1
အို အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို ရန် သူ တို့ လက် မှ လွတ် မြောက် စေ၍၊ တစ် ဘက်၌ ထ ကြွ သူ တို့ ထံ မှ ဆောင် တော် မူ ပါ။
2
အ ဓ မ္မ ပြု ကျင့် သူ တို့ ထံ မှ လွတ် မြောက် စေ ၍၊ လူ သတ် တို့ လက် မှ ကယ် တော် မူ ပါ။
3
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ၏ ကျူး လွန် ခြင်း၊ အ ကျွန်ုပ်၏ ပြစ် မှား ခြင်း ကြောင့် မ ဟုတ် ဘဲ၊
4
ခွန် အား ကြီး သူ တို့ သည်၊ အ ကျွန်ုပ် အ သက် ကို ချောင်း မြောင်း လျက် စု ရုံး ကြ ပါ၏။ ပြစ် မှု လည်း မ ဟုတ် ဘဲ၊ ခင်း ကျင်း ပြေး ဝင် လျက် နေ ကြ ပါ ပြီ။ အ ကျွန်ုပ် ကို စစ် ကူ ရန် နိုး ထ ကြည့် ရှု တော် မူ ပါ။
5
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ လူ မျိုး ခြား တို့ ကို ဒဏ် ခတ် ခြင်း ငှာ နိုး ထ တော် မူ ပါ။ သ စ္စာ မဲ့ ကျူး လွန် သူ တစ် ဦး တစ် ယောက် ကို မျှ သ နား တော် မ မူ ပါ နှင့်။
6
သူ တို့ သည် ညဉ့် ဦး ယံ၌၊ ခွေး ကဲ့ သို့ ဟိန်း တုံ့ ဟိန်း လျက်၊ မြို့ ကို လှည့် လှည် တတ် ကြ ၏။
7
ပါး စပ် က အ မြှုပ် ထွက် လျက်၊ နှုတ် ခမ်း တွင် သန် လျက် ပါ လျက်၊ မည် သူ ကြား လိမ့် မည် နည်း ဟု ဆို တတ် ကြ သည် တ ကား။
8
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ပြုံး ရယ် ၍ လူ မျိုး ခြား အ ပေါင်း တို့ ကို ကဲ့ ရဲ့ တော် မူ ပါ ၏။
9
အို အ ကျွန်ုပ်၏ စွမ်း အား၊ ဘု ရား သ ခင် သည် အ ကျွန်ပ် ရဲ တိုက် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော် ကို ဖူး မျှော် ပါ မည်။
10
ဘု ရား သ ခင် သည်၊ က ရု ဏာ တော် နှင့် အ ကျွန်ုပ် ကို ကြို တင်၍၊ ရန် သူ တို့ အ ပေါ် တွင် စီး ကြည့် ခွင့် ရ စေ တော် မူ လိမ့် မည်။
11
အ ကျွန်ုပ် တို့ ဒိုင်း လွှား ဖြစ် တော် မူ သော အို အ ရှင် ဘု ရား၊ လူ မျိုး ချင်း တို့ သ တိ မ လစ် ကြ စေ ရန်၊ မ ကွပ် မျက် ဘဲ၊ အ လုံး အ ရင်း တော် အား ဖြင့် ခွဲ လွှင့် နှိမ့် ချ တော် မူ ပါ။
12
သူ တို့ ပြော မိ သော စ ကား ဖြစ် သော၊ နှုတ် ထွက် အ ပြစ် ကြောင့် လည်း ကောင်း၊ ကျိန် ဆဲ သော စ ကား နှင့် မု သာ စ ကား များ ကြောင့် လည်း ကောင်း၊ မိ မိ တို့ မာ န ၌ ပင် ကျော့ မိ ပါ စေ သော။
13
အ မျက် တော် အား ဖြင့်၊ ကုန် ခမ်း စေ လျက် ဖျက် ဆီး ပယ် ရှား တော် မူ ပါ။ သို့ မှ၊ ယာ ကုပ် အ မျိုး မှ စ၍၊ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင်၊ ဘု ရား သ ခင် အုပ် စိုး တော် မူ ကြောင်း သိ စေ တော် မူ ပါ။
14
သူ တို့ သည် ညဉ့် ဦး ယံ၌၊ ခွေး ကဲ့ သို့ ဟိန်း တုံ့ ဟိန်း လျက်၊ မြို့ ကို လှည့် လည် ကြ ရာ၊ အ စာ ရှာ လျက် ခေါက် တုံ့ ခေါက် ပြန် လည် ၍၊
15
မ ဝ ဘဲ တစ် ညဉ့် လုံး နေ ရ ကြ လိမ့် မည်။
16
အ ကျွန်ုပ် မူ ကား၊ တန် ခိုး တော် အ ကြောင်း သီ ချင်း ဆို ခြင်း၊ နံ နက် ယံ ၌ က ရု ဏာ တော် အ ကြောင်း ကြွေး ကြော် ခြင်း ပြု ပါ မည်။ ဒုက္ခ ရောက် သော ကာ လ၌၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ရဲ တိုက်၊ အ ကျွန်ုပ်၏ ခို လှုံ ရာ ဖြစ် တော် မူ ပြီ။
17
အို အ ကျွန်ုပ်၏ စွမ်း အား၊ ဘု ရား သ ခင် သည် အ ကျွန်ုပ် ရဲ တိုက်၊ အ ကျွန်ုပ်၏ က ရု ဏာ တော် အ ရှင် ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ ကိုယ့် တော့် ထံ ကျူး ဧ ပါ မည်။