ရှင်မာကု-12

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် ကိုယ် တော် သည် ဥ ပ မာ ဆောင် လျက် မိန့် တော် မူ သည် မှာ လူ တစ် ဦး သည် စ ပျစ် ဥ ယျာဉ် စိုက် ပျိုး စည်း ရိုး ဝိုင်း ကာ၍ ဖိ နင်း ရာ ကျင်း ကို တူး ဖော်၊ မျှော် စင် ကို လည်း ဆောက် လုပ် ပြီး နောက် ဥ ယျာဉ် သ မား တို့ အား အ ငှား ချ ထား၍ အ ခြား ပြည် သို့ ထွက် သွား ၏။
  • 2 အ ချိန် တန် သည့် ကာ လ ဥ ယျာဉ် သီး ခွန် ကောက် ယူ စေ ရန် ကျွန် တစ် ယောက် ကို စေ လွှတ် လိုက် ရာ၊
  • 3 ဥ ယျာဉ် သ မား တို့ သည် ဖမ်း ဆီး ရိုက် နှက် ပြီး လျှင် လက် ချည်း ပြန် လွှတ် ကြ ၏။
  • 4 တစ် ဖန်၊ ကျွန် တစ် ယောက် ကို စေ လွှတ် ပြန် ရာ ဦး ခေါင်း ကို အ နာ တ ရ ပြု၍ ရှုတ် ချ ကြ ၏။
  • 5 အ ခြား တစ် ယောက် ကို စေ လွှတ် ပြန် ရာ သတ် ဖြတ် ကြ ၏။ ၎င်း ပြင် ကျွန် အ များ ကို ထပ် မံ စေ လွှတ် သော် အ ချို့ ကို ရိုက် နှက်၊ အချို့ ကို သတ် ဖြတ် ကြ ၏။
  • 6 ချစ် သား တစ် ယောက် ရှိ သေး သည် ဖြစ်၍ ဥ ယျာဉ့် ရှင် က ငါ့ သား ကို ရို သေ ကျိုး နွံ ကြ လိမ့် မည် ဟု အောက် မေ့ လျက် နောက် ဆုံး လွှတ် လိုက် ရာ၊
  • 7 ထို ဥ ယျာဉ် သ မား တို့ က ဤ သူ ကား အ မွေ ခံ ဖြစ် သည်။ လာ၍ သတ် ကြ ကုန် အံ့။ အ မွေ ကို ငါ တို့ အ ပိုင် ရ ကြ လိမ့် မည် ဟု တိုင် ပင် လျက်၊
  • 8 ဖမ်း ဆီး သတ် ဖြတ်၍ ဥ ယျာဉ့် ပြင် သို့ ထုတ် ပစ် ကြ၏။
  • 9 သို့ ဖြစ် လျှင် ဥ ယျာဉ့် ရှင် သည် မည် သို့ ပြု မည် နည်း။ ဥ ယျာဉ် သ မား တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တ ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည်။
  • 10 တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် ထောင့် စွန်း ကျောက် ဖြစ် လာ ၏။
  • 11 ထို အ မှု အ ရာ သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ဖြစ်၍ ငါ တို့ မျက် မှောက် တွင် အံ့ သြ ဖွယ် ဖြစ် သည် ဟူ သော ကျမ်း ချက် ကို မ ဖတ် ဘူး ကြ သလော ဟု မိန့် တော် မူ ရာ၊
  • 12 သူ တို့ နှင့် စပ်၍ ထို ဥ ပ မာ ကို မိန့် တော် မူ ကြောင်း သိ မြင် သည် နှင့် ဖမ်း ဆီး ရန် ရှာ ကြံ သော် လည်း၊ လူ ပ ရိ သတ် ကို ကြောက် ရွံ့ သ ဖြင့် အ ထံ တော် မှ ထွက် သွား ကြ ၏။
  • 13 ထို သူ တို့ စေ လွှတ် သည့် အ တိုင်း ကိုယ် တော် ကို စ ကား အား ဖြင့် ကျော့ မိ ရန် ဖာ ရိ ရှဲ တို့ နှင့် ဟေ ရုဒ် မင်း ဘက် တော် သား အ ချို့ တို့ ရောက် ကြ သော်၊
  • 14 ဆ ရာ သည် သ စ္စာ စောင့် သူ ဖြစ် သည့် အ လျောက် မည် သူ့ ကို မျှ အ မှု မ ထား၊ လူ့ မျက် နှာ ကို မ ထောက် ဘဲ ဘု ရား သ ခင့် နည်း လမ်း တော် ကို သ စ္စာ နှင့် သွန် သင် ကြောင်း အ ကျွန်ုပ် တို့ သိ ကြ ပါ သည်။ ကဲ သာ မင်း အား အ ခွန် ဆက် အပ် သ လော။ မ ဆက် အပ် သ လော။ အ ကျွန်ုပ် တို့ ဆက် ရ မည် လော။ မ ဆက် ရ လော ဟု ပြော ဆို မေး မြန်း ရာ၊
  • 15 ကိုယ် တော် သည် ထို သူ တို့၏ သီ လ ကြောင် ခြင်း ကို သိ မြင်၍ ငါ့ ကို အ ဘယ် ကြောင့် စုံ စမ်း ကြ သ နည်း။ ငွေ တစ် ကျပ် ကို ယူ ပြ ကြ ဟု မိန့် တော် မူ သ ဖြင့် ယူ ခဲ့ ကြ သော်၊
  • 16 ဤ ပုံ နှင့် က မ္ပည်း ကား မည် သူ့ ပုံ၊ မည် သူ့ က မ္ပည်း နည်း ဟု မေး တော် မူ လျှင် ကဲ သာ မင်း၏ ပုံ နှင့် က မ္ပည်း ဖြစ် ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ၊
  • 17 ယေ ရှု က ကဲ သာ မင်း ပိုင် ဆိုင် ရာ များ ကို ကဲ သာ မင်း အား လည်း ကောင်း၊ ဘု ရား သ ခင် ပိုင် ဆိုင် တော် မူ ရာ များ ကို ဘု ရား သ ခင် အား လည်း ကောင်း ဆက် ကြ လော့ ဟု မိန့် တော် မူ သော် ကိုယ် တော် ကို အ လွန် အံ့ သြ ကြ ၏။
  • 18 ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု အ ယူ ယူ သော ဇ ဒ္ဒု ကဲ တို့ လည်း ချဉ်း လာ လျက်၊
  • 19 ဆ ရာ၊ မော ရှေ က အစ် ကို ဖြစ် သူ သည် သား မ ရှိ ဘဲ သေ သ ဖြင့် မု ဆိုး မ ကျန် ရစ် လျှင် မု ဆိုး မ ကို ညီ သိမ်း ပိုက်၍ အစ် ကို အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ ရ မည့် အ ကြောင်း ရေး ထား ခဲ့ ရာ၊
  • 20 ညီ အစ် ကို ခုနစ် ယောက် ရှိ ဘူး ပါ သည်။ ပ ဌ မ လူ သည် မ ယား ယူ၍ သား မ ရှိ ဘဲ သေ သော် ဒု တိ ယ လူ သည် မု ဆိုး မ ကို သိမ်း ပိုက် လျက် သား မ ရှိ ဘဲ သေ ပြန် ပါ သည်။ ထို နည်း တူ တ တိ ယ လူ မှ စ ၍၊
  • 21
  • 22 သ တ္တ မ လူ တိုင် အောင် သား မ ရ ဘဲ ပြု ကြ ပါ သည်။ နောက် ဆုံး၌ မိန်း မ လည်း သေ ပါ သည်။
  • 23 ရှင် ပြန် ရာ ကာ လ ၌ ထ မြောက် ကြ သော် ခု နစ် ယောက် တိုင် သိမ်း ပိုက် ဘူး သော ထို မိန်း မ သည် မည် သူ့ မ ယား ဖြစ် ပါ မည် နည်း ဟု ပြော ဆို မေး မြန်း ကြ လျှင်၊
  • 24 ယေ ရှု က သင် တို့ သည် ကျမ်း စာ ကို လည်း ကောင်း၊ ဘု ရား သ ခင့် တန် ခိုး တော် ကို လည်း ကောင်း မ သိ သ ဖြင့် မှောက် မှား ကြ သည် မ ဟုတ် လော။
  • 25 သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ကြ သော အ ခါ အိမ် ထောင် ခြင်း၊ ပေး စား ခြင်း မ ရှိ။ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် တို့ ကဲ့ သို့ ဖြစ် ကြ ၏။
  • 26 သူ သေ တို့ ရှင် ပြန် ထ မြောက် ရ ကြ သည့် အ ကြောင်း ကို ဆို လျှင် ငါ သည် အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား ဖြစ် သည် ဟူ၍ မော ရှေ အား ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ကို ချုံ ဆိုင် ရာ မော ရှေ၏ ကျမ်း တွင် မ ဖတ် ဘူး ကြ လော။
  • 27 ကိုယ် တော် သည် သူ သေ တို့၏ ဘု ရား မ ဟုတ်။ သူ ရှင် တို့၏ ဘု ရား ဖြစ် တော် မူ သည်။ သင် တို့ မှာ အ မှား ကြီး မှား ကြ သည် တ ကား ဟု မိန့် တော် မူ ၏။
  • 28 ထို ဆွေး နွေး ချက် ကို ကြား၍ လျှောက် ပတ် စွာ ဖြေ ဆို တော် မူ ကြောင်း သိ မြင် သော ကျမ်း တတ် ဆ ရာ တစ် ယောက် သည် ချဉ်း လာ လျက် ပ ညတ် ရှိ သ မျှ တွင် ပ ညတ် ဦး ကား မည် သည့် ပ ညတ် ပါ နည်း ဟု မေး ရာ၊
  • 29 ယေ ရှု က အို ဣ သ ရေ လ လူ မျိုး၊ နား ထောင် ကြ ဦး။ ငါ တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် တစ် ဆူ တည်း သော ထာ ဝ ရ ဘုရား ပေ တည်း။
  • 30 သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ ဉာဏ် သ တ္တိ၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့ ချစ် လော့ ဟူ သော အ ချက် သည် ပ ညတ် ဦး ဖြစ် သည်။
  • 31 အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ ချက် သည် ဒု တိ ယ ပ ညတ် ဖြစ် သည်။ ထို ပ ညတ် များ ထက် ကြီး သော ပညတ် မ ရှိ ဟု မိန့် တော် မူ ၏။
  • 32 ထို အ ခါ ကျမ်း တတ် ဆ ရာ က လျောက် ပတ် ပေ သည် ဆ ရာ၊ တစ် ဆူ တည်း ရှိ တော် မူ၍ ကိုယ် တော့် အ ပြင် အ ခြား မ ရှိ ဟု ဆို သည် မှာ ဟုတ် မှန် ပါ သည်။
  • 33 ကိုယ် တော် ကို စိတ် နှ လုံး၊ ဉာဏ် ပ ဋိ ဘာန်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့ ချစ် ခြင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် ခြင်း သည် ကောင် လုံး မီး ရှို့ ရာ သ က္ကာ မှ စ သော ပူ ဇော် သ က္ကာ အ မျိုး မျိုး ထက် မြတ် ပါ သည် ဟု ဝန် ခံ ရာ၊
  • 34 ပ ညာ သ တိ နှင့် ဖြေ ကြောင်း ကို ယေ ရှု သိ မြင် တော် မူ သော် သင် သည် ကောင်း ကင် နိုင် ငံ တော် နှင့် ဝေး သည် မ ဟုတ် ဟု မိန့် တော် မူ၏။ ထို နောက် ကိုယ် တော် ကို မည် သူ မျှ ထပ် မံ မ မေး မ စမ်း ဝံ့ ချေ။
  • 35 ဗိ မာန် တော် တွင် ဒေ သ နာ ပေး တော် မူ စဉ် ယေ ရှု က ခ ရစ် တော် သည် ဒါ ဝိဒ် မင်း သား တော် ဖြစ် ကြောင်း ကျမ်း တတ် ဆ ရာ တို့ အ သို့ ဆို ကြ သ နည်း။
  • 36 ထာ ဝ ရ ဘု ရား က သင်၏ ရန် သူ တို့ ကို သင့် ခြေ အောက် ငါ မ ချ မီ အ တွင်း ငါ့ လက်ျာ ဘက် မှာ စံ နေ လော့ ဟူ၍ ငါ့ အ ရှင် ဘု ရား အား မိန့် တော် မူ ကြောင်း သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ဒါ ဝိဒ် ကိုယ် တိုင် မြွက် ဆို ၏။
  • 37 ခ ရစ် တော် ကို အ ရှင် ဘု ရား ဟူ၍ ဒါ ဝိဒ် ကိုယ် တိုင် ခေါ် သ ဖြင့် မည် သို့ သူ့ သား ဖြစ် မည် နည်း ဟု မိန့် တော် မူ ၏။ ကြီး စွာ သော လူ ပ ရိ သတ် မူ ကား အား ရ ဝမ်း မြောက် စွာ ကြား နာ ကြ ၏။
  • 38 ၎င်း ပြင် ဒေ သ နာ ပေး တော် မူ စဉ် ကိုယ် တော် က ကျမ်း တတ် ဆ ရာ တို့ ကို ကြဉ် ရှောင် ကြ လော့။
  • 39 ထို သူ တို့ သည် ဝတ် လုံ ဆင် လျက် သွား လာ ခြင်း၊ စျေး များ တွင် နှုတ် ဆက် ခံ ခြင်း ဓ မ္မာ ရုံ များ ပွဲ လမ်း သ ဘင် များ တွင် မြင့် မြတ် သော နေ ရာ၌ ထိုင် ခြင်း ကို အ လို ရှိ သည့် ပြင်၊
  • 40 ဟန် ဆောင် လျက် ရှည် လျား သော ပ ဌ နာ များ ကို ရွတ် ဖတ် စဉ် ပင် မု ဆိုး မ တို့ အိမ် များ ကို သုံး စား သ ဖြင့် သာ၍ ကြီး လေး သော အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။
  • 41 ထို နောက် အ လှူ တိုက် ရှေ့ တွင် ထိုင်၍ လူ ပ ရိ သတ် ကြေး ငွေ ထည့် သွင်း ကြ သည် ကို ရှု ကြည့် တော် မူ စဉ် ကြွယ် ဝ သူ အ များ သည် များ စွာ ထည့် သွင်း ကြ ရာ၊
  • 42 ဆင်း ရဲ သော မု ဆိုး မ တစ် ယောက် လာ၍ ပိုက် ဆံ တစ် ပြား တန် ကြေး ပြား ငယ် နှစ် ပြား ကို ထည့် သွင်း သ ဖြင့်၊
  • 43 တ ပည့် တော် တို့ ကို ခေါ် တော် မူ၍ ဤ ဆင်း ရဲ သော မု ဆိုး မ သည် အ လှူ တိုက် တွင် ထည့် သွင်း သူ ရှိ သ မျှ ထက် ထည့် သွင်း လေ ပြီ၊ ငါ အ မှန် ဆို၏။
  • 44 ထို သူ အ ပေါင်း တို့ သည် စည်း စိမ် ပို မို ရာ မှ ထည့် သွင်း ကြ၏။ ဤ မိန်း မ မူ ကား ဆင်း ရဲ ငတ် မွတ် ရာ မှ ကိုယ် ပိုင် သ မျှ အ သက် မွေး ရန် ရှိ သ မျှ ကို ပင် ထည့် သွင်း ပြီ တ ကား ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页