1
ငါ သည် ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ခေါ် သံ၊ ဘု ရား သ ခင့် ထံ အ သ နား တော် ခံ သံ လွှင့် လျက်၊
2
ရှေ့ တော် ၌ ငါ့ တိုင် လျှောက် ချက် ကို မြွက် ဆို ၍၊ ငါ့ သော က ကို ဖော် ပြ ၏။
3
အ ကျွန်ုပ် စိတ် ပျက် သော အ ခါ၊ အ ကျွန်ုပ် ခ ရီး ကို သိ နှင့် တော် မူ ပါ ၏။ သွား ရာ လမ်း ၌ ကျော့ ကွင်း ကို သူ တစ် ထူး တို့ ဝှက် ထား ကြ ပါ ပြီ။
4
ညာ ဘက် သို့ ရှု ကြည့် တော် မူ၍၊ အ ကျွမ်း ဝင် သူ မ ရှိ၊ ခို လှုံ ရာ မဲ့ လျက်၊ အ သက် ကို ကြောင့် ကြ သူ မ ရှိ ကြောင်း၊ သိ မြင် တော် မူ ပါ။
5
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် ဟစ် ခေါ် လျက်၊ သူ ရှင် တို့ နေ ရာ တွင် အ ကျွန်ုပ် ခို လှုံ ရာ နှင့် ဝေ ပုံ ကား၊ ကိုယ် တော် ပင် တည်း။
6
အ လွန် နိမ့် ကျ လျက် နေ သော အ ကျွန်ုပ်၏ အော် ဟစ် သံ ကို နား ညောင်း၍၊ အ ကျွန်ုပ် ထက် ခွန် အား ကြီး သော လိုက် လံ သူ တို့ လက် မှ ကယ် လွှတ် တော် မူ ပါ။
7
နာ မ တော် အား ချီး မွမ်း ခွင့် ရ စေ ရန်၊ အ ကျွန်ုပ် အ သက် ကို အ ချုပ် အ နှောင် အ ထဲ မှ ထုတ် ဆောင် တော် မူ ပါ။ ထို သို့ ကြွယ် ဝ စွာ သ နား တော် မူ သော ကြောင့်၊ ဖြောင့် မတ် သူ တို့ သည် အ ကျွန်ုပ် ကို ခြံ ရံ လျက် နေ ကြ ရ ပါ လိမ့် မည်။