စာ တန် သည် စာ တန် ကို မည် သို့ နှင် ထုတ် နိုင် သ နည်း။
24
နိုင် ငံ သည် အ တွင်း၌ ကွဲ ပြား လျှင် မ တည် နိုင်။
25
အိမ် ထောင် လည်း အ တွင်း၌ ကွဲ ပြား လျှင် တည် နိုင် မည် မ ဟုတ်။
26
ထို နည်း တူ စာ တန် သည် ကိုယ် ကို ရန် ဘက် ပြု၍ ကွဲ ပြား လျှင် မ တည် မ နေ နိုင်။ ဆုံး ခန်း တိုင် ရောက် ရ၏။
27
ခွန် အား ကြီး သူ့ ကို ဦး စွာ မ ချည် နှောင် ဘဲ သူ့ အိမ် အ တွင်း ဝင်၍ ပ စ္စည်း များ ကို မည် သူ မျှ မ လု ယူ နိုင်။ ချည် နှောင် ပြီး မှ သာ ထို အိမ် ကို လု ယက် နိုင် လိမ့် မည် ဟု ဥ ပ မာ ဆောင်၍ မိန့် တော် မူ ၏။
28
၎င်း ပြင် နတ် ဆိုး ကပ် ကြောင်း ဆို ကြ သည် ကို ထောက်၍ ကိုယ် တော် က ပြစ် မှု အ မျိုး မျိုး နှင့် ပြော မိ သော ပုတ် ခတ် မှု အ မျိုး မျိုး အ တွက် လူ့ သား တို့ ပြေ လွတ် ခွင့် ရ ရှိ သော် လည်း မည် သူ မ ဆို သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပုတ် ခတ် မိ လျှင် ကာ လ အ စဉ် ပြေ လွတ် ခွင့် မ ရ ဘဲ ထာ ဝ ရ အ ပြစ် သင့် လေ ပြီ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။
29
30
31
ထို နောက် မယ် တော် နှင့် ညီ တော် တို့ သည် လာ၍ ပြင် က ရပ် လျက် ကိုယ် တော် ကို ခေါ် စေ ကြ ရာ၊
32
ပတ် လည် တွင် ထိုင် နေ သူ ပ ရိတ် သတ် တို့ က ကြည့် တော် မူ ပါ၊ မယ် တော် နှင့် ညီ တော် တို့ သည် ကိုယ် တော် ကို ရှာ၍ ပြင် မှာ ရှိ ပါ သည် ဟု လျှောက် ကြ သည့် ကာ လ၊
33
ငါ့ အ မိ ငါ့ ညီ တို့ ကား မည် သူ နည်း ဟု မေး တော် မူ လျက်၊
34
ပတ် လည် တွင် ထိုင် နေ သူ တို့ ကို လှည့် ကြည့် တော် မူ ပြီး လျှင် ကြည့် လော့၊ ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ တို့ တည်း။
35
မည် သူ မ ဆို ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် လျှင် ထို သူ သည် ငါ့ ညီ၊ ငါ့ နှ မ၊ ငါ့ အ မိ ဖြစ် သည် ဟု ပြန်၍ မိန့် တော် မူ၏။