ရှောလမုန်သီချင်း။-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မိန်း မ တ ကာ တို့ ထက် အ ဆင်း လှ သော အစ် မ၊ သင့် ချစ် သူ သည်၊ အ ဘယ် အ ရပ် သို့ သွား သ နည်း၊ ကျွန် မ တို့ လည်း သင် နှင့် အ တူ လိုက် ရှာ ရန်၊ သင့် ချစ် သူ ကား၊ အ ဘယ် အ ရပ် သို့ လှည့် သွား သ နည်း။
  • 2 ကျွန် မ ၏ ချစ် သူ သည်၊ သူ့ ဥ ယျာဉ်၌ စား သောက်၍၊ နှင်း ပန်း များ ကို ဆွတ် ယူ ရန်၊ ဥ ယျာဉ် အ တွင်း၊ ဒန်း ခင်း သို့ ဆင်း သွား လေ၏။
  • 3 ချစ် သူ သည် ကျွန် မ ပိုင်၊ ကျွန် မ လည်း အ ရှင် ပိုင် ဖြစ် ပါ၏။ နှင်း တော၌ ထိန်း ကျောင်း လေ့ ရှိ၏။
  • 4 ငါ့ ချစ် ဆွေ၊ သင် သည် တိ ဇ ရ မြို့ ကဲ့ သို့ လှ၍၊ ယေ ရု ရှ လင် မြို့ ကဲ့ သို့ တင့် တယ်၏။ တပ် အောင် လံ ကဲ့ သို့ ကြောက် မက် ဖွယ် ဖြစ်၏။
  • 5 သင့် မျက် စိ သည် ငါ့ ကို လှန့် သော ကြောင့် လွှဲ ပါ။ ဆံ ပင် လည်း ဂိ လဒ် တောင် ထိပ်၌ ဝပ် နေ သော ဆိတ် အုပ် ကဲ့ သို့ ဖြစ်၏။
  • 6 သင်၏ သွား များ သည်၊ ရေ ချ ရာ မှ တက် လာ သော သိုး အုပ် ကဲ့ သို့ စင် ကြယ် သည့် ပြင်၊ ရှဉ်း ပဲ့ မ ဟုတ်၊ ရှဉ်း စုံ ဖြစ် ကြ၏။
  • 7 ရှေ့ ကာ အောက် နား ထင် သည်၊ သ လဲ ရောင် နှင့် တူ၏။
  • 8 မိ ဖု ရား ခြောက် ဆယ်၊ မောင်း မ ငယ် ရှစ် ဆယ်၊ ရံ ရွေ တော် မ ရေ မ တွက် နိုင် အောင် ရှိ သော် လည်း၊
  • 9 ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ ကား တစ် ပါး တည်း ရှိ၏။ ဖွား မြင် သူ မိ ခင်၌ အ မြတ် ဆုံး သော သ မီး ဖြစ် သ ဖြင့်၊ မြင် ရုံ မျှ ပင် လူ့ သ မီး တို့ ဩ ဘာ ပေး လျက်၊ မိ ဖု ရား များ နှင့် မောင်း မ ငယ် တို့ လည်း ချီး မွမ်း ကြ၏။
  • 10 လ ကဲ့ သို့ တင့် တယ် လျက်၊ နေ ကဲ့ သို့ ကြည် လင် လျက်၊ တပ် အောင် လံ ကဲ့ သို့ ကြောက် မက် ဖွယ် ဖြစ် လျက်၊ နေ အ ရုဏ် ကဲ့ သို့ စီး ကြည့် သော အ ပျို ကား၊ မည် သူ နည်း။
  • 11 စ ပျစ် ပင် သန် မ သန်၊ သ လဲ ပင် ပွင့် မ ပွင့်၊ ရှု ကြည့် ရန် လည်း ကောင်း၊ ချိုင့် ဝှမ်း ရာ၌ အ ညှောက် အ စို့ ကို ရှု ကြည့် ရန် လည်း ကောင်း၊
  • 12 သစ် ကြား ဥ ယျာဉ် ထဲ သို့ ကျွန် မ ဆင်း သွား ရာ၊ မ ဆင် ခြင် သေး မီ ပင်၊ မင်း စီး မင်္ဂ လာ ရ ထား ပေါ် တွင် ကျွန် မ တမ်း တ ဆဲ တက် စီး ရ လေ၏။
  • 13 အ ချင်း ရှု လံ မြို့ သူ၊ ပြန် လာ ပါ။ ပြန် လာ ပါ။ သင့် ကို ကျွန် မ တို့ ရှု မြင် ရန် ပြန် လာ ပါ၊ ပြန် လာ ပါ။ အ ငြိမ့် နှစ် ပွဲ က သည် ကို ရှု ကြည့် သ ကဲ့ သို့၊ ရှု လံ မြို့ သူ့ ကို အ ဘယ် ကြောင့် ရှု ကြည့် ရ မည် နည်း။
回到本卷目录 回到本版本目录 回到首页