1
တစ် ဖန်၊ ဆယ့် တစ် နှစ်၊ လ ဆန်း နေ့ တွင်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
2
အ ချင်း လူ့ သား၊ တု ရု မြို့ က၊ လူ အ မျိုး မျိုး တို့၏ တံ ခါး ပေါက် ပျက် လျက်၊ ငါ့ ဘက် သို့ လှည့် ခဲ့ ပြီ။ ဆိတ် ညံ ရာ ရောက် သော ကြောင့်၊ ငါ စည် ကား တော့ မည် ဟု ယေ ရု ရှ လင် မြို့ ကို ရည်၍ ကဲ့ ရဲ့ သော ကြောင့်၊
3
ငါ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို တု ရု မြို့၊ ငါ သည် သင့် တစ် ဘက် နေ၍၊ သ မု ဒ္ဒ ရာ လှိုင်း တံ ပိုး တက် သည့် နည်း တူ၊ မြောက် မြား သော လူ မျိုး တို့ ကို သင့် ထံ ချီ တက် စေ ပြီး လျှင်၊
4
သင့် မြို့ ရိုး ကို ဖောက် ဖျက် လျက်၊ ရဲ တိုက် များ ကို ဖြို လှဲ ကြ လိမ့် မည်။ ငါ လည်း၊ ပြောင် သော ကျောက် ကျန် သည့် တိုင် အောင်၊
5
မြေ ကို ခြစ် ခွာ သ ဖြင့်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ သင် သည် သ မု ဒ္ဒ ရာ အ လယ် တွင် ပိုက် ကွန် ဖြန့် ရာ၊ လူ မျိုး ခြား တို့ လု ယူ ရာ အ ဖြစ် ရောက် လျက်၊
6
ကမ်း ခြေ ရှိ ဇ န ပုဒ် များ လည်း၊ ဓား ဖြင့် လုပ် ကြံ ခံ ၍၊ အ ရှင် ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ သိ ရ ကြ လ တ္တံ့ ဟု မိန့် ဆို၏။
7
ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ မြင်း တပ်၊ ရ ထား တပ်၊ မြင်း စီး သူ ရဲ တို့ နှင့် တ ကွ၊ များ ပြား သော အ လုံး အ ရင်း တို့ ပါ၊ မြောက် ပိုင်း မှ တု ရု မြို့ သို့ ငါ ချီ တက် စေ သော၊ ဘု ရင် ထက် ဘု ရင် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊
8
ကမ်း ခြေ ရှိ ဇ န ပုဒ် များ ကို ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ သင့် ရင် ဆိုင် ရင် တား တည် ခြင်း၊ က တုတ် လှန် ခြင်း၊ ဒိုင်း ရှည် မြှောက် ကာ ခြင်း များ ကို ပြု လျက်၊ မြို့ ရိုး ကို သစ် မောင်း နှင့် နှက်၍၊
9
ရဲ တိုက် များ ကို ဓား ဖြင့် ဖြို ဖျက် သည် နှင့်၊
10
ပေါက် ပြီး မြို့ ကို ဝင် တတ် သည့် နည်း တူ၊ မြို့ တံ ခါး ဖြင့် ချဉ်း ဝင် သော၊ မြင်း တပ် မြောက် မြား သည့် အ တွက်၊ ခွာ စာ မုန့် လွှမ်း မိုး သည့် ပြင်၊ မြင်း တပ်၊ လှည်း တပ်၊ ရ ထား တပ် အ သံ ကြောင့်၊ မြို့ ရိုး ပင် တုန် လှုပ် လ တ္တံ့။
11
လမ်း မ လမ်း မြောင် များ ကို မြင်း ခွာ ချ ခြင်း၊ မြို့ သူ မြို့ သား တို့ ကို ဓား ဖြင့် လုပ် ကြံ ခြင်း၊ ခိုင် ခံ့ သော ကျောက် တိုင် များ ကို ဖြို လှဲ ခြင်း၊ ကုန် စည် ဘ ဏ္ဍာ ကို လု ယက် ယူ ငင် ခြင်း၊
12
မြို့ ရိုး ကို ဖြို လှဲ ခြင်း၊ နှစ် သက် ဖွယ် တိုက် အိမ် များ ကို ဖြို ဖျက် လျက်၊ ကျောက်၊ သစ် သား များ ကို အ မုန့် ပါ၊ သ မု ဒ္ဒ ရာ သို့ ချ ပစ် ခြင်း များ ကို ပြု ကြ သည် နှင့်၊
13
သီ ချင်း ဆို သံ ကို၊ ငါ ပြတ် စဲ စေ၍၊ စောင်း တီး သံ ကို လည်း ကြား ရ တော့ မည် မ ဟုတ်။
14
ငါ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ချက် အ ရ၊ ပြောင် သော ကျောက်၊ ပိုက် ကွန် ဖြန့် ရာ၊ ငါ ထား သော သင် သည်၊ ပြု စု ခွင့် ရ တော့ မည် မ ဟုတ် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။
15
တု ရု မြို့ အား၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ သင့် အ တွင်း တွင် လုပ် ကြံ မှု ပြု သည့် အ တိုင်း၊ ထိ ရှ ခံ ရ သူ တို့ ညည်း သော အ ခါ၊ သင့် ပြို လဲ သံ ကြောင့်၊ သ မု ဒ္ဒ ရာ ကမ်း ခြေ များ တုန် လှုပ် မည် မ ဟုတ် လော။
16
သ မု ဒ္ဒ ရာ စံ မင်း တို့ လည်း၊ နန်း ဆင်း ၍ မင်း မြောက် တန် ဆာ ပယ် ခြင်း၊ ပန်း ထိုး ဝတ် လဲ တော် ချွတ် ခြင်း ပြု ပြီး လျှင်၊ တုန် လှုပ် ခြင်း ကို ဝတ် ခြုံ လျက်၊ သင့် ကို အံ့ အား သင့်၍ အ လန့် တ ကြား မ ပြတ် မြေ ပေါ် တွင် ထိုင် နေ စဉ်၊
17
မြို့ သား တို့ နှင့် တ ကွ သ မု ဒ္ဒ ရာ တွင် ခိုင် လှုံ လျက်၊ သင်္ဘော စီး သူ အ ပေါင်း တို့ ကို ချောက် လှန့် လျက်၊ သင်္ဘော သား တို့ နေ ရာ၊ ကျော် စော ကိ တ္တိ ရှိ သော အို မြို့ တော်၊ သင် ပျက် စီး လေ ပြီ တ ကား ဟု၊ သင် နှင့် ဆိုင် ရာ ငို ချင်း ကို ဖွဲ့ ဆို ကြ လ တ္တံ့။
18
သင် ပြို လဲ သည့် ကာ လ၊ သ မု ဒ္ဒ ရာ ကမ်း ခြေ တုန် လှုပ် ခြင်း၊ ကွယ် လွန် သ ဖြင့်၊ သ မု ဒ္ဒ ရာ ရှိ ကျွန်း များ ထိတ် လန့် ခြင်း၊ ခံ ရ ကြ လ တ္တံ့ ဟု မိန့် ဆို ၏။
19
ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ နေ သူ မဲ့ မြို့ ရွာ များ ကဲ့ သို့ သင့် ကို ဆိတ် ညံ ရာ မြို့ ဖြစ် စေ လျက်၊ မ ဟာ သ မု ဒ္ဒ ရာ ဖုံး လွှမ်း အောင်၊ ရေ ထု ကို ငါ တက် စေ သည့် ကာ လ၊
20
သင်္ချိုင်း တွင် ဆင်း ရ သူ တို့ နှင့် တ ကွ၊ ရှေး လူ ဟောင်း တို့ ထံ ချ ပြီး လျှင်၊ ရှင် သူ တို့ နေ ရာ တွင် ဂုဏ် အ သ ရေ ကင်း လျက်၊ နေ သူ မဲ့ အံ့ သော ငှာ၊ ယ မန် က ဆိတ် ညံ ရာ အ ရပ်၊ မြေ ပ ထ ဝီ နက် ရှိုင်း ရာ အ ရပ် များ တွင်၊ သင်္ချိုင်း တွင်း ဆင်း ရ သူ တို့ နှင့် အ တူ နေ ရာ ပေး မည်။
21
ထို သို့ ထိန့် လန့် ဖွယ် အ ဖြစ် ငါ ထား သော သင် သည်၊ တည် ရှိ ရ တော့ မည် မ ဟုတ်။ ရှာ သော် လည်း သင့် ကို တွေ့ ရ တော့ မည် မ ဟုတ် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ၍ တည်း။