ဆာ​လံ-69

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ ရေ ဘေး သည်၊ အ ကျွန်ုပ် ထံ ရောက် ပြီ ဖြစ်၍၊ ကယ် ဆယ် တော် မူ ပါ။
  • 2 ခြေ နင်း ရာ မ ရ။ နက် ရှိုင်း သော ညွှန် ပြောင်း ထဲ မှာ ကျွံ လျက်၊ ရေ ကြီး လွှမ်း မိုး ရာ ရေ နက် ထဲ သို့ ကျ ရောက် ပါ ပြီ။
  • 3 အော် ဟစ် မော ပန်း လျက်၊ လည် ချောင်း သွေ့ ခြောက် လျက်၊ အ ကျွန်ုပ် ဘု ရား သ ခင့် ထံ စောင့် မျှော် လျက်၊ မျက် စိ အား ကုန် ပါ ပြီ။
  • 4 အ ကြောင်း မဲ့ မုန်း ထား သူ တို့ သည်၊ အ ကျွန်ုပ် ဆံ ပင် ထက် များ လှ ၍၊ အ မှတ် မဲ့ ပယ် ရှား မည့် ရန် ဘက် တို့ သည်၊ ခွန် အား ကြီး လျက်၊ အ ကျွန်ုပ် မ လု ယူ သော ပ စ္စည်း ကြောင့် လျော် စေ ကြ ပါ ၏။
  • 5 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် မိုက် မဲ ခြင်း ကို၊ ကိုယ် တော် သိ တော် မူ ပါ ၏။ အ ပြစ် များ လည်း၊ ရှေ့ တော် ၌ ကွယ် လျက် မ နေ ပါ။
  • 6 ဗိုလ် ခြေ တို့ အ ရှင် ဘု ရား သ ခင်၊ ကိုယ် တော် ကို စောင့် မျှော် သူ တို့ သည်၊ အ ကျွန်ုပ် အ တွက် ကြောင့် အ ရှက် မ ကွဲ ကြ ပါ စေ နှင့်။ အို ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင်၊ ကိုယ် တော် ကို ရှာ ဖွေ သူ တို့ သည်၊ အ ကျွန်ုပ် အ တွက် ကြောင့် အ သ ရေ မ ပျက် ကြ ပါ စေ နှင့်။
  • 7 အ ကျွန်ုပ် မူ ကား၊ ကိုယ် တော့် အ တွက် ကဲ့ ရဲ့ ခြင်း၊ အ ရှက် ကွဲ ၍ မျက် နှာ ပျက် ခြင်း ခံ ခဲ့ ရ ပါ ပြီ။
  • 8 ညီ အစ် ကို ချင်း တို့ တွင် သူ စိမ်း၊ အ မိ သား ချင်း တို့ တွင် နိုင် ငံ ခြား သား ဖြစ် နေ ပါ ပြီ။
  • 9 ဗိ မာန် တော် အ တွက် ထက် သန် ခြင်း စေ တ နာ သည်၊ အ ကျွန်ုပ် ကို ကျွမ်း ပါ၏။ ကိုယ် တော် ကို ကဲ့ ရဲ့ သူ တို့ ၏ ကဲ့ ရဲ့ ခြင်း များ သည်၊ အ ကျွန်ုပ် အ ပေါ် သို့ သင့် ရောက် ပါ ၏။
  • 10 အ ကျွန်ုပ် သည် ငို ကြွေး၍၊ အ စာ ရှောင် လျက် ကဲ့ ရဲ့ ခြင်း၊
  • 11 လျှော် တေ ဝတ် လျက် ပုံ ခိုင်း ခြင်း ခံ ရ ပါ ပြီ။
  • 12 မြို့ တံ ခါး ဝ၌ ထိုင် နေ သူ တို့ သည်၊ အ ကျွန်ုပ် အ ကြောင်း ကုန်း ချော ခြင်း၊ သေ သောက် ကြူး တို့ သည်၊ တေး ဖွဲ့ ခြင်း ကို ပြု တတ် ကြ ပါ၏။
  • 13 အ ကျွန်ုပ် မူ ကား၊ အို ထာ ဝ ရ ဘု ရား။ လက် ခံ တော် မူ ဖွယ် အ ချိန်၌၊ ကိုယ် တော့် ထံ ပ ဌ နာ ပြု ပါ၏။ အို ဘု ရား သ ခင်၊ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ ကယ် တင် တော် မူ ခြင်း တည် တံ့ သည့် အ လျောက်၊ တုံ့ ပြန် ၍၊
  • 14 ညွှန် ပြောင်း တွင် မ ကျွံ စေ ဘဲ၊ ကယ် ဆယ် လျက် မုန်း ထား သူ တို့ ဘေး နှင့် နက် ရှိုင်း ရာ ရေ ဘေး မှ လွတ် မြောက် စေ တော် မူ ပါ။
  • 15 ရေ အ လျဉ် လွှမ်း မိုး ခွင့်၊ ဗွက် အိုင် နစ် မြုပ် ခွင့်၊ ချောက် တွင်း မျို စား ခွင့် ရ စေ တော် မ မူ ပါ လင့်။
  • 16 အို ထာ ဝ ရ ဘု ရား၊ မေ တ္တာ ကျေး ဇူး တော် မွန် မြတ် သော ကြောင့်၊ တုံ့ ပြန် တော် မူ ပါ။ က ရု ဏာ တော် များ ပြား သည့် အ လျောက်၊ နား လှည့် တော် မူ ပါ။
  • 17 ကျွန် တော် မျိုး မှ မျက် နှာ လွှဲ တော် မ မူ ဘဲ၊ အ ကျဉ်း အ ကျပ် သို့ ရောက် ပြီ ဖြစ်၍၊ အ လျင် အ မြန် ထူး တော် မူ ပါ။
  • 18 ကြွ ရောက် ၍ အ ကျွန်ုပ် အ သက် ကို ရွေး နုတ် ခြင်း၊ ရန် သူ တို့ ကြောင့် ရွေး ယူ ခြင်း ပြု တော် မူ ပါ။
  • 19 အ ကျွန်ုပ် ခံ ရ သော ကဲ့ ရဲ့ ခြင်း၊ အ ရှက် ကွဲ ခြင်း၊ အ သ ရေ ပျက် ခြင်း များ ကို သိ၍၊ ရန် သူ ရှိ သ မျှ ကို လည်း ဒိ ဋ္ဌ မြင် တော် မူ ပါ ၏။
  • 20 အ ကျွန်ုပ် သည် ကဲ့ ရဲ့ ခြင်း ကြောင့်၊ စိတ် ကြေ မွ လျက် ပူ ဆွေး ပါ၏။ သ နား မည့် သူ ကို ကြည့်၍ မ မြင်။ စာ နာ မည့် သူ ကို ရှာ၍ မ တွေ့ ပါ။
  • 21 အ ကျွန်ုပ် စား လို သော်၊ ဆေး ခါး ကို ကျွေး လျက်၊ ရေ ငတ် သော်၊ ပုံး ရည် ကို တိုက် ကြ ပါ၏။
  • 22 သူ တို့ စား သောက် ပွဲ သည်၊ ကိုယ့် ရှေ့ မှာ ကျော့ ကွင်း ကဲ့ သို့လည်း ကောင်း၊ စိတ် ချ ရာ အ ကြောင်း သည်၊ ညွှတ် ကွင်း ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ စေ။
  • 23 မျက် စိ ကို မ မြင် နိုင် အောင် ကွယ် စေ လျက်၊ ခါး ကို အ စဉ် နုန့် နဲ့ စေ တော် မူ ပါ။
  • 24 သူ တို့ အ ပေါ် သို့ အ မျက် တော် ကို သွန်း လောင်း ၍၊ အ မျက် တော် ရှိန် ဖြင့် အုပ် မိ ကြ ပါ စေ။
  • 25 စ ခန်း ချ ရာ အ ရပ် ကို ဖုန်း ဆိုး ကုန်း၊ တဲ များ ကို လူ ဆိတ် ညံ ရာ ဖြစ် ပါ စေ။
  • 26 အ သို့ ဆို သော်၊ သူ တို့ သည်၊ ဒဏ် ခတ် တော် မူ ခြင်း ခံ ရ သူ့ ကို လိုက် လံ လျက်၊ ထိ ရှ တော် မူ ခြင်း ခံ ရ သူ တို့ ဝေ ဒ နာ ကို ပြန် ကြား တတ် ကြ ပါ၏။
  • 27 သူ တို့ ဒု စ ရိုက်၌၊ ဒု စ ရိုက် ထပ် ဆင့် တော် မူ ၍၊ ဖြောင့် မတ် တော် မူ ခြင်း ကို ဝင် စား ခွင့် မ ရ ပါ စေ နှင့်။
  • 28 အ သက် စာ ရင်း၌၊ သူ တို့ အ မည် များ ကို ချေ၍၊ ဖြောင့် မတ် သူ တို့ နှင့် အ တူ စာ ရင်း ဝင် ခွင့် မ ရ ကြ ပါ စေ နှင့်။
  • 29 အ ကျွန်ုပ် မူ ကား၊ ဆင်း ရဲ နာ ကျင် ပါ ၏။ အို ဘု ရား သ ခင်၊ ကယ် တင် တော် မူ ခြင်း သည်၊ အ ကျွန်ုပ် ကို ချီး မြှင့် ပါ စေ သော။
  • 30 သီ ချင်း ဖွဲ့ ဆို၍၊ ဘု ရား သ ခင် ၏ နာ မ တော် ကို ချီ မွမ်း ခြင်း ထော မ နာ ဖြင့် ချီး မြှောက် ခြင်း ငါ ပြု ရာ၊
  • 31 ဦး ချို နှင့် လည်း ကောင်း၊ ခွာ နှင့် လည်း ကောင်း၊ ပြည့် စုံ သော နွား ပေါက် ထက်၊ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် လွန် ကဲ လိမ့် မည်။
  • 32 စိတ် နှိမ့် ချ သူ တို့ သည်၊ သိ မြင်၍ ရွှင် လန်း ရ ကြ၏။ ဘု ရား သ ခင် ကို လိုက် ရှာ သူ တို့၊ စိတ် အား တက် ကြ လော့။
  • 33 ထာ ဝ ရ ဘု ရား သည်၊ နွမ်း ပါး သူ တို့ လျှောက် ထား ချက် ကို နား ညောင်း လျက်၊ အ ချုပ် ခံ ရ သော လူ မျိုး တော် ကို မ ထီ မဲ့ မြင် ပြု တော် မ မူ။
  • 34 မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် တ ကွ၊ အ ရပ် ရပ်၌ ကျင် လည် သော သ တ္တ ဝါ အ ပေါင်း တို့ သည်၊ ကိုယ် တော် ကို ချီး မွမ်း ကြ ပါ စေ။
  • 35 ဘု ရား သ ခင် သည်၊ ဇိ အုန် မြို့ ကို ကယ် မ၍ ယု ဒ မြို့ များ ကို ပြု စု တော် မူ သ ဖြင့်၊ ထို သူ တို့ နေ ထိုင်၍ အ ပိုင် ရ ကြ လိမ့် မည်။
  • 36 ကိုယ် တော့် ကျွန် များ ၏ သား မြေး တို့ လည်း၊ အ ပိုင် ရ လျက်၊ နာ မ တော် ကို ချစ် ခင် ကြည် ညို သူ တို့ နေ ရ ကြ လိမ့် သ တည်း။
回到本卷目录 回到本版本目录 回到首页