1
ထို့ နောက် ယော ဘ သည်၊ နှုတ် မြွက်၍ ကိုယ် နေ့ ရက် ကို ကျိန် ဆို သည် ကား၊
2
3
ငါ ဖွား သော နေ့ နှင့်၊ သား ယောက်ျား သ န္ဓေ တည် ပြီ ဟု ကြား ပြော သော ညဉ့် သည်။ ပ ပျောက် ပါ စေ။
4
ထို နေ့ ကို ဘ ဝဂ် ပေါ် မှာ၊ ဘု ရား သ ခင် ထုတ် ခေါ် တော် မ မူ။ အ လင်း မ သက် မ ရောက်၊ မှောင် လည်း မှောင် မိုက် ပါ စေ။
5
မှောင် မိုက် နှင့် သေ မင်း ရိပ် ကား။ ထို နေ့၏ ဆွေ မျိုး သား ချင်း ဖြစ် ပါ စေ။ မိုး သား တိမ် တိုက် လွှမ်း အုပ်၍၊ နေ့ အ ချိန် ကျ သော မှောင် မိုက် အ တိ သည်၊ ထို နေ့ ကို ခြောက် လှန့် ပါ စေ။
6
ထို ညဉ့် လည်း။ တ ခဲ နက် မှောင် နှင့် မ လွတ်၊ နှစ် စဉ် နေ့ ရက် များ တွင် ရွှင် လန်း ခွင့် မ ပြု၊ လ အ ရေ အ တွက် တွင် လည်း မ ပါ မ ဝင် စေ နှင့်။
7
ထို ညဉ့် သည် မြုံ၍၊ ကြွေး ကြော် သံ မ ရှိ ပါ စေ နှင့်။
8
ရာ ဟု ကို နှိုး ဆော် တတ် သူ၊ နေ့ ရက် ကို ကျိန် ဆို တတ် သူ တို့ ပင်၊ ထို ညဉ့် ကို အ မင်္ဂ လာ ပေး ကြ ပါ စေ။
9
ဆည်း ဆာ အ ချိန် ကြယ် ရောင် မိုက် ပါ စေ။ ထို ညဉ့် သည် အ လင်း ကို စောင့် စား၍ မ ရ။ နေ အ ရုဏ် စ က္ခု ကို မျှ မ တွေ့ ပါ စေ နှင့်။
10
အ သို့ ဆို သော်၊ ငါ့ အ မိ၏ ဝမ်း ကို မ ပိတ် မ ပင်၊ ဒု က္ခ ဆင်း ရဲ ကို ငါ မျက် မှောက် မှ မ ဖုံး မ ကွယ်၍ တည်း။
11
ငါ သည် ဖွား စ က အ ဘယ့် ကြောင့် မ သေ၊ အ မိ ဝမ်း မှ အ ဘယ် ကြောင့် မ ကွယ် လွန် ရ သ နည်း။
12
ငါ့ ကို ဒူး ပေါ် မှာ မ သိပ်၊ ရင် ခွင်၌ နို့ မ တိုက် ဘဲ အ ဘယ့် ကြောင့် မ နေ ရ သ နည်း။
13
ထို သို့ ဖြစ် လျှင်၊ ငါ သည် အ ငြိမ်း အိပ်၍၊ ပျော် မွေ့ လျက် နေ ခဲ့ ရ လေ ပြီ။ မြို့ ပျက် များ ကို တည် ထောင် ပြန် သော မြေ ကြီး ဘု ရင်၊ မင်း တိုင် ပင် များ။ ရွှေ ပေါ များ၍။ ငွေ ကို ကိုယ့် အိမ် တွင် သို ထား သော မှူး မတ် များ နှင့် အ တူ ငြိမ်း အေး လျက် နေ ခဲ့ ရ လေ ပြီ။
14
15
16
သို့ တည်း မ ဟုတ်။ မြေ မြှုပ် ရ သော လျှော် မွေး ကဲ့ သို့လည်း ကောင်း၊ အ လင်း ကို မ မြင် ရ သော သူ ငယ် ကဲ့ သို့လည်း ကောင်း၊ ငါ မ ဖြစ် ခဲ့ ပါ လေ။
17
ထို နေ ရာ၌ မူ ကား။ လူ ဆိုး တို့ သည် ထ ကြွ ဟုန် ပြတ် စဲ လျက်၊ အား လျော့ သူ တို့ သည် ငြိမ်း အေး လျက်၊
18
ချုပ် နှောင် ခံ ရ သူ တို့ သည်၊ ကြပ် ဆော် သံ ကို မ ကြား ရ ဘဲ အ တူ တ ကွ ချမ်း သာ ရ လျက်။ လူ ကြီး လူ ငယ် တို့ ရှိ ကြ ရာ၊
19
ကျွန် သည် သ ခင် နှင့် ကင်း လွတ် လျက် နေ စွ တ ကား။
20
ဒု က္ခိ တ တို့ သည် အ လင်း ကိုလည်း ကောင်း၊ စိတ် နစ် နာ သူ တို့ သည် အ သက် ကိုလည်း ကောင်း၊ အ ဘယ့် ကြောင့် ရ ကြ သ နည်း။
21
ထို သူ တို့ သည်၊ သေ ခြင်း ကို မ ကြုံ ရ ဘဲ၊ စောင့် စား လျက်၊ သိုက် တူး သည် ထက်၊ သေ ခြင်း ကို ရှာ ဖွေ လျက်၊
22
သင်္ချိုင်း တွေ့ လျှင် အား ရ ရွှင် လန်း ဝမ်း မြောက် လျက် နေ ကြ၏။
23
ဘု ရား သ ခင် ဆီး ကာ ထား တော် မူ သည့် အ တိုင်း၊ မ ထင် ရှား ရာ လမ်း လျှောက် သူ လည်း၊ အ ဘယ့် ကြောင့် ရ သ နည်း။
24
ငါ့ အ စား အ သောက် ကား၊ ညဉ်း တွား ရ ခြင်း ဖြစ်၏။ ငါ၏ ဟစ် အော် သံ လည်း၊ စီး သော ရေ ကဲ့ သို့ တည်း။
25
ငါ ကြောက် မက် ဖွယ် ရာ ဘေး သင့် လျက်၊ ထိတ် လန့် ဖွယ် ရာ ဘေး ရောက် လေ ပြီ။
26
ငါ သည် ချမ်း သာ ခြင်း၊ ငြိမ် သက် ခြင်း၊ အေး မြ ခြင်း မ ရှိ။ အ နှောင့် အ ရှက် ကို သာ ခံ ရ သည် ဟု မြွက် ဆို လေ ၏။