1
ဤ မြေ ကြီး နှင့် ကြွယ် ဝ ပြည် စုံ သ မျှ၊ လော က နှင့် နေ ထိုင် သ မျှ တို့ သည်၊ ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ ဖြစ် ၏။
2
ကိုယ် တော် သည်၊ သ မု ဒ္ဒ ရာ ပေါ်၌ အ မြစ် ချ၍၊ ရေ အ လျဉ် များ ပေါ် တွင် တည် တော် မူ ပြီ။
3
ထာ ဝ ရ ဘု ရား ၏ တောင် တော် ပေါ် သို့ တက် ရ သူ၊ သန့် ရှင်း ရာ ဌာ န တော်၌ ရပ် တန့် ရ သူ ကား၊ မည် သူ ပါ နည်း။
4
သန့် စင် သော လက်၊ စင် ကြယ် သော စိတ် ရှိ လျက်၊ အ န တ္တ ကို မ စွဲ မ လမ်း၊ လှည့် ဖြား ၍ သ စ္စာ မ မူ သူ ပေ တည်း။
5
ထို သူ သည်၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ကောင်း ကြီး မင်္ဂ လာ ကိုလည်း ကောင်း၊ ကိုယ့် ကယ် တင် ပိုင် ရှင် ဘု ရား သ ခင့် အ ထံ တော် မှ ဖြောင့် မတ် ခြင်း ကို လည်း ကောင်း၊ ခံ ယူ ရ လိမ့် မည်။
6
အို ယာ ကုပ်၏ ဘု ရား သ ခင်၊ ဤ သို့ သော သူ တို့ သည်၊ ကိုယ် တော် ကို လိုက် ရှာ၍၊ မျက် နှာ တော် ကို ရှာ ဖွေ သော အ မျိုး အ နွယ် ဖြစ် ကြ ပါ၏။
7
အ ချင်း မြို့ တံ ခါး တို့၊ ထိပ် များ ကို မြှောက် ကြ လော့။ အ ချင်း ထာ ဝ ရ တံ ခါး တို့၊ မြှင့် ကြ လော့၊ ဘုန်း ကြီး တော် မူ သော ဘု ရင် ကြွ ဝင် တော် မူ မည်။
8
ဘုန်း ကြီး တော် မူ သော ဘု ရင် ကား၊ မည် သူ ပါ နည်း။ စွမ်း အား တန် ခိုး နှင့် ပြည် စုံ တော် မူ သော ထာ ဝ ရ ဘု ရား၊ စစ် မှု ၌ တန် ခိုး ကြီး တော် မူ သော ထာ ဝ ရ ဘု ရား ပေ တည်း။
9
အ ချင်း မြို့ တံ ခါး တို့၊ ထိပ် များ ကို မြှောက် ကြ လော့။ အ ချင်း ထာ ဝ ရ တံ ခါး တို့၊ မြှင့် ကြ လော့။ ဘုန်း ကြီး တော် မူ သော ဘု ရင် ကြွ ဝင် တော် မူ မည်။
10
ထို ဘုန်း ကြီး တော် မူ သော ဘု ရင် ကား၊ မည် သူ ပါ နည်း။ ဗိုလ် ခြေ တို့ အ ရှင် ပင် လျှင်၊ ဘုန်း ကြီး တော် မူ သော ဘု ရင် ပေ တည်း။