1
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ အ လျင် အ မြန် ကြွ တော် မူ ပါ။ ဟစ် ခေါ် သော အ ခါ၊ နား ညောင်း တော် မူ ပါ။
2
အ ကျွန်ုပ်၏ ပ ဌ နာ သည် နံ့ သာ ငွေ့ ကဲ့ သို့လည်း ကောင်း၊ လက် အုပ် ချီ ခြင်း သည် ည နေ ပူ ဇော် သ က္ကာ ကဲ့ သို့ လည်း ကောင်း၊ ရှေ့ တော် ၌ ဆက် သ လျက် ရှိ ပါ စေ သော။
3
အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ရှေ့ ကင်း စောင့် ထား လျက်၊ အ ကျွန်ုပ် နှုတ် တံ ခါး ကို စောင့် တော် မူ ပါ။
4
ဒု စ ရိုက် ကို ပြု သူ တို့ နှင့် အ တူ၊ ဆိုး သွမ်း မှု အ မျိုး မျိုး ၌ ကျင် လည် စေ ခြင်း ငှာ၊ မ ကောင်း သော အ ခြင်း အ ရာ သို့ စိတ် ငဲ့ ခြင်း၊ ထို သူ တို့ မြိန် ရှက် ရာ ကို သုံး ဆောင် ခွင့် ပေး တော် မ မူ ပါ နှင့်။
5
ကျေး ဇူး ပြု ခြင်း အ ဖြစ်၊ ဖြောင့် မတ် သော သူ သည် အ ကျွန်ုပ် ကို ဒဏ် ခတ် ခြင်း၊ ဦး ခေါင်း ၌ ဆီ လိမ်း ခြင်း အ ဖြစ် ဆုံး မ ခြင်း ကို၊ အ ကျွန်ုပ် ဦး ခေါင်း ခံ ပါ စေ။ သူ တို့ ဆိုး သွမ်း မှု ပြု ကြ စဉ် တွင်၊ အ ကျွန်ုပ် ဆက် လက် ၍ ပ ဌ နာ ပြု ပါ မည်။
6
သူ တို့၏ တ ရား သူ ကြီး များ သည် ကျောက် တောင် အ နီး ပစ် ချ ရာ ခံ လျက်၊ ချို သာ သော အ ကျွန်ုပ် တောင်း လျှောက် ချက် ကို ကြား ရ ကြ ပါ လိမ့် မည်။
7
မြေ ကို ထယ် နှင့် ထိုး ၍ ခွဲ သ ကဲ့ သို့၊ မ ရ ဏာ့ နိုင် ငံ တံ ခါး ဝ အ နီး၊ အ ကျွန်ုပ် တို့ အ ရိုး များ ကွဲ ပြား လျက် ရှိ ပါ ၏။
8
အို အ ရှင် ဘု ရား သ ခင်၊ အ ကျွန်ုပ် သည် ကိုယ် တော် ကို မျှော် ကြည့် လျက် ခို လှုံ ပါ ၏။ အ ကျွန်ုပ် အ သက် ကို ပစ် ထား တော် မ မူ ပါ နှင့်။
9
အ ကျွန်ုပ် ရှေ့၊ ထောင် ထား ကြ သော ကျော့ ကွင်း မှ လည်း ကောင်း၊ ဒု စ ရိုက် ကို ပြု ကျင့် သူ တို့ ညွှတ် ကွင်း များ မှ လည်း ကောင်း၊ ကင်း လွတ် စေ တော် မူ ပါ။
10
ထို သို့ အ ကျွန်ုပ် သည် ကျော် သွား စဉ် တွင် လူ ဆိုး တို့ ကို ကိုယ့် ပိုက် ထဲ သို့ ကျ ရောက် ကြ ပါ စေ သော။