ဆာ​လံ-138

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ကျေး ဇူး တော် ကို စိတ် နှ လုံး အ ကြွင်း မဲ့ အ ကျွန်ုပ် ချီး မွမ်း လျက်၊ ဘု ရား များ ရှေ့ ကိုယ် တော့် ထံ ကျူး ဧ ပါ မည်။
  • 2 ကျော် စော ကိ တ္တိ ရှိ တော် မူ သည် ထက်၊ က တိ တော် ကို ချီး မြှောက် တော် မူ သည့် အ လျောက်၊ သန့် ရှင်း သော ဗိ မာန် တော် ဘက် သို့ ရှိ ခိုး လျက်၊ က ရု ဏာ တော် နှင့် သ စ္စာ တော် ကြောင့်၊ နာ မ တော် ကို ချီး မွမ်း ပါ မည်။
  • 3 အ ကျွန်ုပ် ဟစ် ခေါ် သော နေ့ တွင် ထူး တော် မူ၍၊ အ ကျွန်ုပ် စိတ်၌ အား ပေး တော် မူ ပါ ၏။
  • 4 အို ထာ ဝ ရ ဘု ရား၊ မြေ ကြီး ရှင် ဘု ရင် အ ပေါင်း တို့ သည်၊ နှုတ် တော် ထွက် ဗျာ ဒိတ် တော် များ ကို ကြား ရ သည် ဖြစ် ၍၊
  • 5 ကျေး ဇူး တော် ကို ချီး မွမ်း လျက်၊ ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ကြီး မြတ် သော ကြောင့်၊ နည်း လမ်း တော် များ ကို သီ ချင်း ဖွဲ့ ဆို ရ ကြ ပါ လိမ့် မည်။
  • 6 ထာ ဝ ရ ဘု ရား မြင့် မြတ် တော် မူ သော် လည်း၊ စိတ် နှိမ့် ချ သူ တို့ ကို ထောက် ရှု တော် မူ၍၊ စိတ် နေ မြင့် သူ တို့ ကို အ ဝေး က ပင် သိ မှတ် တော် မူ ၏။
  • 7 ဒု က္ခ များ ၌ အ ကျွန်ုပ် ကျင် လည် ရ သော် လည်း၊ ကိုယ် တော် သည် ရှင် ပြန် စေ လျက်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ရန် သူ တို့ အမျက် ဒေါ သ ငြိမ်း စေ၍၊ ညာ လက် ရုံး တော် ဖြင့် ကယ် တော် မူ လိမ့် မည်။
  • 8 ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
回到本卷目录 回到本版本目录 回到首页