ဆာ​လံ-106

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
  • 2 ထာ ဝ ရ ဘု ရား ၏ တန် ခိုး တော် မြွက် ဆို ခွင့်၊ ဂုဏ် တော် အ စဉ် ကြား ပြော ခွင့် ကို မည် သူ ရ သ နည်း။
  • 3 အ ခါ ခပ် သိမ်း ၌ တ ရား စောင့် ထိန်း ၍၊ ဖြောင့် မတ် စွာ ကျင့် ကြံ သူ တို့ သည် မင်္ဂ လာ ရှိ ၏။
  • 4 အို ထာ ဝ ရ ဘု ရား၊ ရွေး ချယ် တော် မူ သူ တို့ ချမ်း သာ ကို မြင် ခွင့်၊ လူ မျိုး တော် ၀မ်း မြောက် သည့် အ တိုင်း ၀မ်း မြောက် ခွင့်၊ ပိုင် ရာ တော် နှင့် အ မျှ ဂုဏ် ရောက် ခွင့် ရ စေ ခြင်း ငှာ၊ လူ မျိုး တော့် အ ပေါ် တွင် ရှိ သော စေ တ နာ တော် အ လျောက်၊ အ ကျွန်ုပ် ကို သ တိ ရ လျက်၊ ကယ် မ ရန် ကြွ လာ တော် မူ ပါ။
  • 5
  • 6 အ ကျွန်ုပ် တို့ သည်၊ ဘိုး ဘေး တို့ နှင့် အ တူ ပြစ် မှား ခဲ့ ကြ ပါ ပြီ။ ဒု စ ရိုက် ကျင့် လျက်၊ ဆိုး သွမ်း စွာ ပြု ခဲ့ ကြ ပါ ပြီ။
  • 7 ဘိုး ဘေး တို့ သည်၊ အိ ဂျစ် ပြည် ၌၊ အံ့ ဖွယ် ရာ အ မှု တော် များ ကို နား လည် ခြင်း၊ က ရု ဏာ တော် အ မြောက် အ မြား ကို သ တိ ရ ခြင်း ကင်း လျက်၊ ပင် လယ် နီ အ နီး ပုန် ကန် ကြ ပါ ၏။
  • 8 သို့ သော် လည်း၊ မ ဟာ တန် ခိုး တော် ကို ထင် ရှား စေ ခြင်း ငှာ၊ နာ မ တော့် အ တွက် ကြောင့် ကယ် မ လျက်၊
  • 9 ပင် လယ် နီ ကို ဆုံး မ တော် မူ၍ ခန်း ခြောက် ရာ၊ သဲ က န္တာ ရ လမ်း ကဲ့ သို့၊ နက် ရှိုင်း ရာ တစ် လျှောက် ပို့ ဆောင် ခြင်း၊
  • 10 မုန်း ထား သူ တို့ လက် မှ ကယ် လွှတ်၍၊ ရန် သူ တို့ လက် မှ ရွေး နုတ် ခြင်း ပြု တော် မူ သ ဖြင့်၊
  • 11 ရန် ဘက် ပြု သူ တို့ ကို တစ် ယောက် မျှ မ ကျန်၊ လွှမ်း မိုး သည့် အ တိုင်း၊
  • 12 ဗျာ ဒိတ် တော် ကို ယုံ ၍၊ ဂုဏ် တော် ကို သီ ချင်း ဖွဲ့ ဆို ကြ ၏။
  • 13 တစ် ဖန်၊ အ မှု တော် များ ကို မ ကြာ မီ မေ့ လျော့ လျက်၊ အ ကြံ တော် ကို မ ငံ့ မ လင့် ဘဲ၊
  • 14 သဲ တော၌ တပ် မက်၍၊ က န္တာ ရ၌ ဘု ရား သ ခင် ကို စုံ စမ်း ကြ ရာ၊ တောင့် တ ရာ ကို ပေး တော် မူ သော် လည်း၊
  • 15 သူ တို့ အ တွင်း ၌ ပိန် ကြုံ စေ သော ဝေ ဒ နာ ကို သွင်း တော် မူ ၏။
  • 16 တပ် ထဲ တွင် မော ရှေ ကို လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ သန့် ရှင်း သူ အာ ရုန် ကို လည်း ကောင်း၊ ငြူ စူ ကြ သ ဖြင့်၊
  • 17 မြေ ဟ၍ ဒါ သန် ကို မျို လျက်၊
  • 18 အ ဘိ ရံ၏ လူ စု တို့ ကို ဖုံး အုပ် လျက်၊ ထို လူ စု တွင် မီး တောက်၍၊ လူ ဆိုး တို့ ကို မီး လျှံ လောင် လေ ၏။
  • 19 သူ တို့ သည် ဟော ရပ် တောင် အ နီး၊ နွား ရုပ် ကို လုပ်၍၊ ဆင်း တု ကို ရှိ ခိုး လျက်၊
  • 20 မြက် စား သော နွား ၏ ပုံ သ ဏ္ဌာန် ကို၊ ဘုန်း တန် ခိုး ဖြစ် ရာ ဖြစ် ကြောင်း အ စား လဲ ယူ လျက်၊
  • 21 အိ ဂျစ် နိုင် ငံ ၌ ကြီး မြတ် သော အ မှု များ ကို လည်း ကောင်း၊ ဟာ မ လူ မျိုး ၏ ပြည် တွင် အံ့ ဖွယ် ရာ များ ကို လည်း ကောင်း၊
  • 22 ပင် လယ် နီ အ နီး ကြောက် မက် ဖွယ် အ မှု များ ကို လည်း ကောင်း၊ စီ ရင် ၍ ကယ် တင် တော် မူ သော ဘု ရား ကို မေ့ လျော့ ကြ သ ဖြင့်၊
  • 23 အ မျက် တော် ကို လွှဲ ၍ ဖျက် ဆီး တော် မ မူ စေ ရန်၊ ရှေ့ တော် အပေါက် တွင်၊ ရွေး ချယ် တော် မူ သူ မော ရှေ မ ရပ် မ တန့် လျှင်၊ ပယ် ရှား မည် ကြံ ရွယ် တော် မူ ပါ ၏။
  • 24 သာ ယာ သော ပြည် ကို မ ထီ မဲ့ မြင် ပြု လျက်၊ ထို သူ တို့ သည် ဗျာ ဒိတ် တော် ကို မ ယုံ။
  • 25 ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို မ နာ ခံ ဘဲ၊ ကိုယ့် တဲ များ ၌ ညည်း ညူ ကြ ရာ၊
  • 26 သဲ က န္တာ ရ ၌ ဖြို လှဲ ခြင်း ငှာ လည်း ကောင်း၊ အ မျိုး အ နွယ် ကို လူ မျိုး ခြား တို့ ဘောင် တွင် ဖြို လှဲ၍၊
  • 27 အ ပြည် ပြည် သို့ ခွဲ လွင့် ခြင်း ငှာ လည်း ကောင်း၊ လက် ရုံး ချီ လျက် သ စ္စာ ဆို တော် မူ ၏။
  • 28 ထို သို့ ဗာ လ ပေ ဂု ရ နတ် ကို မှီ ဝဲ ၍၊ အ သက် မဲ့ ရုပ် တု ရှေ့ ပူ ဇော် ပွဲ ကို စား ကြ လျက်၊ အ ပြု အ ကျင့် များ ကြောင့်၊
  • 29 အ မျက် တော် တိုက် သ ဖြင့်၊ ကပ် ရော ဂါ သင့် ရောက် ရာ၊
  • 30 ဖိ န ဟတ် ရပ် တန့်၍ ပြစ် ဒဏ် စီ ရင် သည် နှင့်၊ ကပ် ရော ဂါ ငြိမ်း လေ ၏။
  • 31 ထို အ မှု ကို၊ သူ့ ဖြောင့် မတ် ခြင်း ဟု၊ လူ မျိုး အ ဆက် ဆက် ကာ လ အ စဉ် မှတ် တော် မူ ၏။
  • 32 တစ် ဖန်၊ မေ ရိ ဘ ရေ အ နီး အ မျက် တော် တိုက် လျက်၊ ဝိ ညာဉ် တော် ကို ပုန် ကန် ကြ ရာ၊
  • 33 အ မှတ် တ မဲ့ ပြော ဆို မိ သော မော ရှေ သည်၊ သူ တို့ အ တွက် မ ကောင်း ခံ ခဲ့ ရ လေ စွ။
  • 34 သူ တို့ သည် ထာ ဝ ရ ဘု ရား အ မိန့် တော် အ တိုင်း မ ပြု၊ တိုင်း ရင်း သား တို့ ကို မ ဖျက် ဆီး ဘဲ၊
  • 35 လူ မျိုး ခြား တို့ နှင့် ရော ရှက်၍၊ အ လေ့ အ ကျင့် များ ကို သင် လျက်၊
  • 36 ညွှတ် ကွင်း အ ဖြစ် မိ ကြ ရာ၊ ရုပ် ပွား များ ကို ဝတ် ပြု သည့် ပြင်၊
  • 37 သား သ မီး တို့ ကို ပင်၊ နတ် ဆိုး တို့ အား ယဇ် ပူ ဇော် လျက်၊
  • 38 ခါ နာန် ပြည် ရုပ် ပွား တို့ အား ပူ ဇော် သော ကိုယ့် သား သ မီး တို့ အ သွေး၊ အ ပြစ် ကင်း သူ တို့ အ သွေး ကို သွန်း ကြ သ ဖြင့်၊ ပြည် တော် ညစ် ညူး လေ ၏။
  • 39 ကိုယ် တိုင် တို့ လည်း၊ ကိုယ့် အ ကျင့် များ ကြောင့် မ သန့် ရာ ရောက် ၍၊ ကိုယ့် အ မှု များ ဖြင့် မှား ယွင်း ကြ ၏။
  • 40 ထို့ ကြောင့် ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် ကို ဒေါ သ မီး လောင် ၍၊ ပိုင် တော် မူ ရာ ကို စက် ဆုပ် လျက်၊
  • 41 လူ မျိုး ခြား တို့ လက် သို့ အပ် တော် မူ သ ဖြင့် မုန်း ထား သူ တို့ အုပ် စိုး လျက်၊
  • 42 ရန် သူ တို့ ညှဉ်း ပန်း ကြ ရာ၊ ထို ရန် သူ တို့ လက် အောက် နှိမ့် ချ ခံ ရ ကြ ၏။
  • 43 အ ကြိမ် ကြိမ် ကယ် လွှတ် တော် မူ သော် လည်း၊ ပုန် ကန် သော အ ကြံ ကို သာ ကြံ၍၊ သူ တို့ ဒု စ ရိုက် ကြောင့် နှိမ့် ချ ခံ ရ ကြ ၏။
  • 44 သူ တို့ အော် ဟစ် သံ ကို ကြား သော်၊ ဆင်း ရဲ ဒု က္ခ ကို အ လေး ဂ ရု ပြု တော် မူ လျက်၊
  • 45 ပ ဋိ ညာဉ် ကို သ တိ ရ၍၊ က ရု ဏာ တော် များ ပြား သည့် အ လျောက် သ ဘော တော် ပြောင်း လဲ လျက်၊
  • 46 သိမ်း သွား သူ အ ပေါင်း တို့ ရှေ့၊ သ နား ခွင့် ရ ကြ စေ တော် မူ ၏။
  • 47 အ ကျွန်ပ် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ သန့် ရှင်း သော နာ မ တော် ၏ ကျေး ဇူး တော် ကို ချီး မွမ်း ၍၊ ထော မ နာ ပြု ခြင်း ၌ ဂုဏ် ရောက် ရ ကြ မည့် အ ကြောင်း၊ အ ကျွန်ုပ် တို့ ကို ကယ် မ လျက်၊ လူ မျိုး ခြား တို့ ဘောင် မှ စု သိမ်း တော် မူ ပါ။
  • 48 ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ရှေး ကာ လ က စ၍ အ စဉ် မ ပြတ်၊ မင်္ဂ လာ ရှိ တော် မူ ပါ စေ သော၊ လူ ခပ် သိမ်း တို့ က၊ အာ မင် ဟု ဝန် ခံ ကြ စေ။ ဟာ လေ လု ယ။
回到本卷目录 回到本版本目录 回到首页