ထွက်​မြောက်-21

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဣ သ ရေ လ လူ တို့ ရှေ့ တွင် ထား ရ မည့် ဆုံး ဖြတ် ချက် များ ကား၊
  • 2 ဟေ ဗြဲ လူ မျိုး ဖြစ် သော ကျွန် ကို ဝယ် လျှင် ထို ကျွန် သည် ခြောက် နှစ် အ စေ ခံ၍ သ တ္တ မ နှစ် တွင် ကိုယ် နေ ကြေး မဲ့ လွတ် သွား စေ။
  • 3 တစ် ယောက် တည်း ဝင်၍ ခံ လျှင် တစ် ယောက် တည်း ပင် ထွက် စေ။ ခင် ပွန်း ပါ လျှင်၊ ခင် ပွန်း နှင့် တ ကွ ထွက် စေ။
  • 4 ခင် ပွန်း ကို သ ခင် ထိမ်း မြား ၍ သား သ မီး ရ လျှင် ခင် ပွန်း နှင့် သား သ မီး တို့ ကို သ ခင် ပိုင် စေ လျက် ကျွန် တစ် ယောက် တည်း သာ ထွက် သွား စေ။
  • 5 သို့ ရာ တွင် ကျွန် က၊ သ ခင် နှင့် ကျွန် တော့် မ ယား၊ သား သ မီး တို့ ကို ချစ် ခင်၍ မ ထွက် လို ပါ ဟု ပြော ဆို ခဲ့ လျှင်
  • 6 သ ခင် သည် ဘု ရား သ ခင့် အ ထံ တော် သို့ ခေါ် သွင်း ပြီး မှ အိမ် တံ ခါး၊ သို့ မ ဟုတ် တံ ခါး တိုင် သို့ ဆောင် ယူ၍ ကျွန် လည်း စူး နှင့် နား ဖောက် ခံ လျက် သ ခင့် ထံ အ စဉ် ကျွန် ခံ စေ။
  • 7 မည် သူ မ ဆို ကိုယ့် သ မီး ကို ကျွန် အ ဖြစ် ရောင်း လျှင်၊ ထို မိန်း မ သည် ဆို ခဲ့ သော ကျွန် ယောက်ျား နည်း တူ ထွက် ရ မည် မ ဟုတ်။
  • 8 သ ခင် သည် ထို မိန်း မ ကို ကိုယ် တိုင် မှန်း ထား၍ မ နှစ် သက် လျှင် ရွေး နုတ် ခွင့် ပေး စေ။ သ စ္စာ ဖျက် သော ကြောင့် လူ မျိုး ခြား တို့ ထံ ရောင်း ခွင့် မ ရှိ။
  • 9 ကိုယ့် သား နှင့် ထိမ်း မှန်း ထား လျှင် မူ ကား သ မီး ရင်း ကို ပြု သည့် နည်း တူ ပြု စု ရ မည်။
  • 10 နှောင်း မ ယား ယူ သော် လည်း အ ထက် မ ယား အား အ စား၊ အ ဝတ်၊ မ ယား ဝတ် များ ကို မ လျှော့ ရ။
  • 11 ထို ဝတ် သုံး ပါး ကို မ ပြု လျှင် ၎င်း မိန်း မ သည် ကိုယ် နေ ကြေး မဲ့ ထွက် စေ။
  • 12 လူ ကို အ သေ သတ် သူ သည် ကိုယ် တိုင် သေ ဒဏ် ခံ စေ။
  • 13 သူ့ အ သက် အ န္တ ရာယ် ကို မ ရှာ ကြံ ဘဲ လက် တွင်း သို့ ဘု ရား သ ခင် အပ်၍ သတ် မိ လျှင် ပြေး ရ မည့် အ ရပ် ကို ငါ စီ မံ ဦး မည်။
  • 14 သူ တစ် ထူး ကို လှည့် ဖြား ၍ ရက် စက် ကြမ်း ကြုတ် စွာ သတ် သော သူ့ ကို ကား ငါ့ ပ လ္လင် တော် မှ ပင် ဆွဲ ငင် ကွပ် မျက် စေ။
  • 15 မိ ဘ ကို သတ် ပုတ် သော သူ သည် မု ချ သေ ဒဏ် ခံ စေ။
  • 16 မည် သူ မ ဆို လူ ကို ခိုး ၍ ရောင်း သည် ဖြစ် စေ၊ လက် ငင်း တွေ့ မိ သည် ဖြစ် စေ သေ ဒဏ် ခံ စေ။
  • 17 မိ ဘ ကို ဆဲ ဆို သော သူ သည် သေ ဒဏ် မု ချ ခံ စေ။
  • 18 လူ ချင်း ခိုက် ရန် ဖြစ် ၍ ကျောက် ခဲ နှင့် ထု သည် ကို ဖြစ် စေ၊ လက် သီး နှင့် ထိုး သည် ကို ဖြစ် စေ၊ ခံ ရ သော သူ သည်၊ မ သေ ဘဲ အိပ် ရာ၌ နေ ရ သော် လည်း၊
  • 19 ထ ၍ တောင် ဝေး နှင့် ထွက် သွား နိုင် လျှင် လက် ရောက် ပြု သူ သည် အ ပြစ် ကင်း စေ။ သို့ ရာ တွင် နာ လျက် နေ ရ သည့် အ တွက် လျော် ငွေ ပေး၍ ကျန်း မာ အောင် ကု သ စေ။
  • 20 သ ခင် သည် တုတ် နှင့် ရိုက် နှက်၍ ကျွန် ယောက်ျား ဖြစ် စေ၊ ကျွန် မိန်း မ ဖြစ် စေ၊ ရိုက် တွင်း သေ လျှင် လက် စား ချေ ဒဏ် ကို မု ချ ခံ စေ။
  • 21 တစ် ရက် နှစ် ရက် အ တွင်း မ သေ လျှင် မူ ကား ကျွန် ပိုင် ဖြစ် ၍ သ ခင် မ ခံ ရ။
  • 22 လူ ချင်း သတ် ပုတ် လုံး ထွေး ရာ တွင် ကိုယ် ဝန် ဆောင် မိန်း မ ကို ထိ ခိုက် မိ သ ဖြင့် သား ပျက် သည် မှ တစ် ပါး အ န္တ ရာယ် မ ဖြစ် လျှင် လင် တောင်း သည့် လျော် ငွေ ကို စုံ ရာ သ မာ ဓိ တို့ စီ ရင် သည့် အ တိုင်း ပေး စေ။
  • 23 အ န္တ ရာယ် ရှိ လျှင် မူ ကား အ သက် အ စား အ သက်၊
  • 24 မျက် စိ အ စား မျက် စိ၊ သွား အ စား သွား၊ လက် အ စား လက်၊
  • 25 ခြေ အ စား ခြေ၊ မီး လောင် ခြင်း အ စား မီး လောင် ခြင်း၊ ထိ ရှ ခြင်း အ စား ထိ ရှ ခြင်း၊ ဒဏ် ရာ အ စား ဒဏ် ရာ များ ကို ခံ စေ။
  • 26 သ ခင် သည် ကျွန် ယောက်ျား၊ ကျွန် မိန်း မ၏ မျက် စိ ကို ပျက် အောင် ရိုက် လျှင် မျက် စိ ပျက် ရ သည့် အ တွက် အ လွတ် ထွက် သွား ခွင့် ပေး စေ။
  • 27 ကျွန် ယောက်ျား၊ ကျွန် မိန်း မ၏ သွား ကို ရိုက် ချိုး လျှင် သွား ကျိုး ရ သည့် အ တွက် အ လွတ် ထွက် သွား ခွင့် ပေး စေ။
  • 28 နွား သည် လူ ယောက်ျား၊ လူ မိန်း မ ကို သေ အောင် ဝှေ့ လျှင် ခဲ နှင့် ပစ် သတ် စေ။ အ သား ကို မ စား ရ။ နွား ရှင် မူ ကား အ ပြစ် ကင်း စေ။
  • 29 သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို နွား ရှင် ကြား သိ ရ လျက် မ စောင့် ရှောက် သည် နှင့် ယောက်ျား မိန်း မ ကို ဝှေ့ သတ် လျှင် ခဲ နှင့် ပစ် သတ် စေ။
  • 30 နွား ရှင် လည်း အ သေ ခံ စေ။ သို့ မ ဟုတ် ကိုယ် အ သက် ရွေး နုတ် ရန် စီ ရင် ချက် ရ လျှင် စီ ရင် သည့် အ တိုင်း ရွေး နုတ် ရန် လျော် ကြေး ကို ပေး စေ။
  • 31 သား ငယ်၊ သ မီး ငယ် တစ် စုံ တစ် ယောက် ကို ဝှေ့ လျှင် လည်း ဆို ခဲ့ သော ဆုံး ဖြတ် ချက် အ တိုင်း ခံ စေ။
  • 32 ကျွန် ယောက်ျား၊ ကျွန် မိန်း မ ကို ဝှေ့ လျှင် မူ ကား ၄င်း ကျွန့် သ ခင် သို့ ငွေ အ ကျပ် သုံး ဆယ် လျော် ပေး စေ။ နွား ကို လည်း ခဲ နှင့် ပစ် သတ် ရ မည်။
  • 33 မည် သူ မ ဆို တွင်း ကို ဖော် သည် ဖြစ် စေ၊ တူး ၍ မ ပိတ် ဘဲ ထား သည် ဖြစ် စေ၊ ထို တွင်း သို့ နွား မြည်း တစ် ကောင် ကောင် ကျ လျှင်၊
  • 34 တွင်း ရှင် သည် ပေး လျော် ထိုက် သော နွား မြည်း တန် ဖိုး ကို နွား မြည်း ရှင် အား ပေး လျော် ၍ အ သေ ကောင် ကို ပိုင် စေ။
  • 35 မည် သူ့ နွား မ ဆို တစ် ဦး နွား ကို ဝှေ့၍ သေ လျှင် ရှင် သော နွား ကို ရောင်း၍ အ ဖိုး ကို သ ခင် နှစ် ဦး ခွဲ ယူ ကြ စေ။ နွား သေ ကို လည်း ထက် ဝက် စီ ယူ ကြ စေ။
  • 36 သို့ ရာ တွင် နွား သည် ယ မန် က ဝှေ့ တတ် သည် ကို သိ လျက် နွား ရှင် မ စောင့် ရှောက်၍ ဖြစ် လျှင် နွား အ စား နွား ကို မု ချ လျော် ပေး စေ။ သေ သော နွား ကို ကား ပိုင် စေ။
回到本卷目录 回到本版本目录 回到首页