1
အို စွမ်း အား ကြီး သူ တို့၊ ထာ ဝ ရ ဘု ရား သည်၊ ဘုန်း တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။
2
နာ မ တော် သည် ဘုန်း ကြီး တော် မူ ကြောင်း ဝန် ခံ လျက်၊ သန့် ရှင်း စွာ ဆင် ယင်၍၊ ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် ကြ လော့။
3
မိုး သား ပေါ် မှာ ထာ ဝ ရ ဘု ရား၏ အ သံ တော် ရှိ လျက်၊ ဘုန်း ကြီး တော် မူ သော ဘု ရား သ ခင် သည်၊ မိုး ချုန်း သံ ပြု တော် မူ၏။ မိုး သား များ ပေါ် တွင် ထာ ဝ ရ ဘု ရား စံ တော် မူ ၏။
4
ထာ ဝ ရ ဘု ရား ၏ အ သံ တော် သည်၊ တန် ခိုး နှင့် လည်း ကောင်း၊ အာ နု ဘော် နှင့် လည်း ကောင်း၊ ပြည့် စုံ ၏။
5
ထာ ဝ ရ ဘု ရား ၏ အ သံ တော် သည်၊ သစ် က တိုး ပင် များ ကို ချိုး ၏။ ထာ ဝ ရ ဘု ရား သည်၊ လေ ဗ နုန် တောင် သစ် က တိုး ပင် များ ကို၊ အ ပိုင်း ပိုင်း ချိုး ဖြတ် လျက်၊
6
လေ ဗ နုန် တောင် နှင့် စိ ရုန် တောင် များ ကို၊ နွား သား ငယ်၊ စိုင် သား ငယ် တို့ ဘာ ဝ၊ ခုန် ပေါက် စေ တော် မူ၏။
7
ထာ ဝ ရ ဘု ရား၏ အ သံ တော် သည်၊ မီး လျှံ များ ကို ခွဲ ၏။
8
ထာ ဝ ရ ဘု ရား၏ အ သံ တော် သည်၊ က န္တာ ရ တော ကို လှုပ် ရှား စေ၏။ ကာ ဒေ ရှ က န္တာ ရ ကို၊ ထာ ဝ ရ ဘု ရား လှုပ် ရှား စေ တော် မူ ၏။
9
ထာ ဝ ရ ဘု ရား၏ အ သံ တော် သည်၊ သ မင် ဒ ရယ် မ တို့ ကို သား ဖွား စေ လျက်၊ သစ် တော များ ကို ဟင်း လင်း ဖြစ် စေ၏။ ဗိ မာန် တော်၌ ရှိ သ မျှ တို့ က၊ ဘုန်း တော် ကြီး ပါ စေ သော ဟု ဝန် ခံ ကြ၏။
10
ရေ လွှမ်း မိုး သည့် ဘေး သင့် ရာ ကာ လ ၌ လည်း ကောင်း၊ ကာ လ အ စဉ် ၌ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည်၊ ဘု ရင် မင်း မြတ် အ ဖြစ် စံ နေ တော် မူ ၏။
11
ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် ကို စွမ်း အား ပေး တော် မူ လိမ့် မည်။ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် အား ရန် ငြိမ်း ခြင်း မင်္ဂ လာ ကို သ နား တော် မူ လိမ့် မည်။