1
ထို နောက် ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊
2
ငါ သည် ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ သင့် ကို ထုတ် ဆောင် ခဲ့ သော သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
3
ငါ မှ တစ်ပါး အ ခြား သော ဘု ရား များ ကို မ ကိုး ကွယ် နှင့်။
4
ရုပ် ပွား ဆင်း တု ကို လည်း ကောင်း၊ အ ထက် ကောင်း ကင်၊ အောက် မြေ ကြီး၊ မြေ ကြီး အောက် ရေ ထု ၌ ရှိ သော အရာ ၏ ပုံ သ ဏ္ဌာန် ကို လည်း ကောင်း မ လုပ် နှင့်။ ရှိ မ ခိုး၊ ဝတ် မ ပြု နှင့်။
5
အ သို့ ဆို သော်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် မ ရှု စိတ် သော ဘု ရား၊ ငါ့ ကို မုန်း ထား သော သူ တို့ အ မျိုး အ စဉ် တ တိ ယ စ တု တ္ထ အ ဆက် တိုင် အောင် ဘိုး ဘေး တို့ ပြစ် မှု ကို သား မြေး မြစ် တို့ အ ပေါ် တင်၍ စီ ရင် သော ဘု ရား၊
6
ငါ့ ကို ချစ် ကြည် မြတ် နိုး လျက် ပ ညတ် တော် များ ကို လည်း စောင့် ရှောက် သူ တို့ အ မျိုး အနွယ် အ ထောင် အ သောင်း တို့ အ ပေါ် က ရု ဏာ သက် သော ဘု ရား ဖြစ် ၏။
7
သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို မ ထီ မဲ့ မြင် ပြု၍ မ သုံး နှင့်။ နာ မ တော် ကို မ ထီ မဲ့ မြင် ပြု၍ သုံး သူ၌ အ ပြစ် မ ရှိ ဟု ငါ ထာ ဝ ရ ဘု ရား မှတ် တော် မ မူ။
8
ဥ ပုသ် နေ့ ကို သီး သန့် စောင့် ရှောက် ရန် သ တိ ရ လော့။
9
ခြောက် ရက် အ တွင်း ကိုယ့် အ မှု အ ရေး ရှိ သ မျှ ကို လုပ် ဆောင် ရ သော် လည်း၊
10
သ တ္တ မ နေ့ သည် သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ရှေ့ ဥ ပုသ် နေ့ ဖြစ် သ ဖြင့် သင် မှ စ၍ သား၊ သ မီး၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ တိ ရ စ္ဆာန်၊ တံ ခါး အ တွင်း ဝင် နေ သူ ပါ မည် သည့် အ မှု အ ရေး ကို မျှ မ လုပ် မ ဆောင် ရ။
11
အ သို့ ဆို သော်၊ ငါ ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ ရေ နှင့် ပါ ရှိ သ မျှ ကို ခြောက် ရက် တွင် ဖန် ဆင်း ပြီ၊ သ တ္တ မ နေ့၌ ငြိမ် ဝပ် စွာ နေ သည် ဖြစ်၍ ဥ ပုသ် နေ့ ကို ကောင်း ကြီး ပေး လျက် သီး သန့် ထား တော် မူ ၏။
12
သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပေး သ နား သော ပြည်၌ တာ ရှည် စေ ရန် မိ ဘ ကို ရို သေ သ မှု ပြု လော့။
13
သူ့ အ သက် ကို မ သတ် နှင့်။
14
သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။
15
သူ့ ဥ စ္စာ ကို မ ခိုး နှင့်။
16
သူ တစ် ပါး ၏ တစ် ဘက်၌ မု သာ သက် သေ မ ခံ နှင့်။
17
သူ တစ် ပါး၏ အိမ်၊ မ ယား၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ နွား၊ မြည်း မှ စ၍ ပိုင် ဆိုင် ရာ တစ် စုံ တစ် ခု ကို မျှ တပ် မက် သော စိတ် မ ရှိ စေ နှင့် ဟူ သော ဗျာ ဒိတ် အ လုံး စုံ ကို မိန့် တော် မူ ၏။
18
လူ တစ် မျိုး လုံး သည်၊ မိုး ချုန်း ခြင်း၊ လျှပ် ပြက် ခြင်း၊ တံ ပိုး မှုတ် ခြင်း၊ တောင် မှ မီး ခိုး ထွက် ခြင်း များ ကို သိ မြင် သော အ ခါ၊
19
ထွက် ပြေး ၍ အ ဝေး၌ ရပ် နေ လျက် သေ တော့ မည် စိုး ၍ ကျွန် တော် တို့ ဘု ရား သ ခင် မိန့် မြွက် တော် မ မူ ပါ စေ နှင့်။ ကိုယ် တော် သာ ဆင့် ဆို တော် မူ ပါ။ နာ ခံ ပါ မည် ဟု မော ရှေ အား လျှောက် ဆို ကြ သော်၊
20
မော ရှေ က၊ မ ကြောက် ကြ လင့်။ သင် တို့ ကို စုံ စမ်း ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင် ကို ခန့် ညား သော သ ဘော ရှိ၍ မ ပြစ် မှား ကြ စေ ခြင်း ငှါ လည်း ကောင်း၊ ဘု ရား သ ခင် ကြွ လာ တော် မူ ပြီ ဟု လူ မျိုး အား ပြော ဆို ပြီး လျှင်၊
21
မော ရှေ သည် ဘု ရား သ ခင် ရှိ တော် မူ ရာ တ ခဲ နက် မှောင် အ တိ သို့ ချဉ်း ကပ် သော် လူ မျိုး လည်း အ ဝေး၌ ပင် ရပ် နေ ကြ ၏။
22
ထို အ ခါ ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား တို့ ကို ဆင့် ဆို ရ မည် မှာ မိုး ကောင်း ကင် မှ သင် တို့ အား ငါ မိန့် မြွက် သည် ကို သိ မြင် ကြ ပြီ။
23
ငါ မှ တစ် ပါး၊ ကိုး ကွယ် ရန် ငွေ ဘု ရား၊ ရွှေ ဘု ရား များ ကို မ လုပ် ကြ နှင့်။
24
ငါ့ ထံ ပူ ဇော် ရန် မြေ ပ လ္လင် တော် ကို တည်၍ ၎င်း အ ပေါ် တွင် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ အ ဖြစ် သင် တို့ နွား သိုး ဆိတ် များ ကို ပူ ဇော် ကြ ရ မည်။ ငါ့ နာ မ ကို သ တိ ရ စေ မည့် နေ ရာ အ ရပ် ရပ်၌ သင် တို့ ရှိ ရာ သို့ ငါ ကြွ လာ၍ ကောင်း ကြီး ပေး မည်။
25
ကျောက် ပ လ္လင် ကို တည် လျှင် မူ ကား စို့ နှင့် ဆစ်၍ တည် က၊ ထို ပ လ္လင် မ သန့် ရာ ရောက် သည် ဖြစ် ၍ ဆစ် သော ကျောက် နှင့် မ တည် ရ။
26
ရှက် ဖွယ် ရာ မ ဖြစ် စေ ခြင်း ငှါ ပ လ္လင် ထက် သို့ လှေ ကား ဖြင့် မ တက် ရ ဟု ဆင့် ဆို ရ မည်။