ဆာ​လံ-30

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ရန် သူ တို့ အား ရွှင် လန်း ခွင့် မ ပေး ဘဲ၊ အ ကျွန်ုပ် ကို ဆယ် ယူ တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက် ပါ မည်။
  • 2 အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် အော် ဟစ် သော်၊ ကျန်း မာ စေ တော် မူ ပါ ပြီ။
  • 3 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ သက် ကို မ ရ ဏာ့ နိုင် ငံ မှ တက် စေ လျက်၊ သင်္ချိုင်း တွင်း သို့ မ ဆင်း စေ ဘဲ၊ အ ရှင် ထား တော် မူ ပါ ပြီ။
  • 4 ထာ ဝ ရ ဘု ရား အား ကြည် ညို သူ တို့ ကျူး ဧ လျက်၊ သန့် ရှင်း သော နာ မ တော် ကို ချီး မွမ်း ကြ လော့။
  • 5 အ မျက် တော် သည် တစ် ခ ဏ မျှ၊ ကျေး ဇူး တော် သည် တစ် သက် ပတ် လုံး တည် ၏။ ညဉ့် အ ခါ၌ ငို ကြွေး ခြင်း ဝင် ရောက် တည်း ခို သော် လည်း၊ နံ နက် ထ သော်၊ ရွှင် လန်း ရ ၏။
  • 6 ကောင်း စား စဉ် အ ခါ၊ အ ကျွန်ုပ် က၊ မည် သည့် ကာ လ မျှ ရွေ့ ရ မည် မ ဟုတ် ဟု ဆို မိ ပါ ၏။
  • 7 အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကြောင့်၊ အ ကျွန်ုပ် ၏ တောင် ကို ကိုယ် တော် ခိုင် ခံ့ စေ ပြီး နောက်၊ မျက် နှာ တော် ကို လွှဲ တော် မူ သ ဖြင့်၊ အ ကျွန်ုပ် ဒု က္ခ ရောက် ရ ပါ ၏။
  • 8 ထို အ ခါ၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား အ ကျွန်ုပ် အော် ဟစ် သည် မှာ၊
  • 9 သေ ခြင်း ခံ၍ သင်္ချိုင်း တွင်း ထဲ သို့ အ ကျွန်ုပ် ဆင်း ရာ တွင်၊ မည် သည့် အ ကျိုး ရှိ ပါ မည် နည်း။ မြေ မှုန့် က ကိုယ် တော် ကို ချီး မွမ်း လျက်၊ သ စ္စာ တော် ကို ဖော် ပြ ပါ မည် လော။
  • 10 အို ထာ ဝ ရ ဘု ရား၊ နား ညောင်း ၍၊ က ရု ဏာ သက် တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို မ စ သော အ ရှင့် အ ဖြစ် တည် တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ ရာ၊
  • 11 ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။
  • 12 သို့ ဖြစ် ၍၊ အ ကျွန်ုပ်၏ ဝိ ညာဉ် သည် ဆိတ် ဆိတ် မ နေ ဘဲ၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို ကာ လ အ စဉ် ချီး မွမ်း ပါ မည်။
回到本卷目录 回到本版本目录 回到首页