1
အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို အ ဘယ့် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း။ အ ကျွန်ုပ် ကို မ ကယ်၊ အော် ဟစ် သံ ကို မ ကြား ဘဲ အ ဘယ့် ကြောင့် ဝေး ကွာ စွာ နေ တော် မူ ပါ သ နည်း။
2
အို အ ကျွန်ုပ် ဘု ရား သ ခင်၊ နေ့ ညဉ့် မ ဟူ အ ကျွန်ုပ် ဟစ် ခေါ် ရာ၊ ကိုယ် တော် မ ထူး၊ ချမ်း သာ မ ပေး သော် လည်း၊
3
ဣ သ ရေ လ လူ မျိုး တို့ ထော မ နာ ထက် စံ တော် မူ သော အို အ ရှင်၊ ကိုယ် တော် သန့် ရှင်း တော် မူ ပါ ၏။
4
အ ကျွန်ုပ် တို့ ဘိုး ဘေး များ သည်၊ ကိုယ် တော် ၌ ကိုး စား ခဲ့ ရာ၊ ကိုး စား ကြ သည့် အ တိုင်း၊ ကယ် နုတ် တော် မူ ပါ ၏။
5
ကိုယ် တော့် ထံ ဟစ် ခေါ် ရာ၊ လွတ် မြောက် ရ လျက်၊ အ ရှက် မ ကွဲ ရ ဘဲ ကိုး စား ကြ ပါ ၏။
6
အ ကျွန်ုပ် မှာ မူ၊ လူ မ ဟုတ်၊ ပိုး ကောင် မျှ ဖြစ် ပါ၏။ လူ တို့ ကဲ့ ရဲ့ ရာ၊ သူ တို့ မ ထီ လေး စား ပြု ရာ ဖြစ် ပါ၏။
7
မြင် သ မျှ သော သူ တို့ ပြက် ရယ် ပြု ကြ ပါ ၏။
8
နှုတ် ခမ်း စူ ၍ ဦး ခေါင်း ခါ လျက်၊ ထာ ဝ ရ ဘု ရား အား ကိုယ် ကို လွှဲ အပ် ပါ တော့၊ ကယ် လွှတ် တော် မူ ပါ စေ။ နှစ် သက် သည့် အ လျောက် ကယ် လွှတ် တော် မူ ပါ လေ စေ ဟု သ ရော် ကြ ပါ ၏။
9
ကိုယ် တော် မူ ကား၊ အ ကျွန်ုပ် ကို အ မိ ဝမ်း ထဲ က ထုတ် တော် မူ ၍၊ ရင် ခွင် ၌ သိပ် ထား လျက် ပင် ကိုး စား စေ တော် မူ ပါ ၏။
10
ဖွား စ က ပင်၊ ကိုယ် တော့် ထံ အ ကျွန်ုပ် အပ် နှင်း ခံ ရ ၍၊ အ မိ ဝမ်း က ပင်၊ အ ကျွန်ုပ်၏ ဘု ရား ဖြစ် တော် မူ ပါ ၏။
11
ဒု က္ခ ရောက် လျှင်၊ ကယ် မည့် သူ မ ရှိ သော ကြောင့်၊ အ ကျွန်ုပ် ထံ မှ ဝေး ကွာ စွာ နေ တော် မ မူ ပါ နှင့်။
12
နွား လား များ စွာ ဝန်း ရံ လျက်၊ ဘာ ရှန် ဥ သ ဘ တို့ ဝိုင်း မိ ကြ ပါ ပြီ။
13
ကိုက် ဖြတ် ဟိန်း ဟောက် သော ခြင်္သေ့ ကဲ့ သို့၊ ပ စပ် ဟ လျက် ရှိ ကြ ၏။
14
အ ကျွန်ုပ် သည် သွန် လိုက် သော ရေ ကဲ့ သို့ ဖြစ် နေ ပါ၏။ အ ရိုး အ ဆစ် ရှိ သ မျှ လွဲ လျက်၊ နှ လုံး သည် ဖ ယောင်း ကဲ့ သို့ အ တွင်း၌ အ ရည် ပျော် လျက်၊ ခွန် အား သည် အိုး ခြမ်း ကဲ့ သို့ ခန်း ခြောက် လျက်၊
15
လျှာ သည် မေး ရိုး များ ကို ကပ် လျက် ရှိ နေ ရာ၊ သေ တွင်း သို့ အ ကျွန်ုပ် ကို ရောက် စေ တော် မူ ပါ၏။
16
ခွေး တို့ ဝန်း ရံ လျက်၊ လူ ဆိုး တို့ အ သင်း အ ပင်း ဝိုင်း မိ လျက်၊ အ ကျွန်ုပ် ခြေ လက် များ ကို ထိုး ဖောက် ကြ ပါ ပြီ။
17
အ ကျွန်ုပ် အ ရိုး ရှိ သ မျှ ကို ရေ တွက်၍ ရ ပါ၏။ သူ တို့ သည် အ ကျွန်ုပ် ကို စိုက် ကြည့် လျက်၊
18
အ ကျွန်ုပ် ၏ အ ဝတ် များ ကို အ ချင်း ချင်း ခွဲ ဝေ၍၊ အ တွင်း အင်္ကျီ ကို မဲ ချ ကောက် ယူ ကြ ပါ ၏။
19
အို ထာ ဝ ရ ဘု ရား၊ ဝေး ကွာ စွာ နေ တော် မ မူ ပါ နှင့်။ အ ကျွန်ုပ် ကို ကယ် တော် မူ သော အ ရှင်၊ အ လျင် အ မြန် မ စ တော် မူ ပါ။
20
အ ကျွန်ုပ် ၏ အ သက် ကို ဓား ဘေး မှ လည်း ကောင်း၊ အ ကျွန်ုပ် အ တ္တ ဘော ကို ခွေး ဘေး မှ လည်း ကောင်း၊ ကယ် လွှတ် တော် မူ ပါ။
21
ခြင်္သေ့ ခံ တွင်း နှင့် စိုင် ဦး ချို ဘေး မှ အ ကျွန်ုပ် ကို ကယ် တော် မူ ပါ။ နား ညောင်း တော် မူ ပါ ပြီ။
22
နာ မ တော် ကို အ ကျွန်ုပ် ညီ အစ် ကို တို့ အား ဖော် ပြ လျက်၊ ပ ရိ သတ် တော့် အ လယ် တွင် ကိုယ် တော့် ကို ချီး မွမ်း မည် မှာ၊
23
ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ကိုယ် တော် ကို ချီး မွမ်း ကြ လော့။ ယာ ကုပ် ၏ အ မျိုး အ နွယ် အ ပေါင်း တို့၊ ဘုန်း တော် ကို ချီး မြှောက် ကြ လော့။ ဣ သ ရေ လ၏ အ မျိုး အ နွယ် အ ပေါင်း တို့၊ ကိုယ် တော် ကို ရို သေ ကြ လော့။
24
ကိုယ် တော် သည်၊ ညှဉ်း ပန်း ခံ ရ သူ့ ဒု က္ခ ကို ရွံ ရှာ ခြင်း၊ မ ထီ မဲ့ မြင် ပြု ခြင်း ကင်း လျက်၊ မျက် နှာ လွှဲ တော် မ မူ။ ခေါ် သည့် ကာ လ၊ နာ ခံ တော် မူ ပြီ ဟူ ၍ တည်း။
25
ပ ရိ သတ် တော် ကြီး ၌ အ ကျွန်ုပ် ချီး မွမ်း ရာ ချီး မွမ်း ကြောင်း ဖြစ် တော် မူ သည့် အ လျောက်၊ ခန့် ညား သူ တို့ ရှေ့ သ စ္စာ ဝတ် များ ကို အ ကျွန်ုပ် ဖြေ သ ဖြင့်၊
26
စိတ် နှိမ့် ချ သူ တို့ သည် ဝ ပြော စွာ စား ရ ခွင့်၊ ထာ ဝ ရ ဘု ရား ကို လိုက် ရှာ သူ တို့ သည် ချီး မွမ်း ခွင့် ခံ ရ လျက်၊ သင် တို့ စိတ် နှ လုံး ကို အ စဉ် အ မြဲ အား တက် ပါ စေ သော ဟူ သော မင်္ဂ လာ ခံ ရ ကြ လိမ့် မည်။
27
ထာ ဝ ရ ဘု ရား သည်၊ နိုင် ငံ တော်၏ ဘု ရင်၊ လူ မျိုး ခြား တို့ အ ပေါ် တွင်၊ အုပ် စိုး သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊
28
မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ ပင် သ တိ ရ၍၊ ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် လာ လျက်၊ လူ အ မျိုး အ နွယ် ခပ် သိမ်း တို့ သည်၊ ရှေ့ တော်၌ ရှိ ခိုး ရ ကြ လိမ့် မည်။
29
ကြွယ် ဝ သော မြေ ကြီး သား ရှိ သ မျှ စား သောက် ရှိ ခိုး ရ လျက်၊ ကိုယ့် အ သက် ကို အ ရှင် မ ထား နိုင် ဘဲ၊ မြေ မှုန့် အ ဖြစ် သို့ ဆင်း ရ သ မျှ သော သူ တို့ သည် ရှေ့ တော် ၌ ဦး ညွှတ် ရ ကြ လိမ့် မည်။
30
အ နွယ် တစ် ဆက် သည် ဝတ် ပြု ရ သည့် အ လျောက်၊ အ ရှင် ဘု ရား နှင့် စပ် လျဉ်း ၍၊
31
ဖြောင့် မတ် တော် မူ ခြင်း၊ စီ ရင် တော် မူ ခြင်း အ ကြောင်း ကို၊ ပေါ် လာ ရ မည့် အ မျိုး၊ ဖြစ် ပွား ရ မည့် အ ဆက် အား ဖော် ပြ ကြ လ တ္တံ့။