ဟေ​ရှာ​ယ-16

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ပြည့် ရှင် မင်း၏ အ ခွန် တော် အ ဖြစ် ဖြင့်၊ သိုး သား ငယ် များ ကို သ တို့ သ မီး ဇိ အုန် တောင် တော် ပေါ် သို့၊ သေ လ မြို့ မှ သဲ က န္တာရ လမ်း ဖြင့် ပို့ ဆက် ကြ လော့။
  • 2 အ သိုက် ခွာ၍ လှည့် လည် ရ သော ငှက် များ ကဲ့ သို့၊ မော ဘ သ တို့ သ မီး တို့ သည်၊ အာ နုန် မြစ် ကူး ဆိပ် မှာ ရှိ ကြ ရာ၊ အ ကြံ ပေး၍ ခုံ သ မာ ဓိ လုပ် ပါ လော့။
  • 3 မွန်း တည့် အ ချိန် တွင် ညဉ့် ကဲ့ သို့ သင့် အ ရိပ် ဖြင့် မိုး လျက် နှင် ထုတ် ခံ ရ သော သူ တို့ ကို ကွယ် ထား လော့။ တိမ်း ရှောင် သူ တို့ ကို မ ပေါ် ပေါက် စေ နှင့်။
  • 4 နှင် ထုတ် လိုက် သော မော ဘ လူ မျိုး ချင်း တို့ အား ခို ခွင့် ပေး လျက်၊ လု ယက် သူ တို့ မှ ကာ ကွယ် ရာ ဖြစ် ပါ လော့ ဟု တောင်း ပန် ကြ လိမ့် မည်။ အ သို့ ဆို သော် ရက် စက် သူ တိမ် ကော လျက်၊ ဖျက် ဆီး သူ ပ ပျောက် လျက်၊ နှိမ် နှင်း သူ လည်း ပြည် တော့် မှ ကင်း ရှင်း သည် နှင့် အ ညီ
  • 5 ဒါ ဝိဒ် မင်း တဲ နန်း တော် အ တွင်း၊ ကျေး ဇူး တော် အား ဖြင့် တည် မြဲ သော ရာ ဇ ပ လ္လင် ထက် ဖြောင့် မတ် ခြင်း တ ရား ကို ရှာ ကြံ ရန် လျင် မြန် လျက်။ သ စ္စာ စောင့်၍ စီ ရင် ဆုံး ဖြတ် သော မင်း တစ် ပါး စံ နေ တော် မူ လိမ့် မည်။
  • 6 မော ဘ၏ မာ န သည် အ လွန် ကြီး ကြောင်း ကို လည်း ကောင်း၊ ထောင် လွှား စော် ကား ခြင်း၊ ဒေါ သ အ မျက် ထွက် ခြင်း များ အ ကြောင်း ကိုလည်း ကောင်း၊ ငါ တို့ ကြား သိ ရ ပြီ။ ဤ ဝင့် ဝါ ခြင်း ကား၊ အ ချည်း နှီး တည်း။
  • 7 မော ဘ သည် မော ဘ အ တွက် အော် ရာ၊ လူ ခပ် သိမ်း ပင် အော် ရ ကြ မည်။ ဒဏ် ချက် ပြင်း စွာ ခံ ရ သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့၊ စ ပျစ် ပျဉ် များ ကို၊ လွမ်း ဆွတ် ညည်း ညူ ရ ကြ လိမ့် မည်။
  • 8 စိ ဗ မာ စ ပျစ် ပင် သည် အ ခက် အ လက် နှံ့ ပြား လျက်၊ ယာ ဇာ မြို့ တိုင် အောင် ရောက်၍၊ သဲ တော စပ်၌ အ လေ့ ပေါက် သည့် ပြင်၊ အိုင် တစ် ဘက် သို့ ပြန့် ပွား ရာ သီး ပြွတ် အား ဖြင့်၊ လူ မျိုး ခြား မှူး မတ် တို့ ကို တိမ်း လဲ စေ တတ် သော် လည်း၊ ၎င်း စ ပျစ် ပင် နှင့် ယေ ရှ ဘုန် ခြံ များ ပါ ညှိုး နွမ်း ခဲ့ လေ စွ။
  • 9 ထို့ ကြောင့် ယာ ဇာ သူ မြို့ သား တို့ ငို ကြွေး ကြ သည့် နည်း တူ၊ ငါ လည်း စိ ဗ မာ စ ပျစ် ပင် ကို လွမ်း ဆွတ် ငို ကြွေး လိမ့် မည်။ အို ဟေ ရှ ဘုန် မြို့ နှင့် ဧ လာ လေ မြို့ တို့၊ သင်၏ သစ် သီး အ စိမ်း အ မှည့် များ သည် စစ် အောင် သံ ကြား ရ သော ကြောင့်၊ ယို ကျ သော မျက် ရည် ဖြင့် ငါ လောင်း လိမ့် မည်။
  • 10 ၎င်း ပြင်၊ ဝမ်း မြောက် ခြင်း ရွှင် လန်း ခြင်း များ ကို၊ ခြံ ထဲ မှ ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ဥ ယျာဉ် များ၌ ကျူး ဧ ခြင်း၊ ကြွေး ကြော် ခြင်း မ ရှိ ခဲ့ လေ။ ကျင်း၌ စ ပျစ် သီး ကို နင်း တတ် သူ တို့ သည် မ နင်း မ ညှစ် ရ။ ပျော် ရွှင် သံ ကို လည်း ငါ ပြတ် စဲ စေ တော် မူ ပြီ။
  • 11 ထို့ ကြောင့် ငါ့ ဝမ်း သည် မော ဘ ပြည် အ တွက်၊ ငါ သည်း အူ သည် ကိ ရ ဟ ရက် မြို့ အ တွက်၊ စောင်း သံ ပ မာ မြည် လိမ့် မည်။
  • 12 မော ဘ သည် ကိုယ့် သန့် ရှင်း ရာ ဌာ န သို့ ဝင် ရောက် ပ ဌ နာ ပြု လျက်၊ မြင့် ရာ ဌာ န၌ ကြိုး ပန်း စွာ ဖူး မြော် သော် လည်း အ ကျိုး မဲ့ ဖြစ် လိမ့် မည်။
  • 13 ထာ ဝ ရ ဘု ရား သည် မော ဘ ပြည် ကို ရည်၍ ယ မန် မိန့် တော် မူ ချက် ကား၊ ထို သို့ ပင် တည်း။
  • 14 ထာ ဝ ရ ဘု ရား ယ ခု မိန့် တော် မူ ပြန် သည် ကား၊ သူ ရင်း ငှား တို့၏ နှစ် တာ အ လျောက် သုံး နှစ် အ တွင်း တွင် မော ဘ ပြည် သည်၊ ဘုန်း အ သ ရေ အ မြောက် အ များ အ လုံး အ ရင်း နှင့် တ ကွ ရှုတ် ချ ခြင်း ကို ခံ ရ လိမ့် မည်။ ကြွင်း ကျန် သူ တို့ ကား၊ နည်း ပါး သိမ် ဖျင်း ကြ လိမ့် မည် ဟု မိန့် တော် မူ သ တည်း။
回到本卷目录 回到本版本目录 回到首页