1
အ ချင်း မှူး မတ် တို့၊ သင် တို့ သည် လူ သား တို့၌ ဖြောင့် မတ် စွာ ဆုံး ဖြတ် ခြင်း၊ မျှ တ စွာ စီ ရင် ခြင်း ကို၊ စင် စစ် ပြု တတ် ကြ သ လော။
2
မု ချ ဆို သော်၊ ကိုယ့် စိတ် နှင့် မ တ ရား မှု ကို ကြံ စည်၍၊ ကိုယ့် လက် နှင့် အ ဓ မ္မ မှု ကို၊ မြေ ကြီး ပေါ် မှ ချင့် ချိန် ဝေ ဖန် တတ် ကြ ၏။
3
လူ ဆိုး တို့ သည် အ မိ ဝမ်း ထဲ က ပင် စိမ်း ကား လျက်၊ မု သာ သုံး သူ တို့ သည်၊ ဖွား က တည်း က ပင် လမ်း လွဲ လျက် နေ ကြ ၏။
4
သူ တို့၏ အ ဆိပ် သည် မြွေ ဆိပ် နှင့် တူ၏။ နား ပင်း သော မြွေ ပွေး ထပ် တူ နား ပိတ် လျက်၊
5
အ လ မ္ပါယ် ဆ ရာ တို့ လိ မ္မာ စွာ မန်း မှုတ် သံ ကို၊ နား မ ထောင် ဘဲ နေ တတ် ကြ ၏။
6
အို ဘု ရား သ ခင်၊ ကိုယ့် အ စွယ် များ ကို သူ တို့ ပါး စပ် တွင် ချိုး တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ခြင်္သေ့ ပျို တို့၏ အ စွယ် များ ကို ဖြတ် တော် မူ ပါ။
7
သူ တို့ သည် သွန်း သော ရေ ကဲ့ သို့ ပြယ် ပျောက် လျက်၊ မြှား တော် များ ကို မှန်း ရွယ် တော် မူ သော်၊ ညှိုး နွမ်း တတ် ကြ၏။
8
ခ ရု ပက် ကျိ သည်၊ အ ရည် ပျော်၍ ကွယ် ပျောက် သ ကဲ့ သို့ လည်း ကောင်း၊ လျှော မွေး သည်၊ နေ ရောင် ကို မ မြင် ရ သ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ကြ ပါ၏။
9
ထင်း မီး ရှိန် ကို အိုး များ မ ခံ ရ သေး မီ၊ စိမ် သော်လည်း ကောင်း၊ ပြုတ် သော်လည်း ကောင်း၊ ကွယ် ပျောက် စေ တော် မူ လိမ့် မည်။
10
သူ တော် ကောင်း သည်၊ ထို လက် စား ချေ ခြင်း ကို သိ မြင် ဝမ်း မြောက် လျက်၊ လူ ဆိုး တို့ အ သွေး ၌ ခြေ ဆေး ရ သ ဖြင့်၊
11
လူ တို့ က၊ သူ တော် ကောင်း သည် မု ချ အ ကျိုး ခံ စား ရ ပေ မည်။ မြေ ကြီး ပေါ် မှာ တ ရား စီ ရင် သော ဘု ရား မု ချ ရှိ တော် မူ ပေ သည် ဟု ဝန် ခံ ကြ ရ လ တ္တံ့။