1
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ကို စိ စစ်၍ သိ ကျွမ်း တော် မူ ပါ၏။
2
အ ကျွန်ုပ် ထိုင် နေ ခြင်း၊ ထ ရပ် ခြင်း ကို သိ၍၊ အ ကြံ အ စည် များ ကို အ ဝေး က ပင် နား လည် တော် မူ ပါ၏။
3
အ ကျွန်ုပ် လမ်း လျှောက် ခြင်း၊ အိပ် ဝပ် ခြင်း ကို စစ် ဆေး၍၊ အ လေ့ အ လာ ရှိ သ မျှ ကို သိ တော် မူ ပါ ၏။
4
လျှာ တွင် လည်း၊ အ ကြွင်း မဲ့ သိ တော် မ မူ သော စ ကား တစ် ခွန်း မျှ မ ရှိ ပါ။
5
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ အ ကျွန်ုပ် ရှေ့ နောက် ဆီး ကာ လျက်၊ လက် တော် ဖြင့် တင် ဖိ တော် မူ ပါ ပြီ။
6
ထို သို့ သော အ သိ ဉာဏ် သည် အ ကျွန်ုပ် မ မီ နိုင် အောင် မြင့် မြတ်၍၊ အံ့ ဖွယ် ရာ ဖြစ် ပါ၏။
7
ဝိ ညာဉ် တော် နှင့် လွတ် အောင် မည် သည့် အ ရပ် သို့ သွား ခွင့်၊ အ ပါး တော် နှင့် ကင်း အောင် မည် သည့် အ ရပ် သို့ ပြေး ခွင့် ရ ပါ အံ့ နည်း။
8
အ ကယ်၍၊ ကောင်း ကင် သို့ တက် လျှင်၊ ကိုယ် တော် ရှိ ပါ၏။ မ ရ ဏာ့ နိုင်၌ အိပ် ရာ ကို ခင်း လျှင်၊ ရှိ တော် မူ ပါ သည် တ ကား။
9
အ ရုဏ့် အ တောင် များ နှင့် ပျံ သွား လျက်၊ သ မု ဒ္ဒ ရာ အ စွန်း အ ဖျား ဆုံး၌ နား နေ လျှင်၊ ထို အ ရပ်၌ ပင် လက် တော် ဖြင့် လမ်း ပြ လျက်၊
10
ညာ လက် တော် ဖြင့် ကိုင် ဆွဲ တော် မူ လိမ့် မည်။
11
မှောင် မိုက် သည် ငါ့ ကို ကွယ် ကာ လျက်၊ အ လင်း လည်း ပတ် လည်၌ ညဉ့် မှောင် ကဲ့ သို့ ဖြစ် ပါ စေ သော ဟု ဆို လျှင်၊
12
ရှေ့ တော်၌ အ မှောင် နှင့် အ လင်း မ ထူး ခြား သ ဖြင့်၊ မှောင်၌ ပင်၊ ပုန်း အောင်း ခွင့် မ ရ ဘဲ၊ ညဉ့် သည် နေ့ ကဲ့ သို့ လင်း ပါ ၏။
13
ကိုယ် တော် သည် အ ကျွန်ုပ်၏ ကျောက် ကပ် ကို ပင် ပြု ပြင်၍၊ အ မိ ဝမ်း ထဲ တွင် အ ကျွန်ုပ် ကို စေ့ စပ် တော် မူ ခဲ့ ပါ ၏။
14
အ မှု အ ရာ တော် များ သည် အံ့ ဩ ဖွယ် ဖြစ် သည့် အ လျောက်၊ အ ကျွန်ုပ် သည် ကြောက် မက် အံ့ ဩ ဖွယ် ရာ ဖြစ် ကြောင်း၊ စိတ် ဖြင့် သေ ချာ စွာ သိ လျက်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။
15
မ ထင် ရှား ရာ ၌ အ ကျွန်ုပ် ကို ဖန် ဆင်း၍၊ မြေ ကြီး နက် ရှိုင်း ရာ၌ စေ့ စပ် သော အ ခါ၊ ကိုယ် ခ န္ဓာ ပုန်း ကွယ် လျက် မ နေ ဘဲ၊
16
အ ကျွန်ုပ်၏ သ န္ဓေ ကို မြင် တော် မူ လျက်၊ အင်္ဂါ များ ကို နေ့ စဉ် ပြု ပြင်၍ တစ် စုံ တစ် ခု မျှ မ ပြီး သေး မီ ကာ လ တွင်၊ စာ ရင်း တော် ၌ အ ကုန် အ စင် မှတ် သား လျက် ရှိ ခဲ့ ပါ ၏။
17
အို ဘု ရား သ ခင်၊ ကိုယ် တော် ၏ အ ကြံ အ စည် တော် များ သည် အ ကျွန်ုပ် ၌ မွန် မြတ် လျက်၊ အ ချုပ် အ ချာ များ လှ ပါ တ ကား။
18
ရေ တွက် လျှင် သဲ လုံး ထက် များ ပါ၏။ အ ကျွန်ုပ် နိုး သော အ ခါ၊ ကိုယ် တော် နှင့် အ တူ ရှိ နေ ပါ ၏။
19
အို ဘု ရား သ ခင်၊ လူ ဆိုး တို့ ကို ကွပ် မျက် တော် မူ ပါ စေ သော။ အ ချင်း လူ သတ် တို့၊ ငါ့ ထံ မှ ထွက် သွား ကြ လော့။
20
ရန် သူ တော် ဖြစ် သော ထို သူ တို့ သည်၊ ကိုယ် တော် ကို တော် လှန် ပုတ် ခတ် လျက် ရှိ နေ ကြ ပါ ၏။
21
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို မုန်း ထား သူ တို့ အား မုန်း ထား ခြင်း၊ ထ ကြွ သူ တို့ အား ရွံ ရှာ ခြင်း ကို ငါ ပြု သည် မ ဟုတ် ပါ လော။
22
အ ကြွင်း မဲ့ မုန်း ထား ၍၊ ကိုယ့် ရန် သူ ကဲ့ သို့ မှတ် ပါ ၏။
23
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် ကို စိ စစ် လျက် စိတ် နှ လုံး ကို သိ မှတ် တော် မူ ပါ။ စစ် ဆေး လျက် အ ကြံ အ စည် များ ကို သိ မှတ် တော် မူ ပါ။
24
ဆိုး သွမ်း သော အ လေ့ အ လာ တစ် စုံ တစ် ရာ ရှိ မ ရှိ ကို ရှု ကြည့် ၍၊ ထာ ဝ ရ လမ်း တော် ထဲ ၌ လမ်း ပြ တော် မူ ပါ။