1
အို ဘု ရား သ ခင်၊ ဘု ရင် မင်း အား၊ ကိုယ် တော် စီ ရင် ဆုံး ဖြတ် ပိုင် ခွင့် ကို လည်း ကောင်း၊ မင်း သား ဖြစ် သော ထို သူ့ အား၊ ဖြောင့် မတ် ခြင်း ကို လည်း ကောင်း၊ သ နား တော် မူ ပါ။
2
လူ မျိုး တော် ကို ဖြောင့် မတ် စွာ စီ ရင် လျက်၊ ဆင်း ရဲ သော လူ မျိုး ကို တ ရား သ ဖြင့် အုပ် စိုး ပါ စေ သော။
3
တောင် ကြီး တောင် ငယ် များ သည် ဖြောင့် မတ် ခြင်း အား ဖြင့်၊ လူ မျိုး တော် ကို ချမ်း သာ ခွင့် ပို့ ပါ စေ သော။
4
ဘု ရင် မင်း သည် လူ မျိုး တော် အ နက် နွမ်း ပါး သူ့ တို့ ကို စီ ရင် ခြင်း၊ ဆင်း ရဲ သား တို့ ကို ကယ် မ ခြင်း၊ ညှဉ်း ပန်း သူ တို့ ကို နှိပ် ကွပ် ခြင်း ပြု ပါ စေ သော။
5
နေ မင်း၊ လ မင်း တည် နေ သ မျှ အ တွင်း၊ ကိုယ် တော် ကို လူ မျိုး အ ဆက် ဆက် ခန့် ညား ကြ ရ ပါ စေ သော။
6
ယာ ခင်း ပေါ် မှာ ရွာ သော မိုး ကဲ့ သို့ လည်း ကောင်း၊ မြေ ကို စို စွတ် သော မိုး ကောင်း ကဲ့ သို့ လည်း ကောင်း၊ သက် ရောက် ပါ စေ သော။
7
လက် ထက် တော် ၌၊ ဖြောင့် မတ် သူ ပွင့် လန်း ၍၊ လ မင်း မ ပ မ ပျောက် သည့် အ တွင်း၊ စည်း စိမ် ချမ်း သာ ခံ စား ရ ပါ စေ သော။
8
ပင် လယ် တစ် ပြင် မှ တစ် ပြင် တိုင် အောင် လည်း ကောင်း၊ မြစ် ကြီး မှ မြေ စွန်း တိုင် အောင် လည်း ကောင်း၊ အုပ် စိုး ရ ပါ စေ သော။
9
သဲ က န္တာ ရ ရှိ လူ မျိုး တို့ သည်၊ ရှေ့ တော်၌ ဦး ညွှတ်၍၊ ရန် သူ တော် တို့ လည်း၊ မြေ မှုန့် ကို လျက် ကြ ရ ပါ စေ သော။
10
တာ ရှု ဘု ရင်၊ ကျွန်း ငယ် များ ၏ ဘု ရင် တို့ သည်၊ လက် ဆောင် တော် ပါ လာ၍၊ ရှေ ဘ နှင့် သေ ဘ ဘု ရင် တို့ လည်း၊ အ ခွန် တော် များ ကို ဆက် သ ကြ ရ ပါ စေ သော။
11
ရှေ့ တော် ၌ ဘု ရင် မင်း ရှိ သ မျှ တို့ ပျပ် ဝပ် ၍၊ ခပ် သိမ်း သော လူ မျိုး တို့ သည်၊ ဘ ၀ါး ကျွန် ဖြစ် ကြ ပါ စေ သော။
12
အ သို့ ဆို သော်၊ ဟစ် ခေါ် လျက် နွမ်း ပါး သူ နှင့်၊ ခို ကိုး ရာ မဲ့ ဆင်း ရဲ သား တို့ ကို ကယ် လွှတ် ခြင်း၊
13
အား နည်း သူ နှင့် နွမ်း ပါး သူ တို့ ကို သ နား လျက်၊ နွမ်း ပါး သူ တို့၏ အ သက် ကို ကယ် မ ခြင်း၊
14
သူ တို့ အ သွေး ကို နှ မြော သည့် အ လျောက်၊ အ ဓ မ္မ မှု နှင့် ကြမ်း ကြုတ် မှု မှ၊ အ သက် ကို ရွေး နုတ် ခြင်း ပြု တော် မူ လိမ့် မည်။
15
သက် တော် ရှည်၍ ရှေ ဘ ရွှေ ဆက် ခြင်း၊ အ စဉ် မေ တ္တာ ပို့ ခြင်း၊ နေ့ ရှိ သ မျှ ဩ ဘာ ပြု ခြင်း ကို ခံ ရ ပါ စေ သော။
16
နေ ပြည်၌၊ တောင် ထိပ် အ ထိ စ ပါး ပေါ များ ၍၊ လေ ဗ နုန် တော ကဲ့ သို့ အ သီး အ နှံ လှုပ် ရှား လျက်၊ ကောက် ပဲ နှင့် အ မျှ မြို့ သူ မြို့ သား တို့ ပွင့် လန်း ကြ ပါ စေ သော။
17
အ မည် တော် သည် အ မြဲ တည် လျက်၊ နေ မင်း အောက် ထွန်း ကား လျက်၊ ထို မင်း ကြောင့် လူ မျိုး အ ချင်း ချင်း မင်္ဂ လာ ခံ၍၊ မင်္ဂ လာ ဆက် ကြ ပါ စေ သော။
18
အံ့ ဖွယ် ရာ များ ကို၊ တစ် ပါး တည်း သာ လျှင် စီ ရင် တော် မူ သော ထာ ဝ ရ အ ရှင် ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် သည်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။
19
ဘုန်း ကြီး သော နာ မ တော် လည်း၊ ကာ လ အ စဉ် မင်္ဂ လာ တည် လျက်၊ မြေ တစ် ပြင် လုံး နှံ့ ဘုန်း တော် ပြည့် ပါ စေ သော။ အာ မင်။ အာမင်။