1
၎င်း နောက် အ မ္မုန် အ မျိုး သား တို့၏ ဘု ရင် ကွယ် လွန်၍၊ သား တော် ဟာ နုန် သည် အ ရိုက် အ ရာ ကို ဆက် ခံ စိုး စံ ရာ
2
ဒါ ဝိဒ် မင်း က ငါ့ အား ဟာ နုန့် ခ မည်း တော် နာ ဟတ် မင်း ကျေး ဇူး ပြု ဖူး သည့် နည်း တူ သား တော် ကို ကျေး ဇူး ပြု ထိုက် ပေ သည် ဟု အောက် မေ့ လျက် ခ မည်း တော့် အ တွက် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် လေ၏။ အ မ္မုန် ပြည် သို့ ရောက် ကြ သော အ ခါ
3
အ မ္မုန် မှူး မတ် တို့ က ဒါ ဝိဒ် မင်း သည် ခ မည်း တော် ကို ရို သေ သော စိတ် နှင့် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် သည် ဟု ထင် မှတ် ပါ သ လော။ မြို့ တော် ကို စူး စမ်း စစ် ဆေး၍ ဖြို လှဲ ရန် သာ စေ လွှတ် သည် မ ဟုတ် ပါ လော ဟု ကိုယ့် အ ရှင် ဟာ နုန် မင်း ထံ တင် လျှောက် သည် နှင့် အ ညီ
4
ဟာ နုန် မင်း သည် ဒါ ဝိဒ် မင်း ရာ ဇ သံ တို့ ကို ဖမ်း ပြီး လျှင် မုတ် ဆိတ် တစ် ခြမ်း ကို ရိတ် လျက် တင် ပါး ထိ အ ဝတ် တစ် ပိုင်း ကို ဖြတ် လျက် လွှတ် လိုက် ၏။
5
ဒါ ဝိဒ် မင်း ကြား သိ သော်၊ ထို သူ တို့ အ လွန် ရှက် မည် ကို ထောက် သ ဖြင့် ယေ ရိ ခေါ မြို့ တွင် ဆိုင်း လင့်၍ မုတ် ဆိတ် ရှည် မှ ပြန် လာ ကြ လော့ ဟု တင် ကြို မှာ ထား လိုက် လေ၏။
6
အ မ္မုန် အ မျိုး သား တို့ သည် ဒါ ဝိဒ် မင်း ရှေ့ ထို သို့ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် သည် ကို သိ မြင် လျှင် ဗက် ရ ဟော ဘ မြို့ နှင့် ဇောဘ မြို့ နေ ရှုရိ ခြေ သည် နှစ် သောင်း၊ မာ ခါ ဘု ရင် နှင့် သူ ရဲ တစ် ထောင်၊ တော ဘ သူ ရဲ တစ် သောင်း နှစ် ထောင် တို့ အား အ ငှါး ခေါ် ထား ကြောင်း ဒါ ဝိဒ် မင်း ကြား သော်
7
ယွာ ဘ နှင့် သူ ရဲ ကောင်း တပ် အ လုံး အ ရင်း တို့ ကို ချီ တက် စေ ရာ
8
အ မ္မုန် အ မျိုး သား တို့ သည် ချီ ထွက်၍ မြို့ တံ ခါး အ နီး တွင် စီ စဉ် ခင်း ကျင်း လျက် ဇော ဘ၊ ရ ဟော ဘ မြို့ နေ ရှု ရိ သူ ရဲ တို့ နှင့် တော ဘ သူ ရဲ၊ မာ ခါ သူ ရဲ တို့ ကား လွင် ပြင်၌ အ သီး အ ခြား နေ ကြ ၏။
9
ယွာ ဘ သည် ရှေ့ တပ်၊ နောက် တပ်၊ နှစ် ဘက် ညှပ် ကြောင်း မြင် လျှင် ဣ သ ရေ လ လက် ရွေး သူ ရဲ တို့ ကို ကောက် လျက် ရှု ရိ တပ် ကို ဆီး ဆို့ ရန် ခင်း ကျင်း ၍
10
ကျန် သူ ရဲ အ ပေါင်း တို့ မှာ ညီ အ ဘိ ရှဲ လက် အောက် အပ် နှင်း လျက် အ မ္မုန် တပ် ကို ဆီး ဆို့ ရန် ခင်း ကျင်း စေ ပြီး လျှင်
11
ရှု ရိ သူ ရဲ တို့ အ ရေး သာ က ငါ့ ကို ကူ ညီ လော့။ အ မ္မုန် သူ ရဲ တို့ သာ က သင့် အား ငါ အ ကူ ချီ လာ မည်။
12
အား ယူ လော့။ ငါ တို့ လူ မျိုး၊ ငါ တို့ ဘု ရား သ ခင် ပိုင် ဆိုင် ရာ မြို့ ရွာ များ အ ဖို့ လုံ့ လ ထုတ် ကြ ကုန် အံ့။ ထာ ဝ ရ ဘု ရား လည်း အ လို တော် ရှိ ရာ စီ ရင် တော် မူ ပါ စေ သော ဟု ဆို ပြီး မှ
13
အ ပေါင်း ပါ တို့ နှင့် တ ကွ ချဉ်း ကပ် တိုက် ခိုက် သော အ ခါ ရှု ရိ တပ် ဆုတ် ပြေး ရ ကြ၏။
14
အ မ္မုန် အ မျိုး သား တို့ လည်း ရှု ရိ တပ် ဆုတ် ပြေး ရ သည် ကို သိ မြင် လျှင် အ ဘိ ရှဲ ရှေ့ မှ မြို့ တွင်း သို့ ဆုတ် ပြေး ခို ဝင် ကြ သည် နှင့် ယွာ ဘ သည် အ မ္မုန် ပြည် က ထွက်၍ ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ၏။
15
ဣ သ ရေ လ တပ် ရှေ့ ရှုံး ကြောင်း ကို ထို ရှု ရိ လူ မျိုး တို့ သိ မြင် လျှင်
16
စု ရုံး စည်း ဝေး ပြန် သည့် ပြင် မြစ် ကြီး တစ် ဘက် ရှိ ရှု ရိပ် တပ် များ ကို လည်း ဟာ ဒ ဒေ ဇာ မင်း ခေါ် စေ ၍ ဟာ ဒ ဒေ ဇာ မင်း၏ ဗိုလ် ချုပ် ရှော ဗက် တပ် ဦး ချီ လျက် ဟေ လံ မြို့ သို့ ရောက် လာ ကြ၏။
17
ထို သ တင်း ကို ဒါ ဝိဒ် မင်း ကြား သော်၊ ဣ သ ရေ လ တပ် အ ပေါင်း ကို စု ရုံး ပြီး လျှင် ယော် ဒန် မြစ် ကို ကူး လျက် ဟေ လံ မြို့ အ ရောက် ချီ ရာ ရှု ရိ သူ ရဲ တို့ သည် ဒါ ဝိဒ် မင်း တပ် ကို ဆီး ဆို့ ခင်း ကျင်း တိုက် ခိုက် သော အ ခါ
18
ဣ သ ရေ လ တပ် ရှေ့ ဆုတ် ပြေး ရ၍ ဒါ ဝိဒ် မင်း သည် ရှု ရိ ရ ထား စီး သူ ရဲ ခု နစ် ရာ၊ မြင်း စီး သူ ရဲ လေး သောင်း တို့ ကို လုပ် ကြံ သည့် ပြင်၊ ဗိုလ် ချုပ် ရှော ဗက် ကို လည်း စစ် မြေ ပြင်၌ ပင် ကျ ဆုံး စေ ၏။
19
ဟာ ဒ ဒေ ဇာ မင်း၏ လက် အောက် ခံ မင်း ဟူ သ မျှ တို့ သည် ဣ သ ရေ လ လူ မျိုး ရှေ့ ရှုံး ကြောင်း သိ မြင် လျှင် ဣ သ ရေ လ လူ မျိုး ထံ တောင်း ပန် တိုး လျှိုး၍ လက် အောက် ခံ ဖြစ် ရ ကြ၏။ ရှု ရိ လူ မျိုး တို့ လည်း အ မ္မုန် အ မျိုး သား တို့ ကို နောက် တစ် ဖန် စစ် မ ကူ ဝံ့ ကြ။