1
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက်၍ သ နား တော် မူ ပါ။ ကိုယ် တော်၌ အ ကျွန်ုပ်၏ အ သက် ခို လှုံ ပါ၏။ ဘေး ဒု က္ခ များ လွန် သွား သည့် တိုင် အောင်၊ အ တောင် တော် အောက် ၌ အ ကျွန်ုပ် ခို လှုံ ပါ မည်။
2
ငါ သည်၊ မြင့် မြတ် သော ဘု ရား သ ခင့် ထံ၊ ငါ့ အ မှု ထ မြောက် စေ တော် မူ သော ဘု ရား ထံ အော် ဟစ် ပါ မည်။
3
ငါ့ ကို နှိပ် နှင်း လို သူ ကဲ့ ရဲ့ သော်၊ ကောင်း ကင် ဘုံ က စေ လွှတ် ကယ် တင်၍၊ က ရု ဏာ တော် နှင့် သ စ္စာ တော် ကို ဘု ရား သ ခင် စေ လွှတ် တော် မူ မည်။
4
ငါ့ အ သက် သည် ခြင်္သေ့ ဘောင် တွင် ရှိ လျက်၊ ဒေါ သ မီး တောက် သော လူ့ သား တို့ တွင် ငါ အိပ် ရ၏။ သူ တို့ အ စွယ် သည် လှံ နှင့် မြှား၊ လျှာ လည်း ထက် သော သန် လျက် ဖြစ် ၏။
5
အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ ကြီး တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။
6
သူ တို့ သည်၊ စိတ် နှိမ့် ချ သော ငါ့ ခြေ လှမ်း ရာ၌၊ ပိုက် ကို ပြင် ဆင် လျက်၊ ငါ့ ရှေ့၌ တွင်း တူး ပြီး လျှင်၊ ကိုယ် တိုင် ကျ ရောက် ကြ ပြီ။
7
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် စိတ် နှ လုံး တည် ကြည် မြဲ မြံ ပါ၏။ သီ ချင်း ဆို လျက် ကျူး ဧ ပါ မည်။
8
အို ငါ့ ဝိ ညာဉ် နိုး ထ လော့။ အ ချင်း တ ယော နှင့် စောင်း များ၊ နိုး ကြ လော့။ အ ရုဏ် တက် ချိန် ငါ နိုး ပါ မည်။
9
အို အ ရှင် ဘု ရား၊ လူ ပ ရိ သတ် တို့ တွင်၊ ကိုယ် တော် ကို ချီး မွမ်း လျက်၊ လူ မျိုး တို့ ဘောင် တွင် ကျူး ဧ ပါ မည်။
10
က ရု ဏာ တော် သည် မိုး ကောင်း ကင် တိုင် အောင် လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။
11
အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။