1
အို ဘု ရား သ ခင်၊ အ ကျွန်ုပ် စိတ် နှ လုံး တည် ကြည် ပါ၏။ စိတ် ဝိ ညာဉ် ပါ လျက် ပင်၊ သီ ချင်း ဆို လျက် ကျူး ဧ ပါ မည်။
2
အ ချင်း တ ယော နှင့် စောင်း များ၊ နိုး ကြ လော့။ အ ရုဏ် တက် ချိန် ငါ နိုး ပါ မည်။
3
အို ထာ ဝ ရ ဘု ရား၊ လူ ပ ရိ သတ် တို့ တွင်၊ ကိုယ် တော် ကို ချီး မွမ်း လျက်၊ လူ မျိုး တို့ ဘောင် တွင်၊ ကျူး ဧ ပါ မည်။
4
က ရု ဏာ တော် သည် မိုး ကောင်း ကင် အ ထက် တိုင် အောင်လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။
5
အို ဘု ရား သ ခင်၊ မိုး ကောင်း ကင် ထက်၊ ချီး မြှင့် ခြင်း ခံ လျက်၊ မြေ တစ် ပြင် လုံး ထက်၊ ဘုန်း တော် ထင် ပေါ် ပါ စေ သော။
6
နှစ် သက် တော် မူ သော လူ မျိုး တို့ ဘေး လွတ် ကြ စေ ရန်၊ ညာ လက် ရုံး တော် အား ဖြင့် ထူး ၍၊ အောင် မြင် ခွင့် ပေး တော် မူ ပါ။
7
သန့် ရှင်း ရာ ဌာ န တော် မှ၊ ဘု ရား သ ခင် မိန့် ဆို တော် မူ သည် မှာ၊ ငါ သည် မာန် ဟုန် သွင်း လျက်၊ ရှေ ခင် မြို့ ကို ဝေ ဖန် ခြင်း၊ သု ကုပ် ချိုင့် ကို တိုင်း တာ ခြင်း ပြု မည်။
8
ဂိ လဒ် နယ် သည် ငါ ပိုင်၊ မ နာ ရှေ နယ် လည်း ငါ ပိုင် ဖြစ် ရာ၊ ဧ ဖ ရိမ် နယ် သည် ငါ့ မောက် ရူ၊ ယု ဒ နယ် သည် ငါ့ လှံ တံ ဖြစ် ၏။
9
မော ဘ ပြည် ကား၊ ငါ့ ဆေး လျှော် ရာ၊ ဧ ဒုံ ပြည် လည်း ငါ့ ဖိ နပ် ထား ရာ ဖြစ် သည့် ပြင်၊ ဖိ လိ တ္တိ ပြည် ကြောင့် ငါ ကြွေး ကြော် မည် ဟူ ၍ တည်း။
10
အ ကျွန်ုပ် ကို ခိုင် လုံ သော မြို့ တွင်း သို့ ပို့ သွင်း ခြင်း၊ ဧ ဒုံ ပြည် ရောက် ဦး ဆောင် ခြင်း ကို၊ မည် သူ ပြု ပါ အံ့ နည်း။
11
အို ဘု ရား သ ခင်၊ ဗိုလ် ခြေ တို့ နှင့် ချီ ကြွ တော် မ မူ ဘဲ၊ အ ကျွန်ုပ် တို့ ကို စွန့် ပစ် ခဲ့ သော ကိုယ် တော် ပင် တည်း။
12
လူ ချင်း တို့ ဖြင့် အောင် မြင် ရ ခွင့် အ ချည်း နှီး ဖြစ် သော ကြောင့်၊ ကျဉ်း ကျပ် ရာ ၌ စစ် ကူ တော် မူ ပါ။
13
ဘု ရား သ ခင် အား ဖြင့် ငါ တို့ ရဲ ရင့် စွာ ပြု မည်။ ရန် သူ တို့ ကို ကိုယ် တော် နင်း နယ် တော် မူ မည်။