ရှောလမုန်သီချင်း။-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ကျွန် မ သည် ရှာ ရုန် နှင်း ဆီ ပန်း၊ ကွင်း ပြင်၌ ပေါက် သော နှင်း ပန်း ဖြစ် ပါ၏။
  • 2 ငါ ချစ် ဆွေ လည်း၊ သ တို့ သ မီး စု ထဲ မှာ၊ ဆူး ကြား တွင် နှင်း ပန်း ကဲ့ သို့ ဖြစ်၏။
  • 3 ကျွန် မ၏ ချစ် သူ သည်၊ သ တို့ သား စု ထဲ မှာ၊ တော ပင် စု တွင် သစ် သော့ ပင် ကဲ့ သို့ ဖြစ်၏။ ကျွန် မ သည် သူ၏ အ ရိပ်၌၊ နှစ် သက် ခို ဝင်၍၊ အ သီး ကို မြိန် ရှက် စွာ စား ရ၏။
  • 4 ပျော် ပွဲ အိမ် သို့ ကျွန် မ ကို ဆောင် သွား၍၊ ကျွန် မ အ ပေါ်၌ မေ တ္တာ တော် အောင် လံ ကို စိုက် ထူ တော် မူ ခဲ့ ပြီ။
  • 5 ကျွန် မ သည် ဝေ ဒ နာ ကပ် အောင် ချစ် သည် ဖြစ်၍၊ စ ပျစ် ပျဉ် နှင့် အား ဖြည့် လျက်၊ သစ် သော့ သီး နှင့် သက် သာ ခွင့် ရ ပါ စေ။
  • 6 အ ရှင်၏ လက် ဝဲ လက် သည် ကျွန် မ ဦး ခေါင်း ကို ထူ မ လျက်၊ လက်ျာ လက် လည်း ပိုက် ဖက် ပါ စေ။
  • 7 အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ချစ် ခြင်း မေ တ္တာ အ လို အ လျောက် မ ဖြစ် ပွား မီ၊ မ ထ ကြွ မ နှိုး ဆော် စေ ခြင်း ငှာ၊ တော ရှိ သ မင် ဒ ရယ် မ တို့ ကို တိုင် တည်၍ ကျွန် မ တောင်း ပန် ပါ ၏။
  • 8 ကျန် မ ချစ် သူ ၏ အ သံ တ ကား၊ ကြည့် လော့။ တောင် ကြီး တောင် ငယ် တို့ အ ပေါ်၌ ခုန် ပေါက် လျက် လာ ပြီ။
  • 9 ကျွန် မ ချစ် သူ သည်၊ ပျို ရွယ် သော သ မင် ဒ ရယ် နှင့် တူ၏။ ကြည့် လော့။ ထ ရံ ပြင် မှာ ရပ် လျက်၊ ပြူ တင်း ဝ က ကြည့် လျက်၊ အ ခန်း ဆီး ကြား မှာ ချောင်း လျက် နေ ၏။
  • 10 ချစ် သူ သည်၊ ကျွန် မ အား ပြော ဆို သည် မှာ၊ ငါ၏ ချစ် ဆွေ အ လှ၊ ထ၍ ထွက် လာ ခဲ့ ပါ။
  • 11 ဝ သ န္တ ကုန် လွန်၍၊ မိုး လည်း ကင်း ခဲ့ ပြီ။
  • 12 မြေ ပေါ် မှာ ပန်း များ ပွင့်၍၊ ကြွေး ကြော် ချိန် ရောက် လေ ပြီ။ နေ ပြည်၌ ချိုး ငှက် တို့ တွန် ကူ သံ ကို လည်း ကြား ရ ၏။
  • 13 သ ဖန်း ပင် သည်၊ အ သီး စိမ်း ကို မှည့် ဝင်း စေ၍၊ စ ပျစ် ပင် လည်း ပွင့် လျက် မွှေး ကြိုင် ပြီ။ ငါ့ ချစ် ဆွေ အ လှ၊ ထ၍ လာ ခဲ့ ပါ။
  • 14 ကမ်း ပါး ရံ ကွယ် ရာ ကျောက် တွင်း ၌ ခို နေ သော ငါ့ ချိုး ငှက်၊ သင်၏ မျက် နှာ လှ၍ စ ကား ချို သော ကြောင့်၊ မျက် နှာ ကို မြင် လျက် စ ကား ကို ကြား ပါ ရ စေ။
  • 15 ငါ တို့၏ စ ပျစ် ဥ ယျာဉ် သည်၊ ပွင့် လျက် ရှိ သည် ဖြစ်၍၊ ထို စ ပျစ် ပင် များ ကို ဖျက် တတ် သော မြေ ခွေး များ နှင့် မြေ ခွေး ငယ် တို့ ကို ဖမ်း ဆီး ကြ လော့။
  • 16 ချစ် သူ သည် ကျွန် မ ပိုင်၊ ကျွန် မ လည်း အ ရှင် ပိုင် ဖြစ် ပါ၏။ နှင်း တော တွင် ထိန်း ကျောင်း လေ့ ရှိ၏။
  • 17 ကျွန် မ၏ ချစ် သူ၊ ည နေ ချမ်း တိုင်၍ အ ရိပ် မ ပျောက် မီ၊ ဗေ သာ တောင် ပေါ် မှာ ပျို ရွယ် သော သ မင် ဒ ရယ် ကဲ့ သို့ ပြန် ကြွ တော် မူ ပါ။
回到本卷目录 回到本版本目录 回到首页