1
အို ထာ ဝ ရ ဘု ရား၊ ဘု ရင် မင်း သည် ကိုယ် တော်၏ တန် ခိုး တော်၌ ဝမ်း မြောက် ခွင့်၊ ကယ် တင် တော် မူ ခြင်း ၌ အား ရ ရွှင် လန်း ခွင့် ရ ရှိ ပါ မည်။
2
ကိုယ် တော် သည်၊ သူ့ နှုတ် ထွက် လျှောက် ချက် ကို မ ပယ် ဘဲ၊ သ ဘော မြတ် ရာ ကို သ နား တော် မူ လျက်၊
3
စည်း စိမ် ချမ်း သာ နှင့် ကြို တင်၍၊ ရွှေ စင် မ ကိုဋ် ကို ဆောင်း စေ တော် မူ ပါ ပြီ။
4
ကိုယ် တော့် ထံ အ သက် ဆု ကို လျှောက် တောင်း သော အ ခါ၊ ကာ လ အ စဉ် အ သက် တာ ရှည် ခြင်း ကို ပင် သ နား တော် မူ ပါ ပြီ။
5
ကယ် တင် တော် မူ ခြင်း ၌ သူ့ ဘုန်း အ သ ရေ ကြီး မြတ် လျက်၊ တန် ခိုး အာ နု ဘော် ကို ကိုယ် တော် တင် တော် မူ ပါ၏။
6
ကိုယ် တော် သည် အ စဉ် မြဲ ရာ မင်္ဂ လာ ပေး လျက်၊ ရှေ့ တော်၌ အား ရ ရွှင် လန်း စေ တော် မူ ပါ ပြီ။
7
ဘု ရင် မင်း သည်၊ ထာ ဝ ရ ဘု ရား၌ ကိုး စား၍၊ မြင့် မြတ် သော အ ရှင်၏ မေ တ္တာ ကျေး ဇူး တော် ကြောင့် ရွေ့ ရ မည် မ ဟုတ်။
8
ရန် သူ တော် ရှိ သ မျှ ကို လက် ရုံး တော် ဖြင့် လည်း ကောင်း၊ မုန်း ထား သော သူ တို့ ကို ညာ လက် တော် ဖြင့် လည်း ကောင်း၊ တင် ဖိ လျက်၊
9
မျက် နှာ တော် ထား သော အ ချိန်၌၊ မီး ပုံ ကဲ့ သို့ ဖြစ် စေ မည်။ သူ တို့ သည် ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် ဖြင့် မျို စား ခြင်း ခံ ၍၊ မီး ကျွမ်း လောင် စား လိမ့် မည်။
10
သူ တို့၏ သား မြေး ကို မြေ ကြီး ပေါ် မှလည်း ကောင်း၊ အ မျိုး အ နွယ် ကို လူ့ သား တို့ ဘောင် မှ လည်း ကောင်း၊ ကိုယ် တော် ဖျက် ဆီး တော် မူ မည်။
11
အ ကျိုး တော် ယုတ် စေ လျက်၊ မ မြောက် ရ သော အ ကြံ ကို၊ သူ တို့ ကြံ စည် ကြ ရာ၊
12
ကိုယ် တော် သည် မျက် နှာ ရင် ဆိုင် လေး ညှို့ တင် လျက် ကျော ခိုင်း စေ တော် မူ မည်။
13
အို ထာ ဝ ရ ဘု ရား တန် ခိုး တော် အား ဖြင့်၊ မြင့် မြတ် ရာ တွင် စံ တော် မူ ပါ။ ထို သို့ နှင့် အ ညီ၊ အ စွမ်း တော် အ ကြောင်း အ ကျွန်ုပ် တို့ ကျူး ဧ ဖွဲ့ ဆို ရ ကြ ပါ မည်။