1
အ ဘိ ယ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက်၊ ဒါ ဝိဒ် မြို့ တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် အာ သ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ၏။ ထို မင်း လက် ထက်၊ ဆယ် နှစ် တိုင် တိုင် ပြည် ထဲ ရေး သာ ယာ ၏။
2
အာ သ မင်း သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် သင့် လျော် စွာ ပြု ကျင့် လျက်၊
3
မျိုး ခြား ယဇ် ပ လ္လင် နှင့် မြင့် ရာ ဌာ န များ ကို ပယ် ရှား ၍၊ ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ချိုး ဖဲ့ ပြီး လျှင်၊
4
ယု ဒ အ မျိုး အား၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ လျက် ပ ညတ် တော် နှင့် တ ရား တော် အ တိုင်း ပြု ကျင့် စေ ရန်၊ ထုတ် ဆင့် လေ ၏။
5
ယု ဒ မြို့ ရွာ ရှိ မြင့် ရာ ဌာ န နှင့် နေ မင်း တိုင် များ ကို ပယ် ရှား၍၊ နိုင် ငံ တော် ရေး သာ ယာ ၏။
6
ထို ကာ လ ငြိမ်း ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည် နှင့်၊ ရန် ဆူး ရန် ငြောင့် မ ရှိ။ ပြည် ထဲ ရေး သာ ယာ သော ကြောင့်၊ အာ သ မင်း က၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ငါ တို့ ရှာ ဖွေ ကြ သည့် အ တွက်၊ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ငြိမ်း ချမ်း ခွင့် ပေး တော် မူ သ ဖြင့်၊ ပြည် တော် သည် ငါ တို့ ပိုင် ဖြစ် သေး၏။ မြို့ ရိုး၊ ရဲ တိုက်၊ တံ ခါး၊ မင်း ထုပ် များ နှင့် ပြည့် စုံ သော ထို ထို ဤ ဤ မြို့ များ ကို တည် ထောင် ကြ ကုန် အံ့ ဟု၊ ယု ဒ လူ မျိုး တို့ အား မိန့် ဆို သည့် အ တိုင်း၊ ခံ တပ် များ ကို တည် ဆောက် ထ မြောက် ကြ ကုန်၏။
7
8
အာ သ မင်း ၌၊ ဒိုင်း လွှား ရှည် နှင့် လှံ ကိုင် ယု ဒ သူ ရဲ ကောင်း သုံး သိန်း၊ ဒိုင်း လွှား ဝိုင်း နှင့် လေး ကိုင် ဗင်္ယာ မိန့် သူ ရဲ ကောင်း နှစ် သိန်း ရှစ် သောင်း ရှိ ၏။
9
ထို နောက်၊ စစ် ရ ထား သုံး ရာ ပါ သူ ရဲ တစ် သန်း နှင့် ကု ရှ ဘု ရင် ဇေ ရ မင်း ချီ လာ၍ မ ရေ ရှ မြို့ သို့ ရောက် သော်၊
10
အာ သ မင်း သည် ဆီး ဆို့ ရန် ထွက် ချီ လျှင်၊ မ ရေ ရှ မြို့ အ နီး ဇေ ဖ သ ချိုင့်၌ စစ် ခင်း ကြ ရာ၊
11
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် လျက်၊ အို ထာ ဝ ရ ဘု ရား၊ အ လုံး အ ရင်း ကြီး နှင့် အား နည်း သူ တို့ ကြား တွင်၊ ကိုယ် တော် မှ တစ် ပါး ထောက် မ သူ မ ရှိ ပါ။ အ ကျွန်ုပ် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို ကိုး စား လျက်၊ နာ မ တော် ဖြင့် ဤ အ လုံး အ ရင်း ကြီး အား၊ တိုက် ခိုက် ရန် ချီ လာ သော အ ကျွန်ုပ် တို့ ကို ထောက် မ တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အကျွန်ုပ် တို့ ဘု ရား သ ခင် ပေ တည်း။ လူ မျှ သာ ဖြစ် သော ရန် သူ တော် အား အောင် နိုင် ခွင့် ပြု တော် မ မူ ပါ လင့် ဟု တောင်း လျှောက် သည့် အ တိုင်း၊
12
အာ သ မင်း နှင့် ယု ဒ ရဲ မက် တို့ ရှေ့၊ ဘု ရား သ ခင် ဒဏ် စီ ရင် တော် မူ သ ဖြင့်၊ ဆုတ် ပြေး ရ သော ကု ရှ ရဲ မက် တို့ ကို၊
13
အာ သ မင်း နှင့် ဘက် ပါ ရဲ မက် တို့ သည် ဂေ ရာ မြို့ ရောက် လိုက် လံ ရာ၊ ထာ ဝ ရ ဘု ရား နှင့် ဗိုလ် ထု တော် ရှေ့၊ အ သက် ဘေး မ လွတ် ဘဲ၊ ပျက် စီး ကျ ဆုံး ကြ လေ ၏။ ယု ဒ ရဲ မက် တို့ လည်း လက် ရ ဥ စ္စာ အ များ သိမ်း ယူ ၍၊
14
ထာ ဝ ရ ဘု ရား ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သည် ဂေ ရာ မြို့ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ အ ပေါ် သို့ သက် ရောက် သ ဖြင့်၊ ဥ စ္စာ ဓ န များ သော ထို မြို့ ရွာ ရှိ သ မျှ ကို လုပ် ကြံ လု ယူ ပြီး လျှင်၊
15
တင်း ကုပ် များ ပါ ဖြို ဖျက် လျက်၊ သိုး၊ ဆိတ်၊ ကု လား အုပ် များ ကို ယူ၍၊ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ ကုန် ၏။