1
ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ ငါ့ ဥ ယျာဉ် ထဲ သို့ ငါ ဝင် လာ ပြီ။ မု ရန် နှင့် ဒန်း ခိုင် ကို ငါ ဆွတ် ယူ ပြီ။ ငါ့ ပျား ရည် နှင့် ပျား လ ပို့ ကို စား၍၊ နို့ ရည် နှင့် စ ပျစ် ရည် ကို သောက် လေ ပြီ။ ငါ့ အ ဆွေ တို့၊ စား ကြ လော့။ ငါ့ မိတ် ဆွေ တို့၊ သောက် ကြ လော့။ ဝ စွာ သောက် ကြ လော့။
2
ကျွန် မ သည်၊ ကိုယ် အိပ် လျက် စိတ် နိုး စဉ်၊ တံ ခါး ကို ခေါက် သော ကျွန် မ ချစ် ဆွေ၏ စ ကား သံ မှာ၊ ငါ့ နှ မ၊ ငါ့ ချစ် ဆွေ၊ ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ၊ ဖွင့် ပါ။ ငါ့ ဦး ခေါင်း သည် နှင်း နှင့်လည်း ကောင်း၊ ကေ သာ လည်း ညဉ့် နှင်း ပေါက် နှင့်လည်း ကောင်း ပြည့် လျက် ရှိ ပါ၏ ဟု ဆို လျှင်၊
3
ကျွန် မ မှာ နေ့ အ ဝတ် ကို ချွတ် ပါ ပြီ။ မည် သို့ ပြန် ဝတ် ရ အံ့ နည်း။ ခြေ ကို ဆေး ပါ ပြီ။ မည် သို့ ပြန် ညစ် ရ အံ့ နည်း ဟု ပြန် ပြော သော်၊
4
ကျွန် မ၏ ချစ် သူ သည်၊ လက် တော် ကို အ ခန်း ဆီး ကြား က သွင်း လှမ်း ရာ၊ သ နား ကြင် နာ သ ဖြင့်၊
5
ကျွန် မ၏ ချစ် သူ့ အား ဖွင့် ပေး ရန် ထ သော အ ခါ၊ လက် မှ မု ရန်၊ လက် ချောင်း များ မှ မု ရန် ဆီ သည်၊ တံ ခါး ကျင် ပေါ် သို့ အ စက် စက် ကျ လျက်၊
6
ချစ် သူ့ အား ကျွန် မ ဖွင့် ပေး ရာ၊ ချစ် သူ မ ရှိ၊ ပြန် ဆုတ် နှင့် လေ ပြီ။ ပြန် ဆုတ် သော ကြောင့် အား လျော့၍၊ ရှာ သော် မ တွေ့။ ခေါ် သော် လည်း မ ထူး ချေ။
7
မြို့ ကို လှည့် ပတ် သော ကင်း သ မား တို့ နှင့် တွေ့ လျှင်၊ ကျွန် မ ကို နာ ကျင် စွာ ရိုက် နှက် ကြ သည့် ပြင်၊ မြို့ ရိုး စောင့် တို့ လည်း ခြုံ ပ ဝါ ကို လု ယူ ကြ၏။
8
အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ကျွန် မ၏ ချစ် သူ ကို တွေ့ က၊ ဝေ ဒ နာ ကပ် အောင် ချစ် ခင် သည် ဟု ကြား ပြော မည့် အ ကြောင်း၊ ကျွန် မ တောင်း ပန် ပါ၏။
9
မိန်း မ တ ကာ တို့ ထက် အ ဆင်း လှ သော အစ် မ၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။ ကျွန် မ တို့ ကို ထို သို့ တောင်း ပန် လောက် အောင်၊ သင့် ချစ် သူ သည် အ ခြား ချစ် သူ တို့ နှင့် မည် သို့ ခြား နား သ နည်း။
10
ကျွန် မ၏ ချစ် သူ သည်၊ အ ဆင်း ဖြူ ခြင်း၊ နီ ခြင်း များ နှင့် ပြည့် စုံ၍၊ လူ တစ် သောင်း အ ပေါ် တွင်၊ အ ထွဋ် အ မြတ် ဖြစ် ပါ၏။
11
ဦး ရေ မှာ ရွှေ စင်၊ ဆံ ပင် မှာ ကျီး မွေး ရောင် ကဲ့ သို့ ထူ ထပ် စွာ နက်၏။
12
မျက် လုံး မျက် ကွင်း သည်၊ နို့ ရည်၌ နှစ် ချိုး လျက်၊ မောက် ဖြိုး သော မြစ် ရေ ပေါ် တွင် ဝပ် နေ သော ချိုး နှင့် တူ၏။
13
ပါး သည် နံ့ သာ ပေါင် ဒန်း ခိုင် ကဲ့ သို့လည်း ကောင်း၊ နှုတ် ခမ်း လည်း မု ရန် ဆီ အ စက် စက် ကျ လျက် နှင်း ပန်း ကဲ့ သို့ လည်း ကောင်း ဖြစ်၏။
14
လက် များ သည်၊ မျက် ရွဲ စီ သော လက် ဝတ် ကဲ့ သို့လည်း ကောင်း၊ ကိုယ် လည်း နီ လာ ဖြင့် စီ ချယ် သော ဆင် စွယ် ကဲ့ သို့လည်း ကောင်း ဖြစ်၏။
15
ခြေ များ သည် ရွှေ စင် ခုံ၌ စိုက် ထား သော ကျောက် ဖြူ တိုင် နှင့် တူ၏။ ရူ ပ ကာ ယ လည်း လေ ဗ နုန် တောင် နှင့် တူ လျက်၊ သစ် က တိုး ပင် ကဲ့ သို့ ထူး မြတ် ပေ၏။
16
နှုတ် သည် အ လွန် ချို၍၊ တစ် ကိုယ် လုံး ပင် နှစ် သက် ဖွယ် ဖြစ်၏။ အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ထို သို့ သော သူ သည် ငါ့ ချစ် သူ၊ ငါ့ ချစ် ဆွေ ဖြစ် သ တည်း။