ရှောလမုန်သီချင်း။-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ရှင် သည်၊ ကျွန် မ မိ ခင်၏ နို့ ကို သောက် စို့ သော မောင် ရင်း ကဲ့ သို့ ဖြစ် စေ လို ပါ၏။ သို့ ဖြစ် လျှင်၊ ပြင် ပ မှာ တွေ့၍ ကျွန် မ နမ်း ရှုပ် သော် လည်း၊ သူ တစ် ပါး ကဲ့ ရဲ့ မည် မ ဟုတ် ပါ။
  • 2 ကျွန် မ သည် အ ရှင် ကို လမ်း ပြ၍၊ ကျွန် မ ကို သွန် သင် စေ ရန်၊ မိ ခင့် တိုက် ခန်း သို့ ခေါ် သွင်း ပြီး လျှင်၊ အ နံ့ ဆေး ကူ သော စ ပျစ် ရည် နှင့် သ လဲ ရည် ကို ကျွန် မ တိုက် ပါ မည်။
  • 3 အ ရှင်၏ လက် ဝဲ လက် သည် ဦး ခေါင်း ကို ထူ မ လျက်၊ လက်ျာ လက် လည်း ပိုက် ဘက် ပါ စေ။
  • 4 အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ချစ် ခြင်း မေတ္တာ အ လို အ လျောက် မ ဖြစ် ပွား မီ၊ မ ထ ကြွ မ နှိုး ဆော် စေ ခြင်း ငှာ၊ ကျွန် မ တောင်း ပန် ပါ၏။
  • 5 ကိုယ့် ချစ် သူ နှင့် ယှဉ်၍၊ တော မှ လာ သော သူ ကား၊ မည် သူ နည်း။သင့် အ မိ သည်၊ ဝေ ဒ နာ ခံ၍ သင့် ကို မွေး ဘွား ရာ အ ရပ်၊ သစ် သော့ ပင် အောက် တွင် သင့် ကို မေ တ္တာ နှိုး ဆော် ခဲ့ ပြီ။
  • 6 ကျွန် မ ကို၊ အ ရှင့် နှ လုံး ပေါ်၌လည်း ကောင်း လက် ရုံး တော် ပေါ်၌လည်း ကောင်း၊ တံ ဆိပ် ကဲ့ သို့ ဆောင် တော် မူ ပါ။ အ သို့ ဆို သော်။ မေတ္တာ သည် သေ ခြင်း နှင့် အ မျှ တန် ခိုး ကြီး ပါ၏။ မ ရှု ဆိတ် နိုင် ခြင်း လည်း၊ မ ရ ဏာ့ နိုင် ငံ နှင့် အ မျှ ရက် စက် လျက်၊ အ ရှိန် လည်း၊ မီး အ ရှိန်၊ ထာ ဝ ရ ဘု ရား၏ အ ရှိန် တော် ဖြစ်၏။
  • 7 ရေ များ သည်၊ မေ တ္တာ ရှိန် ကို မ သတ် နိုင်။ ရေ အ ယဉ် လည်း မ လွှမ်း မိုး နိုင်။ လူ သည်၊ မေ တ္တာ ကို ပိုင် သ မျှ ဥ စ္စာ ပ စ္စည်း များ နှင့် လဲ လှယ် ခဲ့ လျှင်၊ မု ချ မ ထီ မဲ့ မြင် ပြု ရာ ရောက် လိမ့် မည်။
  • 8 ငါ တို့၌ ရင် သား မ ပေါ် သေး သော ညီ မ တစ် ယောက် ရှိ၏။ တောင်း ရမ်း သော နေ့ ရက် တွင်၊ ထို ညီ မ အ တွက် မည် သို့ ပြု ရ မည် နည်း။
  • 9 မြို့ ရိုး သ ဖွယ် ဖြစ် လျှင်၊ ငွေ ပြ အိုး တည် ဆောက် လိမ့် မည်။ တံ ခါး သ ဖွယ် ဖြစ် လျှင် မူ ကား၊ ထင်း ရူး ပျဉ် ဖြင့် ကာ ရံ လိမ့် မည်။
  • 10 ကျွန် မ သည် မြို့ ရိုး သ ဖွယ်၊ ရင် သား လည်း ရဲ တိုက် သ ဖွယ် ဖြစ် ပါ၍၊ အ ရှင့် မျက် မှောက်၌ ငြိမ် သက် ရာ ရောက်၏။
  • 11 ရှော လ မုန် မင်း သည်၊ ဗာ လ ဟာ မုန် ခ ရိုင်၌ ပိုင် ရှိ သော စ ပျစ် ဥ ယျာဉ် ကို၊ ဥ ယျာဉ့် စောင့် တို့ အား၊ အ ငှား ချ ထား သည့် အ တိုင်း၊ အ သီး အ နှံ အ တွက် ငွေ တစ် ထောင် စီ၊ အ သီး သီး ဆက် သွင်း ရ ကြ၏။
  • 12 အို ရှော လ မုန် မင်း၊ ကိုယ် တော် သည် ထို ငွေ တစ် ထောင် စီ ကို ခံ ယူ လျက်၊ အ သီး စောင့် ထိန်း သူ တို့၌၊ နှစ် ရာ စီ ရ ပါ လေ စေ။ အ ကျွန်ုပ် ပိုင် သော စ ပျစ် ဥ ယျာဉ် ကို ကား၊ လက် ဝယ် သိမ်း ထား တော့ မည်။
  • 13 ဥ ယျာဉ် များ၌ နေ တတ် သူ၊ သင့် အ ပေါင်း အ ဖော် တို့ သည်၊ သင့် စ ကား သံ ကို ကြား နာ ခွင့် ရ ကြ၏။ ငါ လည်း ကြား ပါ ရ စေ။
  • 14 ကျွန် မ၏ ချစ် သူ အ လျင် အ မြန် လာ၍ နံ့ သာ တောင် ပေါ် မှာ၊ ပျို ရွယ် သော သ မင် ဒ ရယ် ကဲ့ သို့ ပြု တော် မူ ပါ။
回到本卷目录 回到本版本目录 回到首页