ဆာ​လံ-27

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
  • 2 ငါ့ ရန် ဘက် ငါ့ ရန် သူ ဖြစ် သော လူ ဆိုး တို့ သည်၊ ငါ့ အ သား ကို စား ခြင်း ငှာ ချဉ်း ဝင် ကြ သော်၊ ထိ ခိုက် ကျ ဆုံး ကြ ၏။
  • 3 ငါ့ တစ် ဘက်၌ ဗိုလ် ခြေ တပ် ချ သော် လည်း၊ ကြောက် ရွံ့ မည် မ ဟုတ်။ စစ် ရေး ဖြစ် ပွား လျက် ပင်၊ စိတ် ချ လျက် နေ မည်။
  • 4 ထာ ဝ ရ ဘု ရား ၏ ကြက် သ ရေ တော် ကို ဖူး မျှော် လျက်၊ စံ ရာ တော် တွင် မေး လျှောက် ရ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား ထံ ငါ တောင်း လျှောက် ၍၊ ဗိ မာန် တော်၌ အ သက် ထက် ဆုံး နေ ထိုင် ခွင့် တစ် ဆု တည်း ကို ရှာ ကြံ မည်။
  • 5 ဒု က္ခ ရောက် သည့် နေ့ ရက်၌ ကိုယ် တော် သည်၊ ငါ့ ကို မ ဏ္ဍပ် တော် ထဲ၌ ဖုံး ကွယ် ခြင်း၊ တဲ တော် အ တွင်း၌ ဝှက် ထား ခြင်း ပြု လျက်၊ ကျောက် တောင် ပေါ် သို့ တင် မြှောက် ထား တော် မူ လိမ့် မည်။
  • 6 ယ ခု မှာ၊ ဝန်း ရံ သော ရန် သူ တို့ အ ပေါ်၌ ငါ့ ဦး ခေါင်း ကို မော် စေ တော် မူ သ ဖြင့်၊ ကိုယ် တော်၏ တဲ တော်၌ ရွှင် လန်း ရာ ပူ ဇော် သက္ကာ များ ကို ဆက် သ လျက်၊ ထာ ဝ ရ ဘု ရား အား ကျူး ဧ ဖွဲ့ ဆို မည်။
  • 7 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အော် ဟစ် ကြွေး ကြော် သော အ ခါ၊ နား ညောင်း လျက် က ရု ဏာ သက် ၍ ထူး တော် မူ ပါ။
  • 8 ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
  • 9 အ ကျွန်ုပ် ထံ မှ မျက် နှာ လွှဲ ခြင်း၊ ကျွန် တော် မျိုး ကို အ မျက် တော် နှင့် ပယ် ထား ခြင်း ပြု တော် မ မူ ပါ နှင့်။ ကိုယ် တော် သည် အကျွန်ုပ် ၏ အ ထောက် အ မ ဖြစ် တော် မူ ခဲ့ ပါ ပြီ။ အ ကျွန်ုပ် ကို ကယ် တင် တော် မူ သော အို ဘု ရား သ ခင်၊ စွန့် ပစ် ပယ် ထား တော် မ မူ ပါ နှင့်။
  • 10 ငါ့ ကို မိ ဘ တို့ စွန့် ထား ခဲ့ သော် လည်း၊ ထာ ဝ ရ ဘု ရား သိမ်း ပိုက် တော် မူ လိမ့် မည်။
  • 11 အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် လျက်၊ တပ် ပုန်း များ ကြောင့်၊ လမ်း ဖြောင့် ဖြင့် လိုက် ပို့ တော် မူ ပါ။
  • 12 ရန် ဘက် တို့ အ လို သို့၊ အပ် နှံ တော် မ မူ ပါ နှင့်။ မု သာ သက် သေ တို့ နှင့် ရက် စက် စွာ ကြိမ်း မောင်း သူ တို့ သည်၊ အ ကျွန်ုပ် တစ် ဘက်၌ ထ ကြွ ကြ ပါ ပြီ။
  • 13 သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
  • 14 ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
回到本卷目录 回到本版本目录 回到首页