1
ဗိ မာန် တော် မှ ထွက် ကြွ တော် မူ စဉ် တ ပည့် တော် တစ် ယောက် က ဆ ရာ၊ ဤ ကျောက် နှင့် အ ဆောင် များ မည် မျှ ကြီး သည် ကို ကြည့် တော် မူ ပါ ဟု လျှောက် သော်၊
2
ယေ ရှု က ဤ အ ဆောင် ကြီး များ ကို မြင် သ လော၊ မ ဖြို မ ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။
3
ဗိ မာန် တော် ရှေ့ သံ လွင် တောင် ပေါ် တွင် ထိုင် နေ တော် မူ သော် ပေ တ ရု၊ ယာ ကုပ်၊ ယော ဟန်၊ အ န္ဒြေ တို့ က၊
4
မည် သည့် အ ခါ တွင် ထို သို့ ဖြစ် ပျက် မည် ကို လည်း ကောင်း၊ ထို အ ရာ ခပ် သိမ်း ပြည့် စုံ ချိန် နိ မိတ် လ က္ခ ဏာ များ ကို လည်း ကောင်း မိန့် တော် မူ ပါ ဟု အ သီး အ ခြား မေး လျှောက် ကြ ရာ၊
5
ယေ ရှု က မည် သူ မျှ သင် တို့ ကို မ ဖြား ယောင်း စေ ရန် သ တိ မူ ကြ လော့။
6
များ စွာ သော သူ တို့ က ငါ ဖြစ် သည် ဟု ဆို လျက် ငါ့ နာ မ နှင့် ရောက် လာ ပြီး လျှင် အ များ ကို ဖြား ယောင်း ကြ လိမ့် မည်။
7
စစ် ဖြစ် ဆဲ သ တင်း၊ စစ် ဖြစ် မည့် သ တင်း များ ကို ကြား ရ သော် မ ကြောက် ကြ နှင့်။ ထို သို့ ဖြစ် ပျက် သော် လည်း အ ဆုံး မ တိုင် သေး။
8
လူ တစ် မျိုး နှင့် တစ် မျိုး၊ တစ် နိုင် ငံ နှင့် တစ် နိုင် ငံ ရန် ဘက် ပြု သည့် ပြင် အ ရပ် ရပ် တွင် င လျင် လှုပ် ခြင်း၊ အ စာ ခေါင်း ပါး ခြင်း များ ဖြစ် လျက် ပင် ဒု က္ခ ဦး သာ တည်း။
9
ကိုယ် ကို သ တိ မူ ကြ လော့။ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် ခတ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ရှေ့ ရပ် တန့် ခြင်း များ ကို သက် သေ အ ဖြစ် ငါ့ အ တွက် ကြောင့် သင် တို့ ခံ ရ ကြ လိမ့် မည်။
10
သို့ ရာ တွင် အ ဆုံး မ တိုင် မီ လူ အ မျိုး မျိုး သည် သ တင်း တော် မြတ် ကြား ပြော ခြင်း ကို ခံ ရ ကြ လိမ့် မည်။
11
သင် တို့ သည် ဆွဲ ငင် ပို့ အပ် ခံ ရ ကြ သည့် ကာ လ မည် သို့ ဆို ရ မည့် အ ကြောင်း တင် ကူး၍ မ စိုး ရိမ် ကြ နှင့်။ ထို အ ချိန် နာ ရီ တွင် ပင် ရ သ မျှ ကို ဆို ကြ လော့။ ဆို သူ မှာ သင် တို့ မ ဟုတ်။ သန့် ရှင်း သော ဝိညာဉ် တော် တည်း။
12
ညီ အစ် ကို သည် ညီ အစ် ကို ချင်း ကိုလည်း ကောင်း၊ အ ဘ သည် သား သမီး ကို လည်း ကောင်း၊ သေ စေ ရန် ပို့ အပ် ကြ မည့် ပြင် သား သမီး တို့ လည်း မိ ဘ ကို ရန် ဘက် ပြု၍ အ သေ သတ် စေ ကြ လိမ့် မည်။
13
ငါ့ နာ မ အ တွက် ကြောင့် သင် တို့ ကို လူ ခပ် သိမ်း မုန်း ထား ကြ လိမ့် မည်။ အ ဆုံး တိုင် အောင် တည် ကြည် သူ ကား ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။
14
ကျမ်း စာ ဖတ် သူ နား လည် ရ မည် မှာ ဆိတ် ညံ ရာ ဖြစ် စေ သော ရွံ ရှာ ဖွယ် သည် မ ရှိ သင့် သည့် အ ရပ်၌ တည် သည် ကို သင် တို့ မြင် ကြ သော် ယု ဒ ပြည် တွင် နေ ထိုင် သူ တို့ သည် တောင် တန်း သို့ ပြေး ကြ စေ။
15
အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် တစ် စုံ တစ် ရာ ယူ ရန် အိမ် တွင်း သို့ ဆင်း ဝင် ခြင်း၊
16
လယ် တွင် ရှိ နေ သူ သည် အ ဝတ် ယူ ရန် ပြန် ဝင် ခြင်း ကို မ ပြု စေ လင့်။
17
ထို နေ့ ရက် ကာ လ တွင် ကိုယ် ဝန် ဆောင် မိန်း မ နှင့် နို့ ငင် မိန်း မ တို့ အ ကျိုး နည်း လေ စွ။
18
ဘု ရား သ ခင် ဖန် ဆင်း တော် မူ ရင်း အ စ က ယ ခု တိုင် မ ဖြစ် စ ဘူး၊ နောင်၌ လည်း မ ဖြစ် လ တ္တံ့ သော ဆင်း ရဲ ဒု က္ခ ကာ လ ရောက် အံ့ သော ကြောင့် ဆောင်း ရာ သီ တွင် ထို ကာ လ မ ကျ မ ရောက် စေ ခြင်း ငှာ၊ တောင်း လျှောက် ကြ လော့။
19
20
ထို ရက် တာ ကို ထာ ဝ ရ ဘု ရား ကျုံ့ စေ တော် မ မူ လျှင် မည် သူ မျှ ဘေး လွတ် မည် မ ဟုတ်။ သို့ သော် လည်း ရွေး ချယ် ကောက် ထား တော် မူ သော သူ တို့ အ တွက် ကျုံ့ စေ တော် မူ ပြီ။
21
ထို ကာ လ ကြည့် လော့။ ခ ရစ် တော် သည် ဤ တွင် ထို တွင် ရှိ သည် ဟု တစ် စုံ တစ် ယောက် ဆို လျှင် မ ယုံ ကြ နှင့်။
22
မိ စ္ဆာ ခ ရစ်၊ မိ စ္ဆာ ပ ရော ဖက် များ သည် ပေါ် လာ၍ ရွေး ကောက် တော် မူ သော သူ တို့ ကို ဖြား ယောင်း ၍ ရ နိုင် လျှင် ရ လောက် အောင် နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ ကို ပြ ကြ လိမ့် မည်။
23
သင် တို့ ကား သ တိ မူ ကြ လော့။ အ ရာ ခပ် သိမ်း ကို ငါ တင် ကူး ပြော ထား နှင့် ပြီ ဟု မိန့် တော် မူ ၏။
24
ထို နေ့ ရက် ကာ လ ဒု က္ခ ကုန် လျှင် နေ မိုက်၍ လ ရောင် မ ထွန်း၊ မိုး ကောင်း ကင် မှ ကြယ် များ ကျ လျက်၊
25
က မ္ဘာ့ တန် ဆာ များ လည်း တုန် လှုပ် ရ လိမ့် မည်။
26
ထို အ ခါ မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ကြ ရာ၊
27
လူ့ သား သည် စေ တ မန် တော် တို့ ကို လွှတ်၍ ရွေး ကောက် တော် မူ သော သူ တို့ ကို မြေ ကြီး အ စွန်း က ကောင်း ကင် အ စွန်း တိုင် လေး မျက် နှာ မှ စု ရုံး စေ တော် မူ လိမ့် မည်။
28
သဖန်း ပင် ဆိုင် ရာ ဥ ပ မာ ကို သင် ကြား ကြ ဦး လော့။ အ ခက် အ လက် နု ၍ အ ရွက် ထွက် သည့် ကာ လ နွေ ရာသီ နီး ကြောင်း ကို သင် တို့ သိ ကြ သည့် နည်း တူ၊
29
ဆို ခဲ့ သော အ ခြင်း အ ရာ များ ကို မြင် ကြ သော် လူ့ သား သည် နီး လှ၍ တံခါး ဝ တိုင် ရောက် ကြောင်း သိ မှတ် ကြ လော့။
30
ထို အ ခြင်း အ ရာ အ လုံး စုံ မ ဖြစ် မီ ယ ခု လူ မျိုး မ ကွယ် မ လွန် ရ ငါ အ မှန် ဆို၏။
31
ကောင်း ကင် နှင့် မြေ ကြီး ပျောက် ပျက် ရ မည်။ ငါ ဟော ချက် မူ ကား ပျောက် ပျက် မည် မ ဟုတ်။
32
သို့ ရာ တွင် ထို နေ့ ရက် နာ ရီ ကို မည် သူ မျှ မ သိ။ ကောင်း ကင် ဘုံ ရှိ စေ တ မန် တော် များ မ သိ။ သား တော် လည်း မ သိ၊ ခ မည်း တော် သာ သိ တော် မူ ၏။
33
သ တိ မ လစ် ဘဲ စောင့် နေ ကြ လော့။ ထို အ ချိန် ကို သင် တို့ မ သိ ကြ။
34
အိမ် ကို ထား ခဲ့၍ အ ခြား ပြည် သို့ ထွက် သွား သော် ကျွန် တို့ အား အ သီး အ သီး တာ ဝန် ဆိုင် ရာ အ ခွင့် အာ ဏာ အပ် နှင်း သည့် ပြင် တံခါး စောင့် အား လည်း စောင့် နေ စေ ရန် မှာ ထား သူ နှင့် တူ သည် ဖြစ်၍၊
35
ည နေ အ ချိန်၊ သန်း ခေါင် အ ချိန်၊ ကြက် ဦး တွန် ချိန်၊ နံ နက် အ ချိန် တွင် အိမ့် ရှင့် ပြန် ရောက် မည် ကို သင် တို့ မ သိ သ ဖြင့် မ မြော် မ မြင် ခိုက် ရောက် လာ လျှင်၊
36
အိပ် ပျော် နေ ကြ သည် ကို တွေ့ မည် စိုး ၍ စောင့် နေ ကြ လော့။
37
စောင့် နေ ကြ ဟူ၍ သင် တို့ အား ငါ မှာ ထား သည့် နည်း တူ လူ ခပ် သိမ်း တို့ အား ငါ မှာ ထား သည် ဟု မိန့် တော် မူ ၏။