1
မည် သူ မ ဆို နွား၊ သိုး၊ ဆိတ် ကို ခိုး၍ သတ် သည် ဖြစ် စေ၊ ရောင်း သည် ဖြစ် စေ၊ နွား တစ် ကောင် အ စား ငါး ကောင်၊ သိုး ဆိတ် တစ် ကောင် အ စား လေး ကောင် များ ကို လျော် ပေး စေ။
2
ဖောက် ထွင်း စဉ် သူ ခိုး ကို တွေ့ သ ဖြင့် ရိုက်၍ သေ သော် လည်း သွေး သွန်း ပြစ် ကင်း စေ။
3
နေ ထွက် မှ ဖြစ် လျှင် မူ ကား မ ကင်း ချေ။ သူ ခိုး သည် လျော် ပေး ရန် တာ ဝန် ရှိ လေ ၏။ ပေး ရန် မ ရှိ လျှင် ခိုး ရာ ပါ ပ စ္စည်း အ တွက် ကိုယ် ကို အ ရောင်း ခံ စေ။
4
သူ ခိုး လက် တွင် ခိုး ရာ ပါ နွား၊ မြည်း၊ သိုး၊ ဆိတ် ကို အ ရှင် တွေ့ မိ လျှင် နှစ် ဆ လျော် ပေး စေ။
5
ကိုယ့် လယ်၊ ကိုယ့် စ ပျစ် ခြံ၌ စား စေ ရာ တွင် တိ ရ စ္ဆာန် ကို လွှတ် ထား သ ဖြင့် သူ တစ် ပါး ၏ လယ်၌ စား လျှင် ကိုယ့် လယ်၊ ကိုယ့် စ ပျစ် ခြံ ထဲ က အ ကောင်း ဆုံး ကို လျော် ပေး ရ မည်။
6
မီး ရှို့ စဉ် ဆူး စည်း ကို ကူး သ ဖြင့် သူ တစ် ပါး ၏ ကောက် လှိုင်း ပုံ၊ စ ပါး ပင်၊ လယ် ယာ များ ကို ကျွမ်း လောင် လျှင် မီး ရှို့ သူ သည် မု ချ လျော် ပေး စေ။
7
မည် သူ မ ဆို သူ တစ် ထူး ထံ၊ ရွှေ ငွေ၊ အ သုံး အ ဆောင် ကို စောင့် ထိန်း ရန် အပ် ထား စဉ် ထို သူ့ အိမ် မှ ခိုး ယူ ရာ သူ ခိုး ကို ဖမ်း မိ လျှင် နှစ် ဆ လျော် စေ။
8
မ မိ လျှင် မူ ကား သူ့ ဥ စ္စာ ကို အ လွဲ သုံး စား မှု မ ပြု ကြောင်း သ စ္စာ ဆို ရန် သ မာ ဓိ တို့ ထံ အိမ် ရှင် ဝင် စေ။
9
၎င်း နည်း၊ မည် သည့် ကျူး လွန် မှု မျိုး မ ဆို နွား၊ မြည်း၊ သိုး၊ ဆိတ်၊ အ ဝတ် တန် ဆာ စ သော ပျောက် သ မျှ သော ဥ စ္စာ နှင့် စပ်၍ ဤ အ ရာ ကား ငါ ပိုင် တည်း ဟု တစ် စုံ တစ် ယောက် ဆို လျှင် နှစ် ဦး သား တို့ အ မှု ကို သ မာ ဓိ တို့ ထံ ဆက် သွင်း၍ သ မာ ဓိ တို့ အ ပြစ် စီ ရင် ခံ ရ သူ သည် နှစ် ဆ လျော် ပေး စေ။
10
မည် သူ မ ဆို၊ နွား၊ မြည်း၊ သိုး၊ ဆိတ် စ သော တိ ရ စ္ဆာန် ကို သူ တစ် ထူး ထံ ထိန်း ကျောင်း ရန် အပ်၍ မျက် ကွယ်၌ ထို တိ ရ စ္ဆာန် သေ သည် ဖြစ် စေ၊ အင်္ဂါ ပျက် ယွင်း သည် ဖြစ် စေ၊ တိုက် ယူ သည် ဖြစ် စေ၊
11
သူ့ ဥ စ္စာ ကို အ လွဲ သုံး စား မှု မ ပြု ကြောင်း နှစ် ဦး သား တို့ ကြား တွင် ထာ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို သည် နှင့် အ ညီ ဥ စ္စာ ရှင် ယုံ ကြည်၍ ထိန်း ကျောင်း သူ မ လျော် ရ။
12
ခိုး သွား လျှင် မူ ကား ဥ စ္စာ ရှင် အား လျော် ပေး စေ။
13
သား ရဲ ကိုက် လျှင် သက် သေ အ ဖြစ် ယူ ခဲ့ စေ။ အ ကိုက် ခံ ရ သော အ ကောင် အ တွက် မ လျော် ရ။
14
မည် သူ မ ဆို သူ တစ် ပါး ထံ တစ် စုံ တစ် ရာ ကို အ ခ မဲ့ ငှါး ၍ ဥ စ္စာ ရှင် မ ပါ ဘဲ သေ သည် ဖြစ် စေ၊ အင်္ဂါ ပျက် ယွင်း သည် ဖြစ် စေ၊ မု ချ လျော် စေ။
15
ဥ စ္စာ ရှင် ပါ လျှင် မ လျော် ရ။ ပ ခုံး ခွန် နှင့် ဖြစ် က ပ ခုံး ခွန် တွင် ပြေ ငြိမ်း ပြီ။
16
အ ကြင် သူ သည် မ မှန်း သေး သော အ ပျို က ညာ ကို ဖြား ယောင်း၍ အိပ် စက် လျှင် ထို သူ သည် မ ယား ဖြစ် ရန် ကန် တော့ ဥ စ္စာ တင် သွင်း စေ။
17
ထို မိန်း မ ကို အ ဘ မ ထိမ်း မြား သော် လည်း တင် သွင်း ကန် တော့ လေ့ ရှိ သည့် အ တိုင်း ငွေ ကို လျော် ပေး ရ မည်။
18
စုံး မ ကို အ သက် မ ရှင် စေ နှင့်။
19
တိ ရ စ္ဆာန် နှင့် မှား ယွင်း သူ သည် မု ချ သေ ဒဏ် ခံ စေ။
20
ငါ ထာ ရ ဘု ရား မှ တစ် ပါး အ ခြား သော ဘု ရား တို့ ထံ ပူ ဇော် သော သူ သည် မြေ လှန် ခံ စေ။
21
သင် တို့ သည် အိ ဂျစ် ပြည် တွင် ဝင် နေ သူ အ ဖြစ် နေ ခဲ့ ရ ဘူး သည် နှင့် အ ညီ ဝင် နေ သူ ကို မ ညှဉ်း ဆဲ မ နှိပ် စက် ကြ နှင့်။
22
မု ဆိုး မ ကို သော် လည်း ကောင်း၊ ဘ သက် ဆိုး ကို သော် လည်း ကောင်း မ ညှဉ်း ပန်း ကြ နှင့်။
23
ညှဉ်း ပန်း ခံ ရ သ ဖြင့် ငါ့ ထံ အော် ဟစ် လျှင် ထို ဟစ် သံ ကို မု ချ ငါ နား ညောင်း သည် နှင့် အ ညီ၊
24
ပြင်း စွာ အ မျက် တော် ထား လျက် သင် တို့ ကို ဓား ဘေး ဖြင့် ကွပ် မျက်၍ မ ယား တို့ သည် မု ဆိုး မ၊ သား များ လည်း ဘ သက် ဆိုး ဖြစ် ကြ လိမ့် မည်။
25
လူ မျိုး တော် ဖြစ် သော သင် နှင့် အ တူ နေ သူ ဆင်း ရဲ သား အား ငွေ ကို ချေး လျှင် မြီ ရှင် မ လုပ် ရ။ ငွေ တိုး လည်း မ ယူ ရ။
26
အ ကယ်၍ သူ တစ် ထူး ၏ အ ဝတ် ကို သင် အ ပေါင် ခံ လျှင် နေ မ ဝင် မီ ပြန် ပေး ရ မည်။
27
သူ၌ အ ခြား ခြုံ ရန် မ ရှိ။ အ ရေ ပါး ကို ခြုံ သော အ ဝတ် ဖြစ်၏။ သူ သည် မည် သို့ အိပ် ရ မည် နည်း။ ငါ့ ထံ ဟစ် လျှင် က ရု ဏာ ရှိ သည် နှင့် အ ညီ နား ညောင်း လိမ့် မည်။
28
ငါ ဘု ရား ကို ပြစ် မှား ပြော ဆို ခြင်း၊ သင့် လူ မျိုး အ ပေါ် တွင် အုပ် စိုး သော မင်း ကို ကျိန် ဆဲ ခြင်း မ ပြု နှင့်။
29
သင့် စ ပါး ဆန် ရေ အ နက်၊ ဆက် ကပ် ရန် မ ဖင့် နွှဲ နှင့်။ အ ဦး ဖွား သော သား တို့ ကို လည်း ငါ့ အား ဆက် ကပ် ရ မည်။
30
နွား၊ သိုး၊ ဆိတ် များ ကို လည်း ထို နည်း တူ ပြု ရ မည်။ ၎င်း တို့ သား ငယ် များ ကို အ မိ နှင့် ခု နစ် ရက် နေ စေ၍ အ ဌ မ နေ့ ရောက် သော် ငါ့ အား ဆက် ကပ် ရ မည်။
31
သင် တို့ သည် ငါ့ အ ဖို့ သီး သန့် ထား သူ ဖြစ် ကြ သည့် အ တိုင်း လယ် တော၌ သား ရဲ ကိုက် သော အ သား ကို မ စား ရ။ ခွေး များ အား ပစ် ပေး ရ မည်။