ဆာ​လံ-33

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဖြောင့် မတ် သူ တို့၊ ထာ ဝ ရ ဘု ရား ၌ ရွှင် လန်း ကြ လော့။ ချီး မွမ်း ခြင်း သည်၊ သ ဘော ဖြောင့် သူ တို့ နှင့် သင့် လျော် ၏။
  • 2 စောင်း တီး လျက် ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ခြင်း၊ ကြိုး ဆယ် ပင် စောင်း နှင့် ဂုဏ် တော် ကို ကျူး ဧ ခြင်း ပြု ကြ လော့။
  • 3 ကိုယ် တော် အား သီ ချင်း သစ် ဆို လျက်၊ ကျင် လည် စွာ ကျယ် ကျယ် တီး ကြ လော့။
  • 4 အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။
  • 5 ဖြောင့် မတ် ခြင်း နှင့် တ ရား စောင့် ခြင်း ကို နှစ် သက် တော် မူ၍၊ ထာ ဝ ရ ဘု ရား ၏ မေ တ္တာ ကျေး ဇူး တော် နှင့်၊ မြေ တစ် ပြင် လုံး ပြည့် လျက် ရှိ ၏။
  • 6 မိုး ကောင်း ကင် ကို အ မိန့် တော် အား ဖြင့်လည်း ကောင်း၊ က မ္ဘာ့ တန် ဆာ ရှိ သ မျှ ကို နှုတ် တော် ထွက် သက် အား ဖြင့် လည်း ကောင်း၊ ထာဝ ရ ဘု ရား ဖန် ဆင်း တော် မူ ၏။
  • 7 သ မု ဒ္ဒ ရာ ရေ များ ကို စု ပုံ လျက်၊ ရေ ထု ကို လှောင် တိုက် များ၌ သို ထား တော် မူ ၏။
  • 8 မြေ ကြီး တစ် ပြင် လုံး သည်၊ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ နေ ထိုင် သူ အ ပေါင်း တို့ လည်း ရို သေ ကြ စေ။
  • 9 မြွက် ဆို တော် မူ ကာ မျှ ဖြင့် ဖြစ် ရ၏။ မိန့် တော် မူ ကာ မျှ ဖြင့် တည် ရ ၏။
  • 10 ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး ခြား တို့၏ ပြ ဋ္ဌာန်း ချက် ကို အ ချည်း နှီး၊ လူ မျိုး တို့၏ အ ကြံ အ စည် များ ကို အ ကျိုး မဲ့ ဖြစ် စေ တော် မူ ၏။
  • 11 ထာ ဝ ရ ဘု ရား ၏ ပြ ဋ္ဌာန်း တော် မူ ချက် ကား၊ အ စဉ် မြဲ လျက်၊ နှ လုံး တော် အ ကြံ အ စည် များ လည်း၊ လူ မျိုး အ ဆက် ဆက် တည် ၏။
  • 12 ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် သော လူ မျိုး၊ ပိုင် ရာ တော် အ ဖြစ် ရွေး ချယ် ခံ ရ သော လူ မျိုး သည်၊ မင်္ဂ လာ ရှိ ၏။
  • 13 ထာ ဝ ရ ဘု ရား သည် ကောင်း ကင် ဘုံ မှ ငုံ့ ကြည့်၍၊ လူ သား ခပ် သိမ်း ကို ရှု မြင် တော် မူ ၏။
  • 14 ရှိ သ မျှ တို့ စိတ် နှ လုံး ကို ပြု ပြင် ၍၊ အ မှု အ ရပ် ရပ် ကို သိ မြင် သော အ ရှင် သည်၊
  • 15 မြေ ကြီး ပေါ် တွင် နေ ထိုင် သူ အ ပေါင်း တို့ ကို၊ ကိန်း ဝပ် တော် မူ ရာ မှ ရှု ကြည့် တော် မူ ၏။
  • 16 ဘု ရင် မင်း သည်၊ ဗိုလ် ခြေ များ သော ကြောင့်၊ အောင် မြင် ခွင့်၊ သူ ရဲ လည်း ခွန် အား ကြီး သော ကြောင့်၊ လွတ် မြောက် ခွင့် ခံ ရ သည် မ ဟုတ်။
  • 17 အောင် မြင် ခွင့် ရ စေ ရန်၊ မြင်း တပ် အ ကျိုး မဲ့ ၍၊ အင် အား ကြီး သော် လည်း၊ ဘေး မှ မ လွှတ် နိုင် ချေ။
  • 18 ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊
  • 19 အ စာ ခေါင်း ပါး သည့် ကာ လ၊ အ သက် ရှင် ခြင်း ကို ပေး တော် မူ ၏။
  • 20 ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။
  • 21 သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။
  • 22 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ စောင့် မျှော် ကြ သည့် အ တိုင်း၊ အ ကျွန်ုပ် အ ပေါ်၌ က ရု ဏာ သက် တော် မူ ပါ။
回到本卷目录 回到本版本目录 回到首页