1
အ ကျွန်ုပ်၏ ဖြောင့် မတ် ရာ ဖြောင့် မတ် ကြောင်း ဖြစ် တော် မူ သော အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ခေါ် သော အ ခါ ထူး တော် မူ ပါ။ အကျဉ်း အ ကျပ် အ ဖြစ် မှ ထွက် မြောက် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် အား သ နား ၍၊ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။
2
အ ချင်း လူ သား တို့၊ ငါ့ ဘုန်း အ သ ရေ ကို မည် မျှ ကြာ အောင် ရှုတ် ချ ကြ မည် နည်း။ မည် မျှ ကြာ အောင် အ န တ္တ ကို နှစ် သက်၍ မု သာ ကို လိုက် စား ကြ မည် နည်း။
3
ထာ ဝ ရ ဘု ရား သည်၊ ကြည် ညို သူ့ ကို ကိုယ် တော် အ ဖို့ သီး ခြား ထား တော် မူ ကြောင်း ကို သိ မှတ် ကြ လော့။ ငါ ခေါ် သော အ ခါ၊ ကိုယ် တော် ကြား နာ တော် မူ မည်။
4
ကြောက် ရွံ့၍ အ ပြစ် မ ပြု ဘဲ နေ ကြ လော့။ ကိုယ့် အိပ် ရာ ပေါ် တွင် ကိုယ့် စိတ် နှ လုံး နှင့် ချင့် ချိန် ၍ ငြိမ် ဝပ် စွာ နေ ကြ လော့။
5
ဖြောင့် မတ် ခြင်း ပူ ဇော် သ က္ကာ များ ကို ဆက် သ ၍၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား ကြ လော့။
6
အ ကောင်း ကို မည် သူ ပြ သ မည် နည်း ဟု ဆို သော သူ တို့ များ လှ သော ကြောင့်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ အ ပေါ် ၌ မျက် နှာ တော် ရောင် ခြည် ကို ထွန်း လင်း စေ တော် မူ ပါ။
7
စ ပါး ဆန် ရေ တိုး တက် ပေါ များ သည့် အ ခါ၊ ဝမ်း မြောက် ကြ သည် ထက်၊ အ ကျွန်ုပ် စိတ် နှ လုံး ကို ရွှင် လန်း စေ တော် မူ ၏။
8
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် အ ကျွန်ုပ် ကို လုံ ခြုံ စွာ နေ ထိုင် စေ တော် မူ သည် ဖြစ်၍၊ စိတ် ချ စွာ လှဲ လျက် အိပ် ပျော် ပါ တော့ မည်။