1
သို့ ဖြစ်၍ ဒါ ဝိဒ် မင်း ထံ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည့် အ တိုင်း ပ ရော ဖက် နာ သန် သည် တိုး ဝင် ပြီး လျှင် မြို့ တစ် မြို့ တွင် သူ ဌေး တစ် ဦး၊ ဆင်း ရဲ သား တစ် ဦး နေ ပါ၏။
2
သူ ဌေး မှာ အ လွန် များ ပြား သော သိုး၊ ဆိတ်၊ နွား များ ရှိ၏။
3
ဆင်း ရဲ သား မူ ကား၊ ကိုယ် တိုင် ဝယ်၍ မွေး မြူ သော သိုး မ ငယ် မှ တစ် ပါး၊ တစ် ကောင် မျှ မ ရှိ ပါ။ ထို သိုး မ ငယ် သည် သ ခင့် အ စာ ကို စား လျက် ရေ ခွက် မှ သောက် လျက် ရင် ခွင်၌ အိပ် လျက် သ မီး ရင်း သ ဖွယ် အိမ် တွင် သ ခင် သား သ မီး တို့ နှင့် အ တူ ကြီး ပွား ရ ပါ၏။
4
ဧည့် သည် တစ် ဦးရောက် ရာ သူ ဌေး သည် ဧည့် ဝတ် ပြု ရန် ကိုယ် သိုး၊ ဆိတ်၊ နွား များ ကို နှ မြော၍ ဆင်း ရဲ သား၏ သိုး မ ငယ် ကို ဆွဲ ယူ စီ ရင် ပါ သည် ဟု ပြော လေ သော်၊
5
ဒါ ဝိဒ် မင်း သည် ထို သူ ဌေး ကို ပြင်း စွာ အ မျက် ထွက်၍ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ထို သို့ ပြု သော သူ သည် သေ ဒဏ် ခံ ထိုက် ၏။
6
ထောက် ညှာ ခြင်း ကင်း လျက် ထို အ မှု ကို ပြု သော ကြောင့် သိုး မ ငယ် အ စား လေး ဆ လျော် ပေး ရ မည် ဟု မိန့် ဆို၏။
7
နာ သန် က လည်း၊ ထို သူ ကား ဘု ရင် မင်း ပင် တည်း။ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ ငါ သည် သင့် ကို ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် ဘိ သိက် သွန်း ၍
8
ရှော လု လက် မှ ကယ် လွှတ် သည့် ပြင် သင့် အ ရှင့် အိမ် ထောင် သား ချင်း မှ စ သော ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး ကို အပ် နှင်း လျက် သင့် အ ရှင့် ကြင် ဘက် တို့ ကို လည်း သိမ်း ပိုက် ခွင့် ပြု ခဲ့ ပြီ။ ထို အ ရာ များ နှင့် တင်း မ တိမ် လျှင် ငါ ထပ်၍ ပေး ဦး မည် ဖြစ် လျက်
9
ငါ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ကျင့်၍ ဗျာ ဒိတ် တော် ကို မ ထီ မဲ့ မြင် ပြု သည် မှာ အ ဘယ် ကြောင့် နည်း။ သင် သည် ဟိ တ္တိ လူ မျိုး ဥ ရိ ယ ကို ဓား ဖြင့် သေ ကြောင်း ကြံ လျက် အ မ္မုန် အ မျိုး သား တို့၏ ဓား ဘေး နှင့် ဆုံး စေ ပြီး လျှင် မ ယား ကို သိမ်း ယူ ပြီး တ ကား။
10
ငါ့ ကို မ ထီ မဲ့ မြင် ပြု လျက် ဟိ တ္တိ လူ မျိုး ဥရိ ယ၏ မ ယား ကို သိမ်း ယူ သော ကြောင့်၊ သင့် သား စဉ် မြေး ဆက် တို့ သည် ယ ခု က စ၍ ဓား ဘေး နှင့် ကင်း တော့ မည် မ ဟုတ် ဟု မိန့် တော် မူ၏။
11
ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား ငါ သည် သင့် နန်း တွင်း က ပင် သင့် အား ဘေး ပေါ် ထွက် စေ၍ သင့် မျက် မှောက် တွင် ကြင် ဖက် များ ကို သိမ်း ယူ လျက် အ ခြား သူ့ အား အပ် ပေး မည်။ ထို သူ သည် နေ အ လင်း တွင် ပင် ဆက် ဆံ လိမ့် မည်။
12
သင် သည် ဤ အ မှု ကို လျှို့ တ ဝှက် ပြု၏။ ငါ မူ ကား နေ အ လင်း တွင် ဣ သ ရေ လ လူ မျိုး မျက် မှောက် ထင် ထင် စီ ရင် မည် ဟူ သော ဗျာ ဒိတ် တော် ကို ဆင့် ဆို လေ၏။
13
ဒါ ဝိဒ် မင်း က၊ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ကို ပြစ် မှား မိ ပါ ပြီ ဟု ဝန် ချ လျှင် နာ သန် က၊ ဘု ရင် မင်း အ ပြစ် ကို ထာ ဝ ရ ဘု ရား လွှတ်၍ သေ ဒဏ် မှ ချမ်း သာ စေ တော် မူ ပြီ။
14
သို့ ရာ တွင် ဤ ပြစ် မှု အ တွက် ထာ ဝ ရ ဘု ရား၏ ရန် သူ တို့ ကဲ့ ရဲ့ ဖွယ် ရာ အ ကြောင်း ရှိ သော ကြောင့် ယ ခု ရ သော သား သည် မု ချ သေ ရ မည် ဟု ဆင့် ဆို ပြီး လျှင်
15
အိမ် သို့ ပြန် သွား လေ ၏။ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သ ဖြင့် ဥရိ ယ မ ယား တွင် ဒါ ဝိဒ် မင်း ရ သော သား ၌ ပြင်း ပြ သော ဝေ ဒ နာ ရောက် ရှိ ရာ
16
ဒါ ဝိဒ် မင်း သည် အ တွင်း ဆောင် သို့ ဝင် ပြီး လျှင်၊ သူ ငယ့် အ တွက် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ လျက် ပွဲ တော် မ သုံး ဘဲ နန်း ကြမ်း ပြင် တွင် တစ် ညဉ့် လုံး လျောင်း လဲ၍ နေ လေ၏။
17
ဘု ရင် မင်း ကို ထူ မ ရန် နန်း တော် သား အ ကြီး အ မှူး တို့ ချဉ်း လာ ကြ သော်၊
18
ဘု ရင် မင်း သည် မ ထ၊ ပွဲ တော် လည်း မ သုံး ချေ။ ခု နစ် ရက် စေ့၍ သူ ငယ် သေ ရာ ဒါ ဝိဒ် မင်း၏ ကျေး ကျွန် သင်း ပင်း တို့ က၊ သူ ငယ် အ သက် ရှင် သေး စဉ် ငါ တို့ တင် သော် လည်း နာ ယူ တော် မူ သည် မ ဟုတ်။ သူ ငယ် သေ ကြောင်း ကို တင် လျှောက် က ကိုယ် ကို အ န္တ ရာယ် ပြု မည် ဟု အောက် မေ့ လျက် မ တင် မ လျှောက် ဝံ့ ကြ။
19
သို့ ရာ တွင် ကျေး ကျွန် သင်း ပင်း တို့ အ ချင်း ချင်း တီး တိုး ပြော ကြ သည် ကို ဒါ ဝိဒ် မင်း သိ မြင် လျှင် သူ ငယ် သေ ကြောင်း ကို ရိပ် မိ လျက် သူ ငယ် သေ ပြီ လော ဟု မေး ရာ သေ ပါ ပြီ ဟု တင် လျှောက် ကြ သော အ ခါ
20
နန်း ကြိမ်း ပြင် မှ ထ၍ ရေ သုံး သပ် ခြင်း၊ ဆီ လိမ်း ခြင်း၊ ဝတ် လဲ တော် ဆင် ယင် ခြင်း များ ကို ပြု ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ဗိ မာန် တော် သို့ သွား၍ ရှိ ခိုး ပြီး နောက် နန်း တော် သို့ ပြန် ဝင် လျက် တောင်း ဆို ဆက် သ သော ပွဲ တော် စာ ကို သုံး ဆောင် လေ၏။
21
ကျေး ကျွန် သင်း ပင်း တို့ က လည်း၊ ဘု ရင် မင်း သည် မည် သို့ ပြု တော် မူ ပါ သ နည်း။ သူ ငယ် အ သက် ရှင် သေး စဉ် သူ ငယ့် အ တွက် ပွဲ တော် မ သုံး ဘဲ ငို ကြွေး ပါ၏။ သေ မှ ထ၍ သုံး ဆောင် တော် မူ ပါ သည် တ ကား ဟု တင် လျှောက် ကြ ရာ
22
သူ ငယ် အ သက် ရှင် စဉ် အ ခါ ဘု ရား သ ခင် သည် ငါ့ ကို သ နား၍ သူ ငယ် အ သက် ရှင် စေ တော် မူ မည် မ မူ မည် ကို မည် သူ သိ နိုင် သ နည်း ဟု အောက် မေ့ လျက် ပွဲ တော် မ သုံး ဘဲ ငါ ငို ကြွေး၏။
23
ယ ခု သူ ငယ် သေ ပြီ ဖြစ်၍ ပွဲ တော် မ သုံး ဘဲ နေ လျှင် အ ဘယ် အ ကျိုး နည်း။ ပြန်၍ ခေါ် ဆောင် နိုင် မည် လော။ ငါ သည် သူ ရှိ ရာ သို့ သွား ရ မည်။ သူ မူ ကား ငါ ရှိ ရာ သို့ မ လာ လေ စွ ဟု မိန့် ဆို၏။
24
တစ် ဖန် ဒါ ဝိဒ် မင်း သည် ကြင် ဘက် ဗာ သ ရှေ ဘ ကို နှစ် သိမ့် စေ ရန် သူ့ ထံ သို့ ဝင်၍ ဆက် ဆံ ရာ သား ယောက်ျား ကို မီး ရှူး မြင် သော်၊ ရှော လ မုန် အ မည် ဖြင့် မှည့် လေ၏။
25
ထာ ဝ ရ ဘု ရား သည် ထို သူ ငယ် ကို မြတ် နိုး တော် မူ သ ဖြင့် ပ ရော ဖက် နာ သန် ကို လွှတ်၍ မြတ် နိုး တော် မူ ကြောင်း အ စွဲ ပြု လျက် ယေ ဒိ ဒိ အ မည် ဖြင့် မှည့် စေ တော် မူ၏။
26
ယွာ ဘ လည်း အ မ္မုန် ပြည်၊ ရ ဗ္ဗာ မြို့ ကို တိုက် ခိုက်၍ မြို့ တော် ကို ရ ပြီး မှ
27
ဒါ ဝိဒ် မင်း ထံ ခြေ လျင် တို့ ကို စေ လွှတ် လျက် ကျွန် တော် မျိုး သည် ရ ဗ္ဗာ မြို့ ကို တိုက် ခိုက် ရာ ရေ ကာ မြို့ ကို ရ ပါ ပြီ။
28
ယ ခု မှာ ကျွန် တော် မျိုး သည် ခံ မြို့ ကို သိမ်း ယူ က ကျွန် တော့် အ မည် ဖြင့် သ မုတ် မည် စိုး၍ ကျန် ဗိုလ် ထု တို့ ကို စု ရုံး ပြီး လျှင် မြို့ အ နီး တပ် စွဲ လျက် သိမ်း ယူ တော် မူ ပါ ဟု တင် လျှောက် သည့် အ တိုင်း
29
ဒါ ဝိဒ် မင်း သည် ဗိုလ် ထု အ လုံး အ ရင်း ကို စု ရုံး လျက် ရ ဗ္ဗာ မြို့ ရောက် ချီ သွား၍ တိုက် ခိုက် သိမ်း ယူ ပြီး နောက် ရွှေ ချိန် ခွက် သုံး ဆယ် စီး မ ကိုဋ် ကို
30
မိ လ ကုံ ဘု ရား ရုပ် ဦး ခေါင်း မှ ချွတ် ယူ၍ ချယ် လယ် သော ကျောက် မျက် ကို ကိုယ့် ဦး ခေါင်း တော် မှာ ဆင် ယင် လျက် အ လွန် များ ပြား သော ဥစ္စာ ပ စ္စည်း ကို လည်း လု ယူ လေ၏။
31
မြို့ သား တို့ ကို ကား ခေါ် ထုတ်၍ လွှ၊ သံ ထွန်၊ သံ ပု ဆိန် များ နှင့် အ လုပ် ဝန် တာ ချ လျက် အုတ် ကျင်း များ၌ လည်း လုပ် ကိုင် စေ၏။ အ မ္မုန် အ မျိုး သား တို့ မြို့ ရွာ ရှိ သ မျှ၌ ထို သို့ စီ ရင် ပြီး မှ ဒါ ဝိဒ် မင်း သည် ဗိုလ် ထု အ လုံး အ ရင်း နှင့် တ ကွ ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ၏။