1
အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ အ ကျွန်ုပ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ကြီး မြတ် လှ ၍၊ ဘုန်း အာ နု ဘော် နှင့် ဆင် ယင် တော် မူ ပါ ၏။
2
အ ဝတ် သ ဖွယ် အ လင်း ကို ခြုံ ၍၊ ပိ တာန် သ ဖွယ် မိုး ကောင်း ကင် ကို ကြက် တော် မူ ပါ ၏။
3
အ ထက် ကြက် သ ရေ ခန်း ယက် မ များ ကို ရေ ပြင် ပေါ် တွင် တည်၍၊ တိမ် တိုက် ရ ထား ကို စီး လျက်၊ လေ ပြင်း အ တောင် များ ပေါ် တွင်၊ စ ကြာ ဖြန့် တော် မူ ပါ ၏။
4
စေ တ မန် တော် တို့ အ ဖြစ် လေ ပြင်း ကို လည်း ကောင်း၊ အ မှု တော် ဆောင် တို့ အ ဖြစ် မီး လျှံ ကို လည်း ကောင်း၊ ထား တော် မူ ပါ ၏။
5
မြေ ပ ထ ဝီ ကို၊ မည် သည့် မျှ ကာ လ မျှ မ လှုပ် ရှား နိုင် သော အ မြစ် ပေါ် တွင်၊ တည် တော် မူ ပါ ၏။
6
ကိုယ် တော် သည် မြေ ပ ထ ဝီ ကို၊ အ ဝတ် သ ဖွယ် သ မု ဒ္ဒ ရာ နှင့် ဖုံး လွှမ်း တော် မူ ၍၊ တောင် များ အ ထက် ရေ များ တန့် နေ ရာ၊
7
ဆုံး မ တော် မူ သော မိုး ချုန်း သံ ကြောင့်၊ အ လန့် တ ကြား ပြေး သွား ၍၊ တောင် များ ကို ဆန် လျက်၊
8
ချိုင့် များ ကို စုန် လျက်၊ သတ် မှတ် ထား တော် မူ ရာ သို့ ရောက် ရ ပါ ၏။
9
မြေ ကြီး ကို ပြန် ၍ မ လွှမ်း မိုး စေ ရန်၊ မ ကျော် ရ သော နယ် ခြား ကို သတ် မှတ် တော် မူ ပါ ၏။
10
ချိုင့် များ ထဲ သို့ လွှတ် ၍၊ တောင် ကြား များ တွင် စီး စေ တော် မူ သော စမ်း ရေ ကို၊
11
တော တိ ရ စ္ဆာန် အ ပေါင်း တို့ သောက် ခွင့်၊ မြည်း ရိုင်း များ အ ငတ် ပြေ ခွင့် ရ လျက်၊ လေ သ တ္တ ဝါ တို့ သည် အ နီး တွင် နေ ရာ ကျ ၍၊
12
သစ် ခက် သစ် လက် များ တွင် ကြွေး ကြော် ကြ ၏။
13
တောင် များ ကို အ ထက် ကြက် သ ရေ ခန်း များ မှ ရေ သွန်း တော် မူ ရာ၊ မြေ ပ ထ ဝီ သည် စီ ရင် တော် မူ ရာ အ ကျိုး နှင့် ရောင့် ရဲ လျက် ရှိ ပါ ၏။
14
တိ ရ စ္ဆာန် များ ဖို့ မြက် ပင် ကို လည်း ကောင်း၊ လူ တို့ အ လုပ် အ ကိုင် ဖြင့် ကောက် ပင် ကို လည်း ကောင်း၊ ပေါက် စေ တော် မူ သည့် အ တိုင်း၊
15
လူ တို့ စိတ် ရွှင် လန်း စေ သော စ ပျစ် ရည်၊ မျက် နှာ ပြောင် စေ သော ဆီ၊ အား ဖြည့် တင်း သော ခဲ ဖွယ် များ သည်၊ မြေ ကြီး ထဲ က ပေါ် ရ ၏။
16
ထာ ဝ ရ ဘု ရား ၏ သစ် ပင် စိုက် ထား တော် မူ သော လေ ဗ နုန် သစ် က တိုး ပင် များ သည်၊ ရောင့် ရဲ လျက် ရှိ ကြ ၏။
17
ထို အ ပင် များ ၌ ငှက် များ သည် အ သိုက် ကို လည်း ကောင်း၊ ထင်း ရူး ပင် များ ၌ ငှက် ကျား များ သည် သိုက် မြုံ ကို လည်း ကောင်း၊ လုပ် လျက်၊
18
မြင့် သော တောင် တန်း သည်၊ တောင် ဆိတ် များ အ ဖို့၊ ကျောက် တောင် များ လည်း၊ ခွေး တူ ဝက် တူ များ အ ဖို့၊ မှီ ခို ရာ ဖြစ် ၏။
19
ရာ သီ များ အ ဖို့ လ ကို ဖန် ဆင်း တော် မူ ၍၊ နေ လည်း ဝင် ချိန် ကို သိ ၏။
20
မှောင် မိုက် ကို စီ ရင် တော် မူ လျှင်၊ တော သား ရဲ အ ပေါင်း တို့ တွား ထွက် တတ် သော ညဉ့် အ ချိန် ကျ ရာ၊
21
ခြင်္သေ့ ပျို များ သည်၊ သား ကောင် ကို ဟောက် လျက်၊
22
ဘု ရား သ ခင့် ထံ အ စာ ကို ရှာ ပြီး မှ၊ နေ ထွက် သော်၊ ဆုတ် သွား ၍၊ ပုန်း အောင်း ရာ တွင်း များ ၌ ဝပ် နေ ကြ ပါ ၏။
23
လူ တို့ မှာ မူ၊ လုပ် ဆောင် ရန် ထွက် သွား လျက်၊ ည နေ တိုင် အောင် ကြိုး စား အား ထုတ် ရ ပါ ၏။
24
အို ထာ ဝ ရ ဘု ရား၊ အ မှု တော် များ လှ ပါ ၍၊ ရှိ ရှိ သ မျှ ကို ဉာဏ် တော် ဖြင့် ဖန် ဆင်း တော် မူ သည့် အ လျောက်၊ ပိုင် ရာ တော် များ နှင့် မြေ ပ ထ ဝီ ကြွယ် ဝ ပြည့် စုံ ပါ သည် တ ကား။
25
မ ရေ တွက် နိုင် အောင် တွား တတ် သည့် သား ငါး အ စ ရှိ သော တိ ရ စ္ဆာန် ကြီး ငယ် များ နေ ရာ၊
26
ကြီး မား ကျယ် ဝန်း သော ထို သ မု ဒ္ဒ ရာ ၌၊ သွား လာ သော သင်္ဘော များ ပြင်၊ မြူး ထူး ရ စေ ရန်၊ ဖန် ဆင်း ထား တော် မူ သော၊ ငါး ကြီး အာ န န္ဒာ ရှိ ပါ ၏။
27
အ ချိန် တန် လျှင်၊ ရှိ ရှိ သ မျှ တို့ သည်၊ ကျွေး မွေး တော် မူ စေ ရန်၊ ကိုယ် တော် ကို စောင့် မျှော် လျက်၊
28
ချ ပေး တော် မူ သော်၊ သိမ်း ယူ ခွင့်၊ လက် တော် ဖွင့် တော် မူ သော်၊ ကောင်း သော အ ရာ နှင့် ရောင့် ရဲ ခွင့် ရ ကြ ပါ ၏။
29
မျက် နှာ တော် လွှဲ တော် မူ သော်၊ ဒု က္ခ ရောက် လျက်၊ အ သက် ကို ရုပ် သိမ်း တော် မူ သော်၊ သေ၍ မြေ မုန့် ဖြစ် ပြန် ရ ကြ ပါ ၏။
30
ဝိ ညာဉ် တော် ကို လွှတ် သော်၊ ဖန် ဆင်း ခြင်း ခံ ရ ၍၊ မြေ မျက် နှာ ပြင် သည်၊ အ သစ် ဖြစ် ရ ပြန် ပါ ၏။
31
ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် သည် ကာ လ အ စဉ် တည် ၍၊ ကိုယ် တော် သည် အ မှု အ ရာ တော် များ ၌ ရွှင် လန်း တော် မူ ပါ စေ။
32
မြေ ပ ထ ဝီ ကို ကြည့် ရှု တော် မူ သော်၊ တုန် လှုပ် ရ၏။ တောင် များ ကို တို့ တော် မူ သော်၊ မီး ခိုး ထွက် ရ ၏။
33
ငါ သည် အ သက် ထက် ဆုံး၊ ထာ ဝ ရ ဘု ရား အား သီ ချင်း ဆို လျက်၊ တည် နေ သ မျှ အ တွင်း၊ ငါ့ ဘု ရား သ ခင် ကို ကျူး ဧ ပါ မည်။
34
ငါ့ ဆင် ခြင် ချက် များ ကို၊ နှစ် သက် တော် မူ သည့် အ လျောက်၊ ထာ ဝ ရ ဘု ရား ၌ ငါ ရွှင် လန်း မည်။
35
အ ပြစ် သား တို့ သည်၊ မြေ ကြီး ပေါ် မှ သုတ် သင် ပယ် ရှား ခြင်း ကို ခံ ရ ၍၊ လူ ဆိုး တို့ သည်၊ ကွယ် ပျောက် ကြ ပါ စေ။ အို ငါ့ အ သက် ဝိညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။ ဟာ လေ လု ယ။