ဆာ​လံ-55

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ အ ကျွန်ပ်၏ ပ ဌ နာ ကို နား ညောင်း တော် မူ ပါ။ အ သ နား တော် ခံ သော အ ခါ၊ လွှဲ ရှောင် တော် မ မူ ပါ နှင့်။
  • 2 နား ညောင်း၍ ထူး တော် မူ ပါ။ ရန် သူ၏ စ ကား သံ ကြောင့်လည်း ကောင်း၊ လူ ဆိုး ညှဉ်း ပန်း ခြင်း ကြောင့် လည်း ကောင်း၊ မ ငြိမ် မ ဝပ် ညည်း တွား မြည် တမ်း လျက် နေ ရ ပါ ၏။
  • 3 သူ တို့ သည်၊ အ ကျွန်ုပ် အ ပေါ် ၌ အ ပြစ် ဖို့ ၍၊ အ မျက် ထွက် လျက် ရန် ရှာ ကြ ပါ ၏။
  • 4 အ တွင်း စိတ် နှ လုံး သည် နာ ကျင်၍၊ သေ ဘေး ကို ကြောက် လန့် ခြင်း သည် သင့် ရောက် လျက် ရှိ ပါ ၏။
  • 5 ကြောက် ရွံ့ တုန် လှုပ် ခြင်း ဖြစ် လာ ၍၊ ရွံ ရှာ ဖွယ် ရာ လွှမ်း မိုး လျက် ရှိ ပါ ၏။
  • 6 အ ကျွန်ုပ် က၊ ငါ သည် ချိုး ငှက် ကဲ့ သို့ အ တောင် ရှိ ခဲ့ လျှင်၊ အ ခြား တစ် ပါး သို့ ပျံ သွား နား နေ ရ လေ ပြီ။
  • 7 ဝေး စွာ လှည့် လည်၍၊ တော က န္တာ ရ တွင် တည်း ခို ရ လေ ပြီ။
  • 8 လေ ပြင်း မုန် တိုင်း နှင့် လွတ် အောင်၊ အ လျင် အ မြန် ပျံ ရ လေ ပြီ ဟု အောက် မေ့ မိ ပါ၏။
  • 9 အို အ ရှင် ဘု ရား၊ မြို့ တော် တွင် ကြမ်း ကြုတ် ခြင်း နှင့် ဘက် ပြိုင် ခြင်း ကို အ ကျွန်ုပ် မြင် ရ ပြီး ဖြစ်၍၊ သူ တို့ ဘာ သာ စ ကား ကို ထူး ခြား ကွဲ လွဲ စေ တော် မူ ပါ။
  • 10 နေ့ ညဉ့် မ ပြတ် မြို့ ရိုး ပေါ် မှာ လှည့် လည် ကြ ရာ၊ မြို့ တွင်း မှာ၊ အ ဓ မ္မ မှု နှင့် အ ကျိုး ဖျက် မှု ရှိ ပါ ၏။
  • 11 ဆိုး ယုတ် ခြင်း သည် မြို့ လယ်၌ ရှိ၍၊ ညှဉ်း ပန်း ခြင်း နှင့် လှည့် စား ခြင်း သည်၊ လမ်း များ ၌ မ ပြတ် မ စဲ ပါ။
  • 12 ငါ့ ကို ကဲ့ ရဲ့ သူ သည် ရန် သူ မ ဟုတ်။ ဟုတ် ခဲ့ လျှင် သည်း ခံ နိုင် လေ ပြီ။ တစ် ဘက်၌ ဝါ ကြွား သူ သည် မုန်း ထား သူ မ ဟုတ်။ ဟုတ် ခဲ့ လျှင် ငါ လွှဲ ရှောင် ၍ နေ လေ ပြီ။
  • 13 ငါ နှင့် ဂုဏ် ရည် တူ၊ ငါ့ အ ဖော်၊ ငါ့ အ ကျွမ်း ဝင် သူ၊ သင် ပင် တည်း။
  • 14 ငါ တို့ သည် အ ချင်း ချင်း သာ ယာ စွာ ဆွေး နွေး တိုင် ပင် လျက်၊ ဘု ရား သ ခင့် ဗိ မာန် တော် သို့၊ ပ ရိ သတ် နှင့် အ တူ သွား လာ တတ် ကြ ၏။
  • 15 သူ တို့ နေ ထိုင် ရာ အ တွင်း တွင် ဆိုး သွမ်း ခြင်း တည် ရှိ သ ဖြင့်၊ သေ မင်း အုပ် မိ ပါ စေ။ အ သက် ရှင် လျက် ပင်၊ မ ရ ဏာ့ နိုင် ငံ သို့ ကျ ရောက် ကြ ပါ စေ။
  • 16 ငါ မူ ကား၊ ဘု ရား သ ခင့် ထံ ပ ဌ နာ ပြု သ ဖြင့်၊ ထာ ဝ ရ ဘု ရား ကယ် တော် မူ လိမ့် မည်။
  • 17 ညဉ့် ဦး ယံ၊ နံ နက် ယံ၊ မွန်း တည့် ယံ များ၌၊ ငါ ပြု မည့် ညည်း တွား မြည် တမ်း သံ ကို ကြား တော် မူ လိမ့် မည်။
  • 18 တိုက် လှန် သူ များ လှ သော် လည်း၊ စစ် ရေး တွင် ပင်၊ ငါ့ အ သက် ကို ရန် ရှင်း စွာ ရွေး နုတ် တော် မူ လေ ပြီ။
  • 19 ရှေး ကာ လ က စံ နေ တော် မူ သော ဘု ရား သ ခင် သည် ကြား နာ၍၊ ပြောင်း လဲ ခြင်း မ ရှိ ဘဲ၊ ဘု ရား သ ခင် အား မ ခန့် ညား သူ တို့ ကို နှိပ် နှင်း တော် မူ လိမ့် မည်။
  • 20 ထို သို့ သော သူ သည်၊ သ စ္စာ ဖျက်၍၊ မိတ် ဖြစ် ပြီး သူ တို့ ကို လက် ရောက် ခြင်း၊
  • 21 ထော ပတ် ကဲ့ သို့ စ ကား ချော မွတ် လျက် ပင်၊ စစ် တိုက် ရန် ကြံ စည် ခြင်း ပြု လေ ပြီ။ သူ့ စ ကား သည် ဆီ ထက် ပျော့ ပြောင်း လျက် ပင်၊ ဓား လွတ် များ ကဲ့ သို့ ဖြစ် လေ ပြီ။
  • 22 ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
  • 23 အို ဘု ရား သ ခင်၊ ထို သူ တို့ ကို ဖျက် ဆီး ရာ တွင်း ထဲ သို့ ချ တော် မူ ပါ လိမ့် မည်။ လူ သတ် နှင့် လှည့် စား သူ တို့ သည်၊ ကိုယ့် အ သက် တာ တစ် ဝက် ခန့် မျှ နေ ကြ ရ မည် မ ဟုတ် ပါ။ အ ကျွန်ုပ် မူ ကား၊ ကိုယ် တော် ၌ ကိုး စား ပါ မည်။
回到本卷目录 回到本版本目录 回到首页