ကမ္ဘာ​ဦး-47

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယော သပ် လည်း ဖာ ရော မင်း ထံ ဝင် ရောက်၍ ကျွန် တော် မျိုး၏ အ ဘ နှင့် ညီ အစ် ကို တို့ သည် သိုး၊ နွား၊ ဥ စ္စာ ရှိ သမျှ ပါ ခါ နာန် ပြည် မှ ထွက် လာ၍ ဂေါ ရှင် နယ် သို့ ဆိုက် ရောက် ကြ ပါ ပြီ ဟု တင် လျှောက် ပြီး လျှင်၊
  • 2 ညီ အစ် ကို တို့ အ နက် ငါး ယောက် ကို ရွေး ချယ်၍ ဖာ ရော မင်း ထံ သို့ သွင်း ရာ၊
  • 3 ဖာ ရော မင်း၊ မည် သို့ အ သက် မွေး ကြ သ နည်း ဟု မေး သော် ကျွန် တော် မျိုး တို့ သည် ဘိုး ဘေး တို့ ဘာ၀ အ လိုက် သိုး ထိန်း ဖြစ် ကြ ပါ သည် ဟူ၍ လည်း ကောင်း၊
  • 4 ခါ နာန် ပြည် တွင် အ စာ ခေါင်း ပါး ခြင်း ကပ် ကြီး သည် ဖြစ်၍ သိုး နွား ရေ စာ မ ရှိ သော ကြောင့် ပြည် တော် ၌ တည်း ခို ရန် ကျွန် တော် မျိုး တို့ ရောက် လာ ကြ သည် နှင့် ဂေါ ရှင် နယ် တွင် နေ ထိုင် ခွင့် ပြု တော် မူ ပါ ဟူ၍ လည်း ကောင်း၊ ဖာ ရော မင်း ထံ တင် လျှောက် ကြ သော အ ခါ၊
  • 5 ယော သပ် အား ဖာ ရော မင်း က၊ သင့် ထံ အ ဘ နှင့် ညီ အစ် ကို တို့ ရောက် လာ ကြ ပြီ ဖြစ်၍၊
  • 6 အိ ဂျစ် ပြည် သည် သင့် ရှေ့ မှာ ရှိ သည့် အ တိုင်း သင့် အ ဘ နှင့် ညီ အစ် ကို တို့ ကို အ ကောင်း ဆုံး သော နေ ရာ တွင် ချ ထား လော့။ ဂေါ ရှင် ပြည်၌ နေ စေ လျက် စွမ်း ရည် သ တ္တိ ရှိ သူ ပါ ကြောင်း သိ လျှင် သိုး တော်၊ နွား တော် အုပ် ရာ ထူး ကို ခန့် ထား လော့ ဟု မိန့် ဆို လေ ၏။
  • 7 အ ဘ ယာ ကုပ် ကို လည်း ဖာ ရော မင်း ထံ ယော သပ် သွင်း ပြ ရာ တွင် ဖာ ရော မင်း အား ယာ ကုပ် မင်္ဂ လာ ဆက် သ ပြီး နောက်၊
  • 8 အ သက် မည် မျှ ရှိ သ နည်း ဟု ဖာ ရော မင်း မေး လျှင်၊
  • 9 ယာ ကုပ် က၊ ဧည့် သည် အ ဖြစ် နေ ခဲ့ ရ သော အ သက် ကား အ နှစ် တစ် ရာ့ သုံး ဆယ် ရှိ ပါ ပြီ။ အ သက် နှစ် ပေါင်း နည်း ပါး ၍ ဆိုး သွမ်း ပါ ၏။ ဧည့် သည် အ ဖြစ် နေ ခဲ့ သော ဘိုး ဘေး တို့ အ သက် တန်း ကို မ မှီ ပါ ဟု လျှောက် ဆို ပြီး လျှင်၊
  • 10 ဖာ ရော မင်း အား မင်္ဂ လာ ဆက် သ၍ အ ထံ တော် မှ ထွက် ဆင်း လေ ၏။
  • 11 ဖာ ရော မင်း အ မိန့် တော် အ တိုင်း ယော သပ် သည် အ ဘ နှင့် ညီ အစ် ကို တို့ ကို နေ ရာ ချ ၍ အိ ဂျစ် ပြည် တွင် အကောင်း ဆုံး သော အ ရပ်၊ ရာ မ သက် နယ် တွင် အ ပိုင် ပေး သည့် ပြင်၊
  • 12 အ ဘ မှ စ၍ ညီ အစ် ကို တို့ နှင့် အိမ် ထောင် သား ချင်း အ ပေါင်း တို့ ကို သူ ငယ် များ ပါ ဦး ရေ အ လိုက် ကျွေး မွေး ၏။
  • 13 အ စာ ခေါင်း ပါး ခြင်း ကပ် အ လွန် ကြီး ၍ အ ပြည် ပြည် စား ရာ မဲ့ ဖြစ် သော ကြောင့် အိ ဂျစ် ပြည် နှင့် ခါ နာန် ပြည် ငတ် မွတ် အား လျော့ ကြ ၏။
  • 14 အိ ဂျစ် နှင့် ခါ နာန် ပြည် သူ ပြည် သား တို့ ၌ ရှိ သ မျှ သော ငွေ ကို စ ပါး ဖိုး ဖြင့် ယော သပ် စု သိမ်း ၍ ဖာ ရော မင်း တိုက် တော် သို့ သွင်း ထား လေ ၏။
  • 15 အိ ဂျစ် ပြည် ခါ နာန် ပြည်၌ ငွေ ကုန် သော အ ခါ အိ ဂျစ် လူ အ ပေါင်း တို့ သည် ယော သပ် ထံ လာ ၍၊ အ စာ ကို ပေး သ နား တော် မူ ပါ။ ကျွန် တော် မျိုး တို့ သည် ငွေ ကုန် သော် လည်း ရှေ့ တော် တွင် အ ဘယ် ကြောင့် သေ ရ ကြ အံ့ နည်း ဟု လျှောက် ကြ သော်၊
  • 16 ယော သပ် က၊ တိ ရ စ္ဆာန် များ ကို သွင်း ကြ။ ငွေ ကုန် လျှင် တိ ရ စ္ဆာန် အ စား ငါ ပေး မည် ဟု ဆို သည့် အ တိုင်း တိရ စ္ဆာန် များ ကို သွင်း ရာ
  • 17 ယော သပ် သည် မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်း များ အ စား စ ပါး ကို ပေး သ ဖြင့် ထို နှစ် တွင် တိ ရ စ္ဆာန် ရှိ သ မျှ တို့ နှင့် လဲ ၍ ပြည် သား များ ကို ကျွေး မွေး ၏။
  • 18 ထို နှစ် ကုန် ပြီး မှ ဒု တိ ယ နှစ် တွင် လာ ပြန် ကြ၍ ကျွန် တော် မျိုး တို့ ငွေ နှင့် တိ ရ စ္ဆာန် ရှိ သ မျှ အ ရှင့် လက် ဝယ် ရောက် ကြောင်း အ တည့် အ လင်း ဝန် ခံ ပါ ၏။ အ ရှင် သိ တော် မူ သည့် အ တိုင်း ကျွန် တော် မျိုး တို့ ကိုယ် နှင့် မြေ မှ တစ် ပါး အ ကြွင်း အ ကျန် မ ရှိ ပါ။
  • 19 ကျွန် တော် မျိုး တို့ နှင့် ကိုယ် ပိုင် မြေ သည် ရှေ့ တော် တွင် အ ဘယ် ကြောင့် ပျက် စီး ဆုံး ပါး ရ အံ့ နည်း။ ကျွန် တော် မျိုး တို့ နှင့် မြေ ကို အ စာ ဖြင့် ဝယ် တော် မူ ပါ။ မြေ နှင့် တ ကွ ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည်။ ကျွန် တော် မျိုး တို့ မ သေ၊ အ သက် ရှင် စေ ရန် လည်း ကောင်း၊ မြေ လည်း ဖုန်း ဆိုး မ ဖြစ် စေ ရန် လည်း ကောင်း မျိုး စေ့ ပေး တော် မူ ပါ ဟု လျှောက် ကြ ၏။
  • 20 အ စာ ခေါင်း ပါး ခြင်း ကပ် သည် အိ ဂျစ် လူ တို့ အ ပေါ် တွင် ဖိ စီး သော ကြောင့် အ သီး အ သီး ကိုယ် ပိုင် မြေ ကွက် များ ကို ရောင်း ချ ရ သ ဖြင့် အိ ဂျစ် ပြည် ရှိ လယ် မြေ ဟူ သ မျှ ကို ဖာ ရော မင်း အ ဖို့ ယော သပ် ဝယ်၍ တစ် ပြည် လုံး အ ရာ တော် ဖြစ် လေ ၏။
  • 21 အိ ဂျစ် ပြည် တစ် စွန်း မှ တစ် စွန်း တိုင် အောင် တစ် ဝှမ်း လုံး ရှိ လူ တို့ ကို မြို့ များ အ တွင်း သို့ ခို ဝင် စေ ၏။
  • 22 ပ ရော ဟိတ် တို့ မှာ မူ ဖာ ရော မင်း ထံ မှ ထုံး ဖွဲ့ ချက် ဆွမ်း အ လှူ ခံ ၍ စား ရ သော ကြောင့် ဝ တ္ထု ကံ မြေ ကို မ ရောင်း ရ ကြ။
  • 23 ပြည် သူ ပြည် သား တို့ အား ယော သပ် က၊ မြေ နှင့် တ ကွ သင် တို့ ကို ဖာ ရော မင်း အ ဖို့ ယ ခု ဝယ် ပြီ။ မျိုး စေ့ ကို ယူ၍ စိုက် ပျိုး ကြ လော့။
  • 24 ရိတ် သိမ်း ချိန် တွင် ငါး ဖို့ တစ် ဖို့ ကို ဖာ ရော မင်း အား ဆက် သွင်း၍ လေး ဖို့ မူ ကား မျိုး စိုက် ပျိုး စေ ရန် လည်း ကောင်း၊ သင် တို့ မှ စ၍ သူ ငယ် တို့ နှင့် အိမ် သူ အိမ် သား တို့ သုံး ဆောင် စေ ရန် လည်း ကောင်း၊ သင် တို့ အ ဖို့ ဖြစ် လိမ့် မည် ဟု ဆို လျှင်၊
  • 25 ထို သူ တို့ က၊ အ ရှင် သည် ကျွန် တော် မျိုး တို့ အ သက် ကို ဆယ် ခဲ့ ပါ ပြီ။ မျက် နှာ သာ ရ လျက် ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည် ဟု လျှောက် ကြ ၏။
  • 26 ထို သို့ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း အား ငါး ဖို့ တစ် ဖို့ ခွန် ဆက် သွင်း ရန် ယ ခု တိုင် အောင် တည် သော ရာ ဇ သတ် ကို ယော သပ် စီ ရင် ခဲ့ ၏။ ပ ရော ဟိတ် များ၏ ဝ တ္ထု ကံ မြေ ကို သာ ဖာ ရော မင်း မ သိမ်း မ ယူ ချေ။
  • 27 ဣ သ ရေ လ လူ တို့ မူ ကား အိ ဂျစ် ပြည် ဂေါ ရှင် နယ် တွင် နေ ထိုင် လျက် အ ပိုင် ရ ၍ များ ပြား စွာ တိုး ပွား ကြ ၏။
  • 28 ယာ ကုပ် သည် အိ ဂျစ် ပြည် တွင် ဆယ့် ခု နစ် နှစ် ကြာ နေ၍ အ သက် တစ် ရာ့ လေး ဆယ့် ခု နစ် နှစ် ရှိ သော်၊
  • 29 သေ ချိန် နီး သ ဖြင့် သား ယော သပ် ကို ခေါ်၍ သင့် စိတ် နှင့် တွေ့ လျှင် ငါ့ ပေါင် အောက် လက် ကို ထား ပါ လော့။ ငါ၌ သ စ္စာ နှင့် ကျေး ဇူး ပြု ရ မည် မှာ အိ ဂျစ် ပြည် တွင် ငါ့ ကို မ သင်္ဂြိုဟ် ဘဲ၊
  • 30 ဘိုး ဘ တို့ နှင့် အ တူ အိပ် ပျော် ရ သော အ ခါ အိ ဂျစ် ပြည် မှ ငါ့ အ လောင်း ကို ဆောင် သွား၍ သူ တို့ သင်္ချိုင်း တွင် သင်္ဂြိုဟ် လော့ ဟု ဣ သ ရေ လ မှာ ဆို လျှင် ယော သပ် က၊ အ ဘ မှာ ထား သည့် အ တိုင်း ကျွန် တော် ပြု ပါ မည် ဟု ဝန် ခံ လေ ၏။
  • 31 ငါ့ အား သ စ္စာ ဆို လော့ ဟု ပြော လျှင် သ စ္စာ ဆို လေ ၏။ ဣ သ ရေ လ လည်း ခု တင် ခေါင်း ရင်း ပေါ် တွင် ရှိ ခိုး လေ ၏။
回到本卷目录 回到本版本目录 回到首页