ဆာ​လံ-18

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ကျွန်ုပ်၏ စွမ်း အား ဖြစ် တော် မူ သော အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို အ ကျွန်ုပ် ချစ် ခင် ကြည် ညို ပါ ၏။
  • 2 ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
  • 3 ချီး မွမ်း ခံ ထိုက် တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ငါ ပ ဌ နာ ပြု သ ဖြင့်၊ ရန် သူ တို့ လက် မှ လွတ် မြောက် ရ လိမ့် မည်။
  • 4 သေ မင်း ၏ နှောင် ကြိုး များ ဝန်း ဝိုင်း ခြင်း၊ ဖျက် ဆီး ရာ ဩ ဃ များ ချောက် လှန့် ခြင်း၊
  • 5 မ ရ ဏာ့ နိုင် ငံ ၏ နှောင် ကြိုး များ ရစ် ပတ် ခြင်း၊ သေ မင်း ၏ ညွှတ် ကွင်း များ နီး ကပ် ခြင်း ကို၊ ငါ ခံ ရ သ ဖြင့်၊
  • 6 ကျဉ်း ကျပ် သော အ ဖြစ် မှ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် ခေါ် တောင်း လျှောက် သည့် ကာ လ၊ ကိုယ် တော် သည်၊ ဗိ မာန် တော် ထဲ မှ ငါ့ လျှောက် သံ ကို ကြား လျက်၊ ရှေ့ တော် ရောက် ငါ ဟစ် ခေါ် သံ ကို နား ညောင်း တော် မူ ၏။
  • 7 ထို အ ခါ၊ အ မျက် တော် ကြောင့် မြေ ကြီး ညွှတ် လျက် တုန် လှုပ် ခြင်း၊ တောင် များ ၏ အ ခြေ အ မြစ် လှုပ် ရှား ၍ ရွေ့ ခါ ခြင်း များ ဖြစ် ၏။
  • 8 နှာ တော် မှ အ ခိုး ထွက် လျက်၊ နှုတ် တော် မှ မီး လျှံ လည်း ကျွမ်း လောင် လျက်၊ မီး သွေး များ ကို တောက် ငြိ စေ ၏။
  • 9 ကိုယ် တော် သည်၊ ကောင်း ကင် ကို ညွှတ် စေ ၍၊ ကြွ ဆင်း တော် မူ ရာ၊ ခြေ ဖ ဝါး တော် အောက် ၌ အ မိုက် တိုက် ကျ လေ ၏။
  • 10 ခေ ရု ဗ ကို စီး ဝဲ လျက်၊ လေ ပြင်း အ တောင် များ အ ပေါ် တွင် လျင် မြန် စွာ စ ကြာ ဖြန့် ချီ တော် မူ ၏။
  • 11 မည်း မှောင် သည့် မိုး သား၊ ထပ် ဆင့် သည့် တိမ် တိုက် တည်း ဟူ သော မှောင် မိုက် အ တိ ကို၊ ကိုယ် တော်၏ ပတ် လည် တော်၌၊ ပုန်း ကွယ် ရာ တဲ တော် ဖြစ် စေ တော် မူ၏။
  • 12 ဘုန်း တော် ရောင် ခြည် ဖြင့် တိမ် တိုက် များ ကို၊ မိုး သီး နှင့် မီး ကျီး များ ဖောက်၍ ရွာ ကျ ၏။
  • 13 ထာ ဝ ရ ဘု ရား သည်၊ မိုး ကို ချုန်း စေ ခြင်း၊ မြင့် မြတ် သော အ ရှင် သည်၊ အ သံ တော် မြွက် ခြင်း ပြု တော် မူ သ ဖြင့်၊ မိုး သီး နှင့် မီး ကျီး များ ကို ရွာ စေ တော် မူ၏။
  • 14 မြှား တော် များ ကို ပစ်၍၊ ရန် သူ တို့ ကို ကွဲ လွင့် စေ တော် မူ၏။ လျှပ် စစ် အ ထပ် ထပ် ပြက် စေ သ ဖြင့်၊ ရှုံး နိမ့် စေ တော် မူ ၏။
  • 15 အို ထာ ဝ ရ ဘု ရား၊ အ မိန့် တော် ရှိ၍၊ နှာ တော် ဖြင့် ရှူ မှုတ် တော် မူ သည့် ကာ လ၊ ရေ စီး ရေ မြောင်း အောက် ခံ များ ထင် ပေါ် လျက်၊ မြေ ကြီး အ ခြေ အ မြစ် များ ဟင်း လင်း ပေါ် ရ ပါ၏။
  • 16 အ ထက် ကောင်း ကင် ဘုံ မှ၊ ကိုယ် တော် သည် စေ လွှတ် လျက်၊ ငါ့ ကို ရေ ကြီး သော ဘေး မှ ဆွဲ ယူ ကယ် ဆယ် တော် မူ ၏။
  • 17 အား ကြီး သော ရန် သူ တို့ လက် မှလည်း ကောင်း၊ ငါ့ ထက် ခွန် အား ကြီး သော မုန်း ထား သူ တို့ လက် မှလည်း ကောင်း၊ ငါ့ ကို ကယ် လွှတ် တော် မူ၏။
  • 18 ငါ၌ ဘေး သင့် ရောက် သည့် နေ့ ရက် တွင် ချဉ်း ဝင် ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ အ ထောက် အ မ ဖြစ် တော် မူ ၏။
  • 19 ကျယ် ဝန်း ရာ အ ရပ် သို့ ငါ့ ကို ထုတ် ဆောင် တော် မူ လျက်၊ နှစ် သက် သော ကြောင့် ကယ် လွှတ် တော် မူ၏။
  • 20 ငါ့ ဖြောင့် မတ် ခြင်း အ လျောက်၊ ထာ ဝ ရ ဘု ရား သည် အ ကျိုး ကို သ နား တော် မူ၏။ ငါ့ လက် များ စင် ကြယ် သည့် အ လျောက်၊ ဆပ် ပေး တော် မူ၏။
  • 21 အ သို့ ဆို သော်၊ ကိုယ့် ဘု ရား သ ခင့် အ ထံ တော် မှ ဆိုး သွမ်း စွာ မ ခွါ ဘဲ၊ ထာ ဝ ရ ဘု ရား ၏ နည်း လမ်း တော် များ ကို ငါ စောင့် ရှောက် ခဲ့ ပြီ။
  • 22 ငါ့ ရှေ့ ၌ ဆုံး ဖြတ် တော် မူ ချက် ရှိ သ မျှ တည် သည့် အ လျောက်၊ ထုံး ဖွဲ့ တော် မူ ချက် များ ကို မ စွန့် မ ပယ်။
  • 23 ၎င်း ပြင်၊ ငါ သည် ရှေ့ တော် ၌ စုံ လင် ခြင်း ရှိ လျက်၊ ကိုယ့် ဒု စ ရိုက် မှ ကိုယ် ကို ကွယ် ကာ စောင့် ထိန်း ခဲ့ ပြီ။
  • 24 သို့ ဖြစ်၍၊ ငါ သည် ဖြောင့် မတ် လျက်၊ မျက် မှောက် တော် တွင် ငါ့ လက် စင် ကြယ် သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ဆပ် ပေး တော် မူ ၏။
  • 25 က ရု ဏာ ရှိ သူ့ အား၊ က ရု ဏာ နှင့် ပြည် စုံ တော် မူ သည် ကိုလည်း ကောင်း၊ စုံ လင် သူ့ အား၊ စုံ လင် တော် မူ သည် ကိုလည်း ကောင်း၊
  • 26 စင် ကြယ် သူ့ အား၊ စင် ကြယ် တော် မူ သည် ကိုလည်း ကောင်း၊ ဆုံး မ ခက် သူ့ အား ခက် ထန် တော် မူ သည် ကို လည်း ကောင်း၊ ကိုယ် တော် ဖော် ပြ တော် မူ ပါ ၏။
  • 27 ညှဉ်း ပန်း ခံ ရ သူ တို့ ကို ကယ် တော် မူ ပါ လိမ့် မည်။ မော် မောက် သူ တို့ မျက် စိ များ ကို ကား၊ နှိမ့် ချ တော် မူ ပါ လိမ့် မည်။
  • 28 အို အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် မီး ခွက် ကို ထွန်း လျက်၊ အ ကျွန်ုပ်၏ မှောင် မိုက် ကို လင်း စေ တော် မူ ပါ လိမ့် မည်။
  • 29 အ ကျွန်ုပ် သည် ကိုယ် တော့် အား ဖြင့် တပ် ကို ဝင် စီး ခြင်း၊ ကိုယ့် ဘု ရား သ ခင် အား ဖြင့် မြို့ ရိုး ကို ခုန် လွှား ခြင်း ပြု နိုင် ပါ၏။
  • 30 ဘု ရား သ ခင် ၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း၊ လွှား သ ဖွယ် ဖြစ် တော် မူ၏။
  • 31 ထာ ဝ ရ ဘု ရား မှ တစ် ပါး၊ မည် သူ သည် ဘု ရား သ ခင် ဖြစ် သ နည်း။ ငါ တို့ ဘု ရား သ ခင့် ပြင်၊ မည် သူ သည် ကျောက် တောင် ဖြစ် သ နည်း။
  • 32 ထို ဘု ရား သ ခင် သည်၊ ငါ၌ ခွန် အား ကို စည်း ပေး လျက်၊ ငါ့ လမ်း ကို စုံ လင် စေ တော် မူ၏။
  • 33 ငါ့ ခြေ များ ကို ဒ ရယ် မ၏ ခြေ ကဲ့ သို့ ချ စေ တော် မူ ပြီး လျှင်၊ ကိုယ့် မြင့် မြတ် ရာ များ၌ တင် မြှောက်၍ ထား တော် မူ၏။
  • 34 စစ် မှု၌ ကျင် လည် အောင် ငါ့ လက် များ ကို သွန် သင် တော် မူ သ ဖြင့်၊ ကြေး လေး ကို ပင် ငါ့ လက် ရုံး များ သည် တင် နိုင် ၏။
  • 35 ကိုယ် တော် သည်၊ ကယ် တင် ခြင်း ဒိုင်း လွှား ကို လည်း သ နား တော် မူ၍၊ ညာ လက် တော် ဖြင့် အ ကျွန်ုပ် ကို ထူ ပင့် လျက်၊ သိမ် မွေ့ နူး ညံ့ တော် မူ ခြင်း ဖြင့် ကြီး မြင့် စေ တော် မူ ပါ ပြီ။
  • 36 နင်း ရာ ပြန့် စေ တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် ခြေ မ ချော် ခဲ့ ရ ပါ။
  • 37 ရန် သူ တို့ ကို မှီ အောင် ငါ လိုက် လံ လျက်၊ ပျက် စီး ၍ မ ကုန် မီ ပြန် လာ မည် မ ဟုတ်။
  • 38 မ ထ နိုင် အောင် ငါ ထိုး ဖောက် သ ဖြင့်၊ ငါ့ ခြေ အောက် ၌ ပြို လဲ ကြ ရ မည်။
  • 39 စစ် ပြိုင် နိုင် ရန် ခွန် အား ကို၊ အ ကျွန်ုပ်၌ ကိုယ် တော် စည်း ပေး တော် မူ လျက်၊ အ ကျွန်ုပ် အောက် ထ ကြွ သူ တို့ ကို နှိမ့် နင်း တော် မူ ပါ ၏။
  • 40 မုန်း ထား သူ တို့ အား၊ အ ကျွန်ုပ် ခုတ် ဖြတ် နိုင် စေ ရန်၊ ရန် သူ တို့ ကို နောက် လှည့် စေ တော် မူ ပါ ၏။
  • 41 သူ တို့ အော် ဟစ် သော် လည်း ကယ် လာ သူ မ ရှိ။ ထာ ဝ ရ ဘု ရား ကို ဟစ် ခေါ် သော် လည်း၊ ထူး တော် မ မူ။
  • 42 လေ လွင့် သော မြူ မှုန့် ကဲ့ သို့၊ သူ တို့ ကို ငါ ချေ မွ ၍၊ လမ်း ရွှံ့ နွံ ကဲ့ သို့ ပစ် လိုက် ၏။
  • 43 ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို လူ မျိုး တော်၏ ဘက် ပြိုင် မှု များ မှ ကယ် နုတ် တော် မူ၍၊ လူ မျိုး ခြား တို့၏ အ ကြီး ဥ က္က ဋ္ဌ ဖြစ် စေ တော် မူ ပါ ပြီ။ ငါ မ သိ ဘူး သော လူ မျိုး သည်၊ ငါ့ အ စေ ကို ခံ ရ ၏။
  • 44 ငါ့ အ ကြောင်း ကို ကြား လျှင် ကြား ခြင်း၊ ငါ့ အ မိန့် ကို နား ထောင် လျက်၊ နိုင် ငံ ခြား သား တို့ သည်၊ ငါ့ ကို ကျိုး နွံ ဟန် ဆောင် ကြ ၏။
  • 45 နိုင် ငံ ခြား သား တို့ သည် ညှိုး နွမ်း၍၊ ပုန်း ကွယ် ရာ များ မှ တုန် လှုပ် လျက် ထွက် လာ ရ ကြ ၏။
  • 46 ထာ ဝ ရ ဘု ရား သည် အ သက် ရှင် တော် မူ၏။ ငါ့ ကျောက် တောင် တော်၌ မင်္ဂ လာ ရှိ စေ သ တည်း။ ငါ့ ကို ကယ် တင် ရာ ဘု ရား သ ခင် သည် မြင့် မြတ် တော် မူ ပါ စေ သော။
  • 47 ထို ဘု ရား သ ခင် ပင်၊ ငါ့ အ တွက် လက် စား ချေ ၍၊ လူ မျိုး တို့ ကို ငါ့ အောက် သို့ နှိမ့် နင်း သည့် ပြင်၊ ရန် သူ တို့ လက် မှ ငါ့ ကို ကယ် နုတ် တော် မူ ၏။
  • 48 ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ထ ကြွ သူ တို့ ထက် ချီး မြှင့်၍၊ ကြမ်း ကြုတ် သူ့ လက် မှ ကယ် လွှတ် တော် မူ ပါ ၏။
  • 49 သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင်၊ အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော့် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။
  • 50 ခန့် ထား တော် မူ သော ဘု ရင်၊ ဘိ သိက် သွန်း တော် မူ သော ဒါ ဝိဒ် မှ စ၍၊ အ ဆက် အ နွယ် တို့ ကို၊ အ ထူး ကယ် လွှတ် လျက်၊ ကာ လ အစဉ် မေ တ္တာ ကျေး ဇူး ပြု တော် မူ ၏။
回到本卷目录 回到本版本目录 回到首页