1
ဟာ လေ လု ယ၊ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ကို ချီး မွမ်း လော့။ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော်၊ ငါ တို့ ဘု ရား သ ခင် ၏ ဗိ မာန် တော် တံ တိုင်း များ အ တွင်း၊ ခ စား သော ထာ ဝ ရ ဘု ရား ၏ ကျွန် တော် မျိုး တို့၊ ချီး မွမ်း ကြ လော့။
2
3
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ သော ကြောင့်၊ ထာ ဝ ရ ဘု ရား အား ချီး မွမ်း ခြင်း၊ တင့် တယ် သည့် အ လျောက်၊ နာ မ တော် အား ကျူး ဧ ခြင်း ပြု ကြ လော့။
4
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည် ယာ ကုပ် အ မျိုး ကို ပိုင် ရာ တော် အ ဖြစ်၊ ဣ သ ရေ လ အ မျိုး ကို ပိုင် ဆိုင် ရာ အ ထူး အ ဖြစ်၊ ရွေး ကောက် တော် မူ ပြီ။
5
ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ ကြောင်း၊ ငါ တို့ အ ရှင် သည် ဘု ရား ဟူ သ မျှ ထက် မြင့် မြတ် တော် မူ ကြောင်း၊ ငါ သိ ၏။
6
ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရေ ထု ရှိ သ မျှ ၌၊ သ ဘော တော် မြတ် ရာ ပြု တော် မူ ခဲ့ ပြီ။
7
မြေ ကြီး အ စွန်း အ ဖျား မှ မိုး သား တက် စေ လျက်၊ မိုး ရွာ စေ ရန် လျှပ် စစ် ကို စီ မံ လျက်၊ လှောင် တိုက် တော် များ ထဲ က လေ ပြင်း ကို ထွက် စေ တော် မူ ၏။
8
အိ ဂျစ် ပြည် ၌ လူ နှင့် တိ ရ စ္ဆာန် သား ဦး ရှိ သ မျှ ကို ကွပ် မျက် တော် မူ ခဲ့ ၏။
9
အို အိ ဂျစ် ပြည်၊ သင့် အထဲ တွင် ဖာ ရော မင်း မှ စ၍၊ ကျေး ကျွန် အ ပေါင်း တို့ အ ပေါ် သို့ လ က္ခ ဏာ သက် သေ နှင့် အံ့ ဖွယ် ရာ များ ကို စေ လွှတ် တော် မူ ခဲ့ ၏။
10
အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း၊ ဗာ ရှန် ပြည့် ရှင် ဩ ဃ မင်း နှင့် တ ကွ၊
11
ဘုန်း ကြီး သော လူ မျိုး တို့ ဘု ရင် မင်း တို့ ကို ကွပ် မျက် လျက်၊ ခါ နာန် တိုင်း နိုင် ငံ ရှိ သ မျှ ကို လုပ် ကြံ ပြီး လျှင်၊
12
သူ တို့ ပြည် နယ် ကို၊ ဣ သ ရေ လ လူ မျိုး တော် အား အ ပိုင် ပေး သ နား တော် မူ ၏။
13
အို ထာ ဝ ရ ဘု ရား၊ နာ မ တော် သည် ကာ လ အ စဉ်၊ အို ထာ ဝ ရ ဘု ရား၊ ဘွဲ့ တော် သည် လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။
14
ထာ ဝ ရ ဘု ရား သည် ကျွန် တော် မျိုး တို့ အ တွက် စိတ် တော် ပြောင်း လဲ၍၊ လူ မျိုး တော် ကို စီ ရင် ဆုံး ဖြတ် တော် မူ လိမ့် မည်။
15
လူ မျိုး ခြား တို့ ရုပ် ပွား များ သည်၊ လူ့ လက် ဖြင့် လုပ် သော ရွှေ ငွေ ဆင်း တု ဖြစ် သ ဖြင့်၊
16
နှုတ် ရှိ လျက် ပင်၊ ပြော ဆို ခွင့်၊ မျက် စိ ရှိ လျက် ပင်၊ ရှု မြင် ခွင့်၊
17
နား ရှိ လျက် ပင်၊ ကြား နာ ခွင့် မ ရှိ သည့် ပြင်၊ ခံ တွင်း ၌ လည်း ထွက် သက် ဝင် သက် မ ရှိ။
18
ထု လုပ် သော သူ တို့ သည်၊ ကိုး စား သ မျှ သူ တို့ ပါ၊ ထို့ အ တူ ဖြစ် ကြ ပါ စေ သော။
19
အို ဣ သ ရေ လ အ မျိုး သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ အို အာ ရုန် အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။
20
အို လေ ဝိ အ နွယ် သား တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။ ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ထာ ဝ ရ ဘု ရား အား ဩ ဘာ ဆက် ကြ လော့။
21
ယေ ရု ရှ လင် မြို့ ၌ စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့ ထဲ မှ မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။ ဟာ လေ လု ယ။