သုတ္တံကျမ်း။-20

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 စ ပျစ် ရည် သည် မ ထီ လေး စား ပြု ရာ၊ အ ရက် လည်း ဆူ ညံ ရာ အ ကြောင်း ဖြစ် သော ကြောင့်၊ ယစ် မူး သ မျှ သော သူ တို့ သည် ပ ညာ မဲ့ ကြ ၏။
  • 2 ဘု ရင် မင်း ၌ ကြောက် မက် စေ သော အ ရာ သည်၊ ခြင်္သေ့ ဟောက် သံ နှင့် တူ သ ဖြင့်၊ အ မျက် တော် ငြိ သူ သည်၊ ကိုယ့် အ သက် ဆုံး ရှုံး ရာ ရောက် ၏။
  • 3 ခိုက် ရန် ဖြစ် ခြင်း နှင့် ကင်း လျက် နေ သော သူ သည်၊ ဂုဏ် အ သ ရေ ရှိ၏။ လူ မိုက် မူ ကား၊ မျက် မာန် ထ တတ်၏။
  • 4 ပျင်း ရိ သော သူ သည်၊ မိုး ဥ တု တွင်၊ လယ် မ ထွန် ဘဲ နေ သ ဖြင့်၊ ရိတ် သိမ်း ရာ ကာ လ၌၊ တောင်း သော် လည်း မ ရ ချေ။
  • 5 လူ့ စိတ် နှ လုံး၌ အ ကြံ အ စည် သည်၊ နက် သော တွင်း ရေ နှင့် တူ သော် လည်း၊ ဉာဏ် ပ ဋိ ဘာန် ရှိ သော သူ သည်၊ ခပ် ယူ နိုင်၏။
  • 6 များ စွာ သော လူ တို့ သည်၊ ကျေး ဇူး ပြု တတ် သူ နှင့် တွေ့ ကြုံ ရ သော် လည်း၊ သ စ္စာ ရှိ သူ့ ကို ကား၊ မည် သူ တွေ့ နိုင် အံ့ နည်း။
  • 7 ဖြောင့် မတ် သော သူ သည်၊ ရိုး သား စွာ လျှောက် လိုက် သ ဖြင့်၊ ဆင်း သက် သော သား မြေး တို့၌ မင်္ဂ လာ ရှိ၏။
  • 8 တ ရား ပ လ္လင် ပေါ် တွင် ထိုင် နေ သော ဘု ရင် မင်း သည်၊ အ ဆိုး ရှိ သ မျှ ကို မျက် စောင်း တော် ဖြင့် လှေ့ တတ်၏။
  • 9 ကိုယ့် စိတ် နှ လုံး ကို စင် ကြယ် စေ ပြီ။ အ ပြစ် နှင့် သန့် စင် လျက် ရှိ ပြီ ဟု၊ မည် သူ ဆို နိုင် သ နည်း။
  • 10 အ ချိန် ချင်း မ တူ သော အ လေး၊ အ ခြင့် ချင်း မ တူ သော တောင်း၊ ထို နှစ် မျိုး သည် ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌၊ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ်၏။
  • 11 သူ ငယ် သော် လည်း၊ သ ဘော စင် သည် မ စင် သည် ကိုလည်း ကောင်း၊ မှန် သည် မ မှန် သည် ကိုလည်း ကောင်း၊ အ ပြု အ မူ များ ထင် ရှား စေ တတ်၏။
  • 12 ကြား ရ သော နား၊ မြင် ရ သော မျက် စိ၊ နှစ် ပါး လုံး ကို ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ပြီ။
  • 13 နွမ်း ပါး ခြင်း အ ဖြစ် သို့ မ ရောက် စေ ရန်၊ အိပ် ကြူး ခြင်း ကို မ ခုံ မင် နှင့်။ နိုး ကြား လျှင် မူ ကား၊ အ စား အ သောက် နှင့် ရောင့် ရဲ ရ လိမ့် မည်။
  • 14 ဝယ် မည့် သူ က၊ မ ကောင်း ပါ မ ကောင်း ပါ ဟု ဆို တတ် သော် လည်း၊ ဝယ် သွား ပြီး မှ ဝါ ကြွား တတ် ၏။
  • 15 ရွှေ နှင့် ပ တ္တ မြား အ များ ရှိ သည် မှန် သော် လည်း၊ အ သိ ပ ညာ နှင့် ပြည့် စုံ သော နှုတ် ကား၊ ထူး မြတ် သော ရ တ နာ ဖြစ်၏။
  • 16 သူ တစ် ပါး နှင့် သူ စိမ်း တို့ အ တွက် အာ မ ခံ သော သူ၏ အ ဝတ် ကို ပင်၊ ယူ၍ ပေါင် ထား ပါ စေ။
  • 17 လှည့် စား သ ဖြင့် ရ သော အ စာ သည်၊ ချို မြိန် သည် မှန် သော် လည်း၊ စား ရ သော သူ၏ နှုတ် သည်၊ ကျောက် ခဲ သ လဲ နှင့် ပြည့် ဝ လိမ့် မည်။
  • 18 နှီး နှော တိုင် ပင် ခြင်း အား ဖြင့်၊ အ ကြံ ထ မြောက် တတ်၏။ အ ကြံ ပေး ရာ ကို ဆင် ခြင် ပြီး မှ သာ လျှင်၊ စစ် မှု ကို စီ ရင် လော့။
  • 19 ကုန်း ချော ၍ သွား လာ တတ် သော သူ သည်၊ လျှို့ ဝှက် အပ် သော အ ရာ ကို ဖော် ပြ တတ် သည် ဖြစ်၍၊ မ လိ မ္မာ သော နှုတ် ရှိ သူ နှင့် မ ပေါင်း နှင့်။
  • 20 အ ကြင် သူ သည်၊ အ ဘ ကို သော်လည်း ကောင်း၊ အ မိ ကို သော်လည်း ကောင်း၊ ဆဲ ဆို အံ့။ ထို သူ၏ မီး ခွက် သည် မှောင် မိုက် အ တိ၌ ငြိမ်း လ တ္တံ့။
  • 21 အ စ အ ဦး၌ လော ဘ အ လိုက်၊ ဥ စ္စာ ပိုင် ရ သော် လည်း၊ အ ဆုံး တွင်၊ အ မင်္ဂ လာ တည် လိမ့် မည်။
  • 22 အ ဆိုး အ တွက် လက် စား ချေ မည် ဟု မ ဆို နှင့်။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လော့။ ကယ် တင် တော် မူ လိမ့် မည်။
  • 23 အ ချိန် ချင်း မ တူ သော အ လေး များ သည် ထာ ဝ ရ ဘု ရား၏ မျက် မှောက် တော်၌ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။ စဉ်း လဲ သော ချိန် ခွင် လည်း မ ကောင်း၊
  • 24 သူ တော် ကောင်း၏ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား စီ စဉ် တော် မူ လျက် နှင့်၊ ကိုယ် သွား ရာ လမ်း ကို မည် သို့ နား လည် နိုင် သ နည်း။
  • 25 သီး သန့် ထား ပြီ ဟု နှုတ် ပေါ့ လွန်း လျက်၊ သ စ္စာ ထား မှ ဆင် ခြင် သော သ ဘော သည်၊ ညွှတ် ကွင်း သ ဖွယ် ဖြစ်၏။
  • 26 ပ ညာ ရှိ သော ဘု ရင် မင်း သည်၊ လူ ဆိုး တို့ ကို လှေ့၍ ဘီး ဖြင့် ဖိ လှိမ့် စေ ၏။
  • 27 လူ၏ စိတ် ဝိ ညာဉ် သည် ကိုယ့် အ တွင်း သ ဘော ကို စစ် ဆေး ရန်၊ ထာ ဝ ရ ဘု ရား၏ မီး ခွက် သ ဖွယ် ဖြစ်၏။
  • 28 က ရု ဏာ နှင့် သ စ္စာ တ ရား သည် ဘု ရင် မင်း ကို စောင့် ထိန်း တတ်၏။ ရာ ဇ ပ လ္လင် လည်း၊ က ရု ဏာ တ ရား အား ဖြင့် တည် မြဲ၏။
  • 29 လူ ပျို တို့၏ ဘုန်း ကား၊ အ စွမ်း သ တ္တိ၊ လူ အို တို့၏ ဂုဏ် ကား၊ ဆံ ဖြူ တည်း။
  • 30 နာ ကျင် စေ တတ် သော ရိုက် နှက် ခြင်း သည်၊ အ ဆိုး အ ညစ် ကို လည်း ကောင်း၊ ဒဏ် ချက် များ လည်း၊ အ တွင်း သ ဘော ကို လည်း ကောင်း၊ သုတ် သင် ရှင်း လင်း တတ်၏။
回到本卷目录 回到本版本目录 回到首页