1
ဘု ရား သ ခင် သည်၊ ဣ သ ရေ လ လူ မျိုး တည်း ဟူ သော၊ နှ လုံး သန့် ရှင်း သူ တို့ အ ပေါ် တွင်၊ မု ချ ကျေး ဇူး ပြု တော် မူ ၏။
2
ငါ မူ ကား၊ လူ ဆိုး တို့၏ ကောင်း စား ခြင်း ကို မြင်၍၊ မောက် မာ သူ တို့ ကို ငြူ စူ မိ သ ဖြင့်၊ ခြေ ကုန် လု လျက်၊ ခြေ ချော် လု လျက် ရှိ ခဲ့ လေ စွ။
3
4
ထို သူ တို့ သည်၊ သေ သည့် အ ခါ နာ ကျင် ခြင်း မ ရှိ။ ခိုင် မာ သော ကာ ယ ရှိ ကြ ၏။
5
သူ တစ် ထူး တို့ ကဲ့ သို့ ဒု က္ခ မ ရှိ။ အ နှောင့် အ ယှက် လည်း မ ခံ ကြ ရ။
6
ထို့ ကြောင့်၊ မာ န ကို လည် ဆွဲ ပြု လျက်၊ ညှဉ်း ပန်း ခြင်း ကို ဝတ် လုံ သ ဖွယ် ခြုံ တတ် ကြ ၏။
7
ဆူ ဖြိုး သော ကြောင့်၊ မျက် လုံး ပြူး လျက်၊ စိတ် ကွန့် မြူ ခြင်း များ ပြား လှ၏။
8
ပြက် ရယ် ပြုံး လျက်၊ ဆိုး သွမ်း သော ညှဉ်း ပန်း ခြင်း အ ကြောင်း ကိုလည်း ကောင်း၊ ထောင် လွှား သော စ ကား ကို လည်း ကောင်း၊ ပြော ဆို တတ် ကြ ၏။
9
ကိုယ့် နှုတ် ကို၊ ကောင်း ကင် ဘုံ နှင့် ဆန့် ကျင် ဘက် ထား၍၊ ကိုယ့် လျှာ လည်း၊ မြေ ကြီး တစ် လျှောက် လုံး လှည့် လည် တတ် ၏။
10
ထို့ ကြောင့် ကိုယ့် လူ မျိုး သည်၊ သူ တို့ ထံ ခို ဝင်၍၊ ရေ ကို အ ပြည့် အ လျှံ သောက် ရ ကြ ၏။
11
ဘု ရား သ ခင် သည် မည် သို့ သိ တော် မူ အံ့ နည်း။ မြင့် မြတ် သော ဘု ရား၌၊ အ သိ ပ ညာ ရှိ သ လော ဟု ဆို တတ် ကြ ၏။
12
လူ ဆိုး တို့ သည် ထို သို့ ဖြစ် လျက် ပင်၊ အ စဉ် ချမ်း သာ ၍၊ ဥ စ္စာ ဓ န ပွား များ ၏။
13
ငါ မူ ကား၊ ငါ့ နှ လုံး ကို သန့် စင် စေ ၍၊ အ ပြစ် ကင်း ခြင်း နှင့် လက် များ ကို ဆေး ကြော သော် လည်း၊ မု ချ အ ကျိုး မ ရှိ။
14
နေ့ ရှိ သ ရွေ့ နှောင့် ရှက် ခြင်း နံ နက် တိုင်း ဆုံး မ ခြင်း ကို ငါ ခံ ရ ၏။
15
ထို အ တိုင်း ပြန် ကြား မည် ဟု၊ အ ကျွန်ုပ် ကြံ စည် ခဲ့ လျှင်၊ ကိုယ် တော်၏ အ မျိုး သား တို့ အား၊ သ စ္စာ ဖျက် ရာ ရောက် ပါ ပြီ။
16
ထို အ ခြင်း အ ရာ ကို သိ မြင် အောင် ဆင် ခြင် သော အ ခါ၊ အ လွန် ခက် ခဲ ကြောင်း ကို တွေ့ ရ လျက်၊
17
ဘု ရား သ ခင်၏ သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ရ သည့် ကာ လ မှ သာ၊
18
သူ တို့ အ ဆုံး ကို ဆင် ခြင် မိ ရာ၊ ကိုယ် တော် သည် သူ တို့ ကို ချော် လဲ သော အ ရပ် များ ၌ ထား၍၊ ပျက် စီး ရာ သို့ စင် စစ် ချ တော် မူ သ ဖြင့်၊
19
တစ် ခ ဏ ချင်း တွင်၊ ပယ် ရှား ရာ ခံ ရ ကြ ပါ ပြီ။ ဘေး ဥ ပဒ် များ အား ဖြင့်၊ ရှင်း ရှင်း ကွယ် ပျောက် ကြ ပါ ပြီ တ ကား။
20
အို အ ရှင် ဘု ရား၊ အိပ် မက် ကို နိုး ၍ မေ့ သ ကဲ့ သို့၊ ကိုယ် တော် နှိုး သော အ ခါ၊ သူ တို့၏ အ သွင် ကို ပင် ပယ် ဖျက် တော် မူ ပါ လိမ့် မည်။
21
ထို အ တိုင်း အ ကျွန်ုပ် သည် စိတ် ပူ ဆွေး လျက်၊ ကျောက် ကပ် နာ ကျင် ရာ၊
22
ရှေ့ တော် ၌ မိုက် မဲ သူ၊ ပ ညာ မဲ့ သူ၊ တိ ရ စ္ဆာန် သ ဘော ရှိ သူ ဖြစ် သော် လည်း၊
23
အ ပါး တော် တွင် အ စဉ် မ ပြတ် နေ သော၊ အ ကျွန်ုပ် ၏ ညာ လက် ကို ကိုင် စွဲ တော် မူ သည့် ပြင်၊
24
အ ကြံ ပေး ၍ လမ်း ပြ ပြီး နောက်၊ ဘုန်း တော် ကို ဝင် စား ရန် လက် ခံ တော် မူ လိမ့် မည်။
25
ကောင်း ကင် ဘုံ မှာ အ ကျွန်ုပ် ၌ မည် သူ ရှိ ပါ သ နည်း။ မြေ ကြီး ပေါ် မှာ လည်း၊ ကိုယ် တော် မှ တစ် ပါး မည် သူ့ ကို မျှ အ လို မ ရှိ ပါ။
26
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
27
ကိုယ် တော် နှင့် ဝေး ကွာ စွာ နေ သူ တို့ သည်၊ မု ချ ပျက် စီး ရ ကြ ပါ လိမ့် မည်။ ကိုယ် တော် နှင့် ကွာ၍၊ မှား ယွင်း သူ အ ပေါင်း တို့ ကို ပယ် ရှား တော် မူ ၏။
28
ငါ မူ ကား၊ ဘု ရား သ ခင့် အ ထံ တော် သို့ ချဉ်း ကပ် ၍ အ ကျိုး ရှိ ၏။ အ ရှင် ထာ ဝ ရ ဘု ရား၌ ခို လှုံ လျက် နေ ရ သ ဖြင့်၊ အ မှု တော် ရှိ သ မျှ ကို ကြား ပြော ခွင့် ရ ပါ ၏။