ဆာ​လံ-74

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ကို အ စဉ် စွန့် ပယ် ခြင်း၊ စား ကျက် တော် ရှိ သိုး များ ပေါ် မှာ ဒေါ သ ထား ခြင်း ကို၊ အ ဘယ့် ကြောင့် ပြုတော် မူ ပါ သ နည်း။
  • 2 ရှေး ကာ လ က၊ ပိုင် တော် မူ ရာ လူ မျိုး အ ဖြစ်၊ ဝယ် ထား ရွေး နုတ် သော ပ ရိ သတ် တော် ကို လည်း ကောင်း၊ ကိန်း ဝပ် ခဲ့ ဖူး သော ဇိ အုန် တောင် တော် ကို လည်း ကောင်း၊ သ တိ ရ လျက်၊
  • 3 သန့် ရှင်း ရာ ဌာ န တော်၌၊ ရန် သူ တို့ ပြု သ မျှ သော ဘေး၊ တည် မြဲ ရာ ဖုန်း ဆိုး ကုန်း သို့ ချီ ကြွ တော် မူ ပါ။
  • 4 ကိုယ် တော် ကို ရန် ဘက် ပြု သူ တို့ သည်၊ တွေ့ ဆုံ တော် မူ ရာ အ တွင်း တွင် ဟိန်း၍၊ အ မှတ် လ က္ခ ဏာ တော် အ စား၊ ကိုယ့် အ မှတ် လက္ခ ဏာ များ ကို တင် ထား ခြင်း၊
  • 5 ထူ ထပ် သော တော အုပ် ကို၊ ပု ဆိန် နှင့် ထွင် သ ကဲ့ သို့၊
  • 6 ယ ခု ပင် ဗိ မာန် တော် တု ပန်း တန် ဆာ များ ကို၊ ပု ဆိန်၊ သံ တူ နှင့် တစ် ပြိုင် နက် ချိုး ဖျက် ခြင်း၊
  • 7 သန့် ရှင်း ရာ ဌာ န တော် ကို မီး တိုက် ခြင်း၊ နာ မ တော် ကိန်း ဝပ် ရာ ကို၊ မြေ လှန် သည့် တိုင် အောင် ဖြို လှဲ ခြင်း၊
  • 8 တစ် မျိုး လုံး ကို နှိမ် နင်း ကြ ကုန် အံ့ ဟု၊ ကြံ စည်၍၊ ပြည် တော် ရှိ ဓ မ္မာ ရုံ ဟူ သ မျှ ကို မီး ရှို့ ခြင်း ပြု ကြ လေ ပြီ တ ကား။
  • 9 အ ကျွန်ုပ် တို့ အ မှတ် လ က္ခ ဏာ များ ကား၊ မျက် ကွယ် သည့် အ လျောက်၊ အ သိ ပ ညာ မ ပေါ် ဘဲ နေ သည် မှာ၊ မည် မျှ ကြာ မည် နည်း။ ပ ရော ဖက် တစ် ပါး မျှ မ ပေါ် မ ထွန်း ပါ။
  • 10 အို ဘု ရား သ ခင်၊ ရန် ဘက် ပြု သူ သည်၊ မည် မျှ ကြာ ကဲ့ ရဲ့ ခွင့် ရ ပါ မည် နည်း။ ရန် သူ သည်၊ နာ မ တော် ကို အ စဉ် မ ထီ လေး စား ပြု ခွင့် ရ မည် လော။
  • 11 ညာ လက် ရုံး တော် ကို၊ အ ဘယ့် ကြောင့် ရုပ် သိမ်း တော် မူ ပါ သ နည်း။ ရင် ခွင် ထဲ က ထုတ်၍ ကုန် ခန်း စေ တော် မူ ပါ။
  • 12 ဘု ရား သ ခင် သည်၊ ရှေး ကာ လ မှ စ၍၊ ကယ် တင် ရာ ကယ် တင် ကြောင်း ကို၊ မြေ ပ ထ ဝီ အ တွင်း ပြု တော် မူ သော၊ ငါ့ ဘု ရင် မင်း ဖြစ် တော် မူ ၏။
  • 13 ကိုယ် တော် သည်၊ တန် ခိုး တော် အား ဖြင့် ပင် လယ် ကို ခွဲ ဖြတ် ခြင်း၊ မြစ် ရေ အ နီး၊ မြွေ န ဂါး တို့၏ ဦး ခေါင်း များ ကို ချိုး ဖြတ် ခြင်း၊ ဖွတ် မိ ကျောင်း ၏ ဦး ခေါင်း ကို ချေ မွှ၍၊
  • 14 တော တိ ရ စ္ဆာန် တို့ စား ရန် အပ် ပေး ခြင်း၊
  • 15 စမ်း ရေ နှင့် ချောင်း ရေ ကို ပေါက် စေ သည့် ပြင်၊ မြစ် ကြီး တို့ ကို ခန်း စေ ခြင်း ပြု တော် မူ ပြီ။
  • 16 နေ့ နှင့် ညဉ့် သည် ပိုင် ရာ တော် ဖြစ် သည့် အ လျောက်၊ လ မင်း နှင့် နေ မင်း ကို တည် ၍၊
  • 17 မြေ ကြီး၏ နယ် နိ မိတ် ရှိ သ မျှ ကို လည်း ကောင်း၊ နွေ ဥ တု နှင့် ဆောင်း ဥ တု ကို လည်း ကောင်း၊ စီ ရင် တော် မူ ပြီ။
  • 18 ထာ ဝ ရ ဘု ရား ကို ရန် သူ တို့ ကဲ့ ရဲ့၍၊ နာ မ တော် ကို လူ မျိုး ယုတ် တို့ မ ထီ လေး စား ပြု ကြ ကြောင်း၊ သ တိ ရ တော် မူ ပါ။
  • 19 ကိုယ် တော်၏ ချိုး ငှက် ဇီ ဝ ကို၊ သား ရဲ ဘေး သို့ အပ် နှင်း ခြင်း၊ ကိုယ် တော် ၏ ဆင်း ရဲ သူ တို့ အ သက် ကို၊ အ စဉ် မေ့ လျော့ ခြင်း ပြု တော် မ မူ ပါ နှင့်။
  • 20 မှောင် ကျ ရာ တိုင်း ပြည် များ တွင်၊ အ ဓ မ္မ မှု များ ပြား သည့် အ တွက်၊ ပ ဋိ ညာဉ် တော် ကို ထောက် ထား တော် မူ ပါ။
  • 21 နှိပ် စက် ခံ ရ သူ တို့ သည် အ ရှက် ကွဲ လျက် မ ပြန် ရ စေ ဘဲ၊ နာ မ တော် ကို ထို ဆင်း ရဲ နွမ်း ပါး သူ တို့ ချီး မွမ်း ရ ကြ ပါ စေ သော။
  • 22 အို ဘု ရား သ ခင်၊ ယုတ် မာ သူ တို့ အ စဉ် ကဲ့ ရဲ့ ခြင်း ကို သ တိ ရ လျက်၊ ထ ကြွ ၍ ကိုယ့် အ မှု ကို လဲ လျှောက် တော် မူ ပါ။
  • 23 ကိုယ် တော် ကို ရန် ဘက် ပြု သူ တို့ ဟိန်း သံ၊ ပုန် ကန် သူ တို့ ပြု မြဲ ရာ ဟုန်း သံ ကို မေ့ လျော့ တော် မ မူ ပါ နှင့်။
回到本卷目录 回到本版本目录 回到首页