1
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် လည်း ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
2
ရန် ဘက် ပြု သူ တို့ လက် မှ ထာ ဝ ရ ဘု ရား ရွေး နုတ်၍၊ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ အ ပြည် ပြည် ထဲ မှ၊
3
စု သိမ်း လာ သော သူ၊ရွေး နုတ် တော် မူ သော သူ တို့ သည် ချီး မွမ်း ကြ စေ။
4
သဲ တော တွင် က န္တာ ရ လမ်း ဖြင့် လွှဲ သွား လျက်၊ နေ ထိုင် ရန် မြို့ ကို မ တွေ့ ဘဲ၊
5
ဆာ မွတ် ရေ ငတ် သော၊ စိတ် ပျက် သူ တို့ သည်၊
6
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ ဆင်း ရဲ ဒု က္ခ ထဲ က ကယ် လွှတ်၍၊
7
နေ ထိုင် ရန် မြို့ သို့ ရောက် စေ ခြင်း ငှာ၊ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ၏။
8
လူ့ သား တို့၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ ပါ စေ။
9
ကိုယ် တော် သည်၊ တောင့် တ သော သူ့ ကို ရောင့် ရဲ စေ လျက်၊ ဆာ မွတ် သော သူ့ ကို လည်း၊ ကောင်း သော အ ရာ နှင့် ဝ စေ တော် မူ ၏။
10
ဘု ရား သ ခင့် အ မိန့် တော် များ ကို ဖီ ဆန် ၍၊ မြင့် မြတ် သော ဘု ရား၏ အ ကြံ တော် ကို မ ထီ မဲ့ မြင် ပြု သော ကြောင့်၊ မှောင် မိုက် ရာ သေ မင်း အ ရပ် ၌ ထိုင် လျက်၊ ဒု က္ခ နှင့် လည်း ကောင်း၊ သံ ကြိုး နှင့် လည်း ကောင်း၊ ချည် နှောင် ခြင်း ခံ လျက်၊
11
12
ထောက် မ သူ မ ရှိ ဘဲ၊ တိုက် လဲ သည့် တိုင် အောင်၊ အ လုပ် အ ကိုင် ဖြင့် နှိမ့် ချ တော် မူ ခြင်း ခံ ရ သူ တို့ သည်၊ အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊
13
14
ဆင်း ရဲ ဒု က္ခ ထဲ က ကယ်၍၊ မှောင် မိုက် ရာ အ ရပ်၊ သေ မင်း အ ရိပ် ထဲ က ထုတ် ဆောင် လျက်၊ သူ တို့ အ ချည် အ နှောင် များ ကို ဖြည် တော် မူ ၏။
15
လူ့ သား တို့ ၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ ပါ စေ။
16
ကိုယ် တော် သည် ကြေး တံ ခါး များ ကို ချိုး ဖြတ် လျက်၊ သံ မင်း ထုပ် များ ကို ဖောက် ဖျက် တော် မူ ၏။
17
ကျူး လွန် ရာ ဓ လေ့ နှင့် ဒု စ ရိုက် များ ကြောင့်၊ ဒု က္ခ ရောက် လျက်၊
18
ခဲ ဖွယ် အ မျိုး မျိုး ကို စက် ဆုပ် ၍၊ သေ မင်း တံ ခါး ဝ သို့ ချဉ်း ရ သော လူ မိုက် တို့ သည်၊
19
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ ဆင်း ရဲ ဒု က္ခ ထဲ က ကယ် ၍၊
20
အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။
21
လူ့ သား တို့ ၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ သည့် ပြင်၊
22
ချီး မွမ်း ရာ သ က္ကာ များ ကို ပူ ဇော် လျက်၊ အ မှု တော် များ ကို ကြွေး ကြော် ကြား ပြော ကြ ပါ စေ။
23
သ မု ဒ္ဒ ရာ တွင် သင်္ဘော စီး လျက်၊ ရေ ကြောင်း ကူး သန်း လုပ် ဆောင် သည့် အ တိုင်း၊
24
နက် ရှိုင်း ရာ ၌ ထာ ဝ ရ ဘု ရား၏ အ မှု တော် များ နှင့်၊ အံ့ ဖွယ် ရာ များ ကို မြင် ကြ ရ သည် မှာ၊
25
အ မိန့် တော် အ ရ၊ လေ ပြင်း မုန် တိုင်း တိုက် ၍၊
26
လှိုင်း တံ ပိုး များ ကို ထ စေ ရာ၊ မိုး ကောင်း ကင် တိုင် အောင် တက် လျက်၊ ချောက် ထဲ သို့ ဆင်း လျက်၊
27
ဒု က္ခ ကြောင့် စိတ် ပျက် လျက်၊ ကြံ ရာ မ ရ ဘဲ၊ ယစ် မူး သူ ကဲ့ သို့၊ ယိမ်း ယိုင် လှည့် လည် ရ သူ တို့ သည်၊
28
အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊
29
ဆင်း ရဲ ဒု က္ခ ထဲ က ထုတ် ဆောင် လျက်၊ လှိုင်း တံ ပိုး ငြိမ်း ရ အောင် လေ ပြင်း ကို ရပ် စဲ စေ တော် မူ ပြီး လျှင်၊ ထို သို့ ငြိမ်း ခွင့် ကြောင့် ရွှင် လန်း သူ တို့ ကို၊
30
လို ရာ ဆိပ် ကမ်း သို့ ပို့ ဆောင် တော် မူ ၏။
31
လူ သား တို့၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ သည့် ပြင်၊
32
လူ မျိုး တော် ပ ရိ သတ် တွင် ဂုဏ် တော် ကို ချီး မြှောက်၍၊ လူ ကြီး တို့ အ စည်း အ ဝေး ၌ ထော မ နာ ပြု ကြ စေ။
33
နေ ထိုင် သူ တို့ ဆိုး သွမ်း မှု များ ကြောင့်၊ မြစ် များ ကို သဲ က န္တာ ရ အ ရပ်၊ စမ်း ပေါက် များ ကို သွေ့ ခြောက် ရာ အ ရပ်၊ မြေ ကောင်း ကို ဆား ပေါ် ရာ အ ရပ် ဖြစ် စေ တော် မူ ၏။
34
35
တစ် ဖန် သဲ က န္တာ ရ အ ရပ် ကို ရေ အိုင်၊ သွေ့ ခြောက် ရာ အ ရပ် ကို စမ်း ပေါက် ဖြစ် စေ တော် မူ ပြီး လျှင်၊ ဆာ မွတ် သူ တို့ ကို နေ ရာ ချ ၍၊
36
နေ ထိုင် ရာ မြို့ တည် ခွင့်၊ မြေ ထွက် ရ စေ ရန် လယ် လုပ်၍၊
37
စ ပျစ် ခြံ စိုက် ခွင့် ပေး လျက်၊
38
သိုး နွား တိ ရ စ္ဆာန် မ လျော့ စေ ဘဲ၊ လူ အ လွန် ပွား များ လေ အောင်၊ ထို သူ တို့ ကို ကောင်း ကြီး ပေး တော် မူ ၏။
39
တစ် ဖန်၊ ညှဉ်း ပန်း ခြင်း၊ ဒု က္ခ ခံ ရ ခြင်း၊ ပူ ပန် ရ ခြင်း များ ကြောင့်၊ တိမ် ကော ပ ပျောက် လျက် နေ ကြ ရာ၊
40
မှူး မတ် တို့ ကို အ ရှက် ကြီး ခွဲ၍၊ လမ်း မဲ့ လ ဟာ ပြင် ၌ လွဲ စေ လျက်၊
41
နွမ်း ပါး သူ့ ကို ကား၊ ဒု က္ခ ထဲ မှ ချီး မြှောက်၍၊ အိမ် ထောင် ကို လည်း သိုး စု ကဲ့ သို့ ပွား များ စေ တော် မူ ၏။
42
ဖြောင့် မတ် သူ တို့ သည် ထို သို့ မြင် ရ၍ ဝမ်း မြောက် ကြ လိမ့် မည်။ ခပ် သိမ်း သော ဒု စ ရိုက် မှာ မူ၊ နှုတ် ပိတ် လျက် နေ ရ လိမ့် မည်။
43
ပ ညာ ရှိ သော သူ မှန် လျှင်၊ ဤ အ မှု အ ရာ များ ကို အ လေး ဂ ရု ပြု ၍၊ ထာ ဝ ရ ဘု ရား ၏ က ရု ဏာ တော် များ ကို စဉ်း စား ဆင် ခြင် လိမ့် မည်။