1
ထို ကာ လ ဗာ လ ဒန် မင်း သား တော် ဗာ ဗု လုန် ဘု ရင် မေ ရော ဒ ဗာ လ ဒန် မင်း သည်၊ ဟေ ဇ ကိ မင်း မ ကျန်း ခန့် ခြင်း မှ ထ မြောက် တော် မူ ကြောင်း ကြား သ ဖြင့်၊ အ မှာ တော် စာ နှင့် လက် ဆောင် တော် များ ကို ပို့ လိုက် ရာ၊ ဟေ ဇ ကိ မင်း ဝမ်း သာ လျက်၊
2
ဘ ဏ္ဍာ တိုက် တော် ရှိ ရွှေ ငွေ များ မှ စ၍ နံ သာ မျိုး၊ အ ဖိုး ထိုက် နံ့ သာ ဆီ၊ လက် နက် တိုက် အ ဆောင် အ ရွက် တော် ဟူ သ မျှ ကို ဖွင့် ပြ လေ၏။ နန်း တော် မှ စ သော နိုင် ငံ တော် တစ် ဝှမ်း လုံး တွင်၊ မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ချေ။
3
ထို နောက် ဟေ ဇ ကိ မင်း ထံ ပ ရော ဖက် ဟေ ရှာ ယ ဝင် ရောက်၍ ထို သူ တို့ သည် မည် သို့ တင် လျှောက် ကြ သ နည်း။ မည် သည့် ပြည် မှ လာ ကြ သ နည်း ဟု မေး သော်၊ ဟေ ဇ ကိ မင်း က၊ ဝေး ကွာ သော ပြည်၊ ဗာ ဗု လုန် မြို့ မှ အ ကျွန်ုပ် ထံ လာ ရောက် ကြ ပါ ပြီ ဟု ပြန် ဆို လျှင်၊
4
နန်း တော် တွင် မည် သည့် အ ရာ ကို မြင် ရ ကြ သ နည်း ဟု မေး ပြန် သည့် ကာ လ၊ နန်း တွင်း ရှိ အ ရာ ခပ် သိမ်း ကို မြင် ကြ လေ ပြီ၊ အ ဆောင် အ ရွက် တော် အ နက် အ ကျွန်ုပ် မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ဟု၊ ဟေ ဇ ကိ မင်း ပြန် ဆို လေ၏။
5
ဟေ ရှာ ယ က ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ လော့။
6
နန်း တွင်း ရှိ အ ရာ ခပ် သိမ်း ကို လည်း ကောင်း၊ ယ နေ့ တိုင် ဘိုး ဘေး တို့ ဆည်း ပူး ခဲ့ သ မျှ ကို လည်း ကောင်း၊ မ ခြွင်း မ ချန်၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ရာ နေ့ ရက် ကာ လ ရောက် လိမ့် မည်။
7
သင် မှ ဆင်း သက် သော သား မြေး တို့ လည်း သိမ်း သွား ခံ ရ ပြီး လျှင်၊ ဗာ ဗု လုန် ဘု ရင့် နန်း တော် တွင် မိန်း မ စိုး ဖြစ် ရ ကြ လိမ့် မည်၊ ဟူ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဆင့် ဆို ရာ၊
8
ဟေ ဇ ကိ မင်း က၊ ယ ခု ဆင့် ဆို သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် သင့် လျော် ပါ ပြီ ဟူ၍ လည်း ကောင်း၊ အ ကျွန်ုပ် လက် ထက် ငြိမ် ချမ်း ခြင်း၊ တည် တံ့ ခြင်း ရှိ မည် ဟူ၍ လည်း ကောင်း၊ ဟေ ရှာ ယ အား ပြန် ဆို လေ ၏။